အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » နားလည်လာတဲ့နေ့

နားလည်လာတဲ့နေ့

Written By MyanmarChnnel@ on Tuesday, September 23, 2014 | 9:37 PM


ဖော်မပါ တစ်ယောက်ထဲ 
မင်းလျှောက်နိုင်ရဲ့လားတဲ့... 
မေးရက်လိုက်တာလို့ မပြောတော့ပါဘူး 
အဖော်ဆိုတာ လိုချင်ခဲ့တောင် 
ကိုယ့်အနားမှာ ကူညီပြီး နေပေမယ့်လူ
မရှိတာကို မင်းမှ မသိခဲ့ပဲ။

ဖော်မပါ တစ်ယောက်ထဲ 
ခရီးဆက်မှာ မကြောက်ဘူးလားတဲ့.. 
ပြောရက်လိုက်တာလို့ မပြောတော့ပါဘူး 
အဖော်ကောင်းရခဲ့ရင်တော့ကောင်းပါရဲ့ 
ကိုယ့်ကို သောကပေးမယ့်အဖော်ဆိုရင်
သွားရမယ့်ခရီး နှောင့်နှေးမယ်ဆိုတာ မင်းမှ နားမလည်ပဲ ။

ဖော်မပါ တစ်ယောက်ထဲ
အဝေးကို ခွဲသွားရက်လားတဲ့ .. 
ခံစားရလိုက်တာလို့ မပြောတော့ပါဘူး 
ကိုယ်ဆွဲခေါ်တောင် ကိုယ့်လက်ကို ဖြတ်ချခဲ့တဲ့အရာတွေကို 
မင်းမှ မသိသေးပဲ။

ဖော်မပါ တစ်ယောက်ထဲ 
ရှင်သန်နိုင်ရဲ့လားတဲ့ .. 
စာနာမှု ကင်းမဲ့လိုက်တာလို့ မပြောတော့ပါဘူး .. 
အဖော်မပါပဲ ရှင်သန်ဖို့ မဖြစ်နိုင်ပေမယ့် 
ကိုယ့်အပါးမှာ အတူရှိနေပေးဖို့ 
ဂုဏ်ပကာသန လိုအပ်တယ်ဆိုတာ မင်းမှ နားမလည်သေးပဲ။

ဖော်မပါတစ်ယောက်ထဲ 
အဝေးဆုံးကို ထွက်သွားနိုင်တာ 
သိပ်ရက်စက်တယ်လို့ မထင်မိဘူးလားတဲ့ ... 
ဘယ်လိုမေးလိုက်တာလဲလို့ မပြောတော့ပါဘူး 
ကိုယ့်ရဲ့ နားခိုရာကနေ ဘယ်သူမဆို ခွဲမသွားချင်ဘူးဆိုတာ 
မင်းမှ ကိုယ်ချင်းမစာတတ်သေးပဲ။

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်