.အကူအညီများလိုအပ်နေပါသည်.................
ထိုင်းနိုင်ငံ ကထွန်ဘန် ၀တ်အုန်းရိုင် ဆွယ်(၁၃)ဆွယ်လွန် တွင်နေထိုင်သော မြန်မာနိုင်ငံ မိတ္ထီလာ
၊ မလိုင်မြို့ ၊ မကျီးပင်ပုရွာ တွင်နေထိုင်သော မောင်ဝင်းနိုင် အသက်(၃၆)နှစ် ၊ မမြင့်မြင့်ဌေး
အသက်(၃၄)နှစ် နှင့် သား မောင်နိုင်နိုင်ဖြိုး အသက်(၁၁)နှစ် အရွယ် တို့ သည်
အခက်ခဲများစွာကြုံတွေ့ နေရပါသည်၊ မောင်ဝင်းနိုင် သည် အခုလက်ရှိ အိပ်ရာထဲတွင်
လဲနေသည်မှာ ယခုအချိန်ထိ (၉)လရှိပါသည်။အူ လဲဖြတ်ထားရပါသည်။ ဗိုက်မှာ
အပေါက်ဖေါက်ကာ အိပ်ဖြင့်အမြဲတွဲထားရပါသည်။ ရှမ်းစကားကလဲ မကျွမ်းကျင်
ပိုက်ဆံကလဲမရှိတော့ ဆရာဝန်တွေက သိပ်ပြီးဂရုမစိုက်ကြပါဘူးခင်ဗျာ။
အခုလက်ရှိ ကထွန်ဘန်ဆေးရုံ(၁)တွင် ဆေးကုသနေပါသည်။ဆရာဝန်တွေကလဲ
မြန်မာဆိုရင် သိပ်ပြီးအလေးထားပြီး မလုပ်ပေးကြပါဘူး၊အခက်အခဲတွေအရမ်း ကြုံနေရပါတယ်။
စာဖတ် သူများအနေဖြင့် အကြံကောင်း ညံကောင်းလေးတွေရှိရင် ပြောကြပါ၊ သားလေးကတော
့ အဖေ နားမှာနေပြီး ၀ိုင်းကူပါတယ်။ မောင်ဝင်းနိုင်ရဲ့ မိန်းမကတော
့စက်ချုပ်ပါတယ် အလုပ်မလုပ်ရင်ပိုက်ဆံ မရှိမှာ ဖြစ်သောကြောင့်
အလုပ်ကိုမနားဘဲ တစ်ယောက်ထဲရုန်းကန်နေရပါတယ်၊ ကျွန်တော်နဲ စကားတွေပြောတိုင်း
ငိုနေရတဲ သူတို့ မိသားစု (၃) ယောက် ဘ၀ကို ကျွန်တော် မြင်နေရတာ အရမ်းကိုစိတ်ထိခိုက်ရပါတယ် ။
ကျွန်တော်လဲ မတက်နိုင်ပါဘူး၊ တက်နိုင်တဲ သူရှိရင် ကူညီပေးကြပါ ဘယ်လိုလုပ်ရမလဲ
ဆိုဒါကို ၀ိုင်းပြီးစဉ်းစားပေးကြပါ ။
မြန်မာပြည်မှာ ပြန်ပြီးကုမယ်ဆို အမေက အလုပ်မလုပ်ရရင် ပိုက်ဆံ မရမှာဆိုသောကြောင့်
မပြန်ရဲဘဲ ကြိတ်ပြီး အလုပ်ကိုကြိုးစားပြီး ရသလောက်လေးနဲ့  မောင်ဝင်းနိုင်ရဲ့ ရောဂါကို ကုနေရပါတယ် ။
ဒီစာကိုဖတ်ရတဲ သူများလဲ တက်နိုင်တဲဘက်မှ မည်သို့ ပြုလုပ်သင်သည်ကို
အကြံပေးကြပါခင်ဗျာ။ ဆက်သွယ်ရန် ....၀၈၂၃၅၄၇၂၀၁ ။၀၈၀၄၃၇၈၉၃၇။ မေးမြန်းနိုင်ပါသည်၊
ကျွန်တော် ကိုဂျပန် ၀၈၉၄၁၁၉၀၄၄ သိုလည်းေ မးမြန်းနိုင်ပါသည်။ခင်ဗျာ။
0 comments:
Post a Comment