အခန်းထဲမှာ ဘယ်သူမှမရှိဘူး
မဲမှောင်နေတဲ့ လကွယ်ညလိုပေါ့
အလင်းရောင်မဲ့နေခဲ့တယ်
ဟိုး အဝေးဆီက ငိုရှိုက်သံသဲ့သဲ့
တစ်ချက် တစ်ချက် ကြားနေရတယ်
ဆိတ်ငြိမ်တဲ့ အခန်းငယ်ထဲမှာ
စကားသံတွေလဲ တိတ်နေလို့
ဘယ်သူမှ မပြုံးနိုင်ကြပါ
မျက်ဝန်းထက်ကလက်ခနဲကြွေကျခဲ့တာ
မျက်ရည်တစ်စက် ...
ကျရှုံးသူ ငိုရိုက်ဖို့
အသံတွေတောင် ပျောက်ရှနေခဲ့
မထင်ရက်တဲ့ မင်းရက်စက်မှုများ
မင်း အငြိုးများပြေစေဖို့
ငါ့ကိုယ်ငါ စတေး
ခံစားမှု အလောင်းတစ်ခု
အလွမ်းမီးများနဲ့ သဂြိုလ်လိုက်တဲ့
ဒီနေ့ဟာ ...
ငါ့ နှလုံးသားရဲ့ ဈာပန ပွဲ ။
မဲမှောင်နေတဲ့ လကွယ်ညလိုပေါ့
အလင်းရောင်မဲ့နေခဲ့တယ်
ဟိုး အဝေးဆီက ငိုရှိုက်သံသဲ့သဲ့
တစ်ချက် တစ်ချက် ကြားနေရတယ်
ဆိတ်ငြိမ်တဲ့ အခန်းငယ်ထဲမှာ
စကားသံတွေလဲ တိတ်နေလို့
ဘယ်သူမှ မပြုံးနိုင်ကြပါ
မျက်ဝန်းထက်ကလက်ခနဲကြွေကျခဲ့တာ
မျက်ရည်တစ်စက် ...
ကျရှုံးသူ ငိုရိုက်ဖို့
အသံတွေတောင် ပျောက်ရှနေခဲ့
မထင်ရက်တဲ့ မင်းရက်စက်မှုများ
မင်း အငြိုးများပြေစေဖို့
ငါ့ကိုယ်ငါ စတေး
ခံစားမှု အလောင်းတစ်ခု
အလွမ်းမီးများနဲ့ သဂြိုလ်လိုက်တဲ့
ဒီနေ့ဟာ ...
ငါ့ နှလုံးသားရဲ့ ဈာပန ပွဲ ။
0 comments:
Post a Comment