ငါ ရူးမိုက်စွာ မင်းပါးပြင်လေးကို
လက်ဝါးနုနုတွေနဲ့ ညင်သာစွာ
စမ်းသပ်မိတယ်။
အေးစက်မာကြောနေတဲ့
အထိတွေ့တစ်ခုက ငါ့ကို
တုံ့ပြန်နေလေရဲ့။
ငါ့စိတ်တွေက ကယောင်ခြောက်ခြား
အတွေးတွေက အထိတ်တလန့်နဲ့
ငါ သေချာကြည့်မိတယ်။
ငါရူးနေပြီထင်ပါရဲ့
ငါထိတွေ့လိုက်တာ မင်းကိုမှမဟုတ်ပဲ
မင်းပုံကို သိမ်းဆည်းထားတဲ့
ငါ့ရဲ့ ကွန်ပျူတာလေ။
မင်းနဲ့ ပတ်သက်လာရင်
ငါ အဲလိုပဲ ရူးသွပ်နေပြီ ထင်ပါရဲ့။
လွမ်းဆုလေး
လက်ဝါးနုနုတွေနဲ့ ညင်သာစွာ
စမ်းသပ်မိတယ်။
အေးစက်မာကြောနေတဲ့
အထိတွေ့တစ်ခုက ငါ့ကို
တုံ့ပြန်နေလေရဲ့။
ငါ့စိတ်တွေက ကယောင်ခြောက်ခြား
အတွေးတွေက အထိတ်တလန့်နဲ့
ငါ သေချာကြည့်မိတယ်။
ငါရူးနေပြီထင်ပါရဲ့
ငါထိတွေ့လိုက်တာ မင်းကိုမှမဟုတ်ပဲ
မင်းပုံကို သိမ်းဆည်းထားတဲ့
ငါ့ရဲ့ ကွန်ပျူတာလေ။
မင်းနဲ့ ပတ်သက်လာရင်
ငါ အဲလိုပဲ ရူးသွပ်နေပြီ ထင်ပါရဲ့။
လွမ်းဆုလေး
0 comments:
Post a Comment