အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ကိုယ္လုပ္တာ ကိုယ္အသိဆံုးပဲ

ကိုယ္လုပ္တာ ကိုယ္အသိဆံုးပဲ

Written By MyanmarChnnel@ on Tuesday, December 24, 2013 | 7:47 PM

လောကလူတွေက ကုသိုလ်လုပ်ဖို့ထက်  အကုသိုလ်လုပ်ဖို့က ပိုလွယ်တယ် လွယ်တဲ့အခါကျတော့ ဆိတ်ကွယ်ရာလို့ ထင်ပြီဆိုရင် အကုသိုလ်ဘက်ကို စဉ်စားတယ်။ အများစုက ဘယ်သူမှ မရှိဘူးဆိုလို့  ရှိရင်မကောင်းတဲ့ဘက်ကို စဉ်းစားတယ်။

 ''ဘယ်သူမှမရှိဘူး ငါတရားထိုင်မယ်'' ဆိုတာ အနည်းစု၊ အင်မတန်မှ နည်းတာ။ ဒီတော့ အများစုက မကောင်းတာလုပ်ဖို့ စဉ်းစားတယ်။ ဘာဖြစ်လို့မကောင်းတာလုပ်သလဲဆို သူ့စိတ်ထဲမှာ ဆိတ်ကွယ်ရာလို့ သတ်မှတ်လိုက်တာ။ ''ငါ လုပ်တာ ဘယ်သူမှ မသိဘူး၊ ငါလုပ်ချင်တာ လုပ်လို့ရပြီ'' လို့ထင်တာကိုး။ ထင်ပြီးတော့ အဲလို လုပ်လေ့ရှိတယ်တဲ့။

အဲဒီမှာ ကိုယ်စဉ်းစားရမှာက ''ဘယ်သူမှ မသိပေမယ့် ငါသိတယ်'' လောကမှာ မဟုတ်တာလုပ်ရင် ကျန်တဲ့သူ ဘယ်သူမှမသိဘူးဆိုပေမယ့် ငါ သိနေရင်ကို သိတဲ့သူ ရှိနေပြီ၊ ဒါကြောင့်မို့ ကိုယ်သိရင်ပဲ အကုသိုလ်ဟာ မလုပ်သင့်ဘူး။

ဒါကြောင့်မို့ ''နတ္ထိလောကေ ရဟော နာမ ပါပကမ္မံ ပကုဗ္ဗတော''  ''အကုသိုလ်အမှု ပြုလုပ်တဲ့ပုဂ္ဂိုလ်မှာ ဆိတ်ကွယ်ရာဆိုတာ မရှိပါဘူး'' တဲ့။ ဘာဖြစ်လို့ ဆိတ်ကွယ်ရာ မရှိတာတုန်းဆို ''အတ္တာ တေ ပုရိသ ဇာနာတိ ''တဲ့။ ကိုယ့်ကိုယ်ကိုပဲ သိနေတာပဲတဲ့။ ဘယ်လိုဆိတ်ကွယ်မှာလဲတဲ့။ ''သစ္စံ ၀ါ ယဒိ ၀ါ မုသာ''  ကိုယ်လုပ်တာ ဟုတ်တယ် မဟုတ်ဘူး ကိုယ်သိတယ်လေ။ ကိုယ်သိနေကတည်းက ကိုယ်ကိုယ်ကို ရှက်စရာကြီးဖြစ်နေပြီပေါ့။ ဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကို သိနေတဲ့ မကောင်းမှုကိုလည်း မလုပ်သင့်ဘူးတဲ့။

အကောင်းဆုံးသက်သေက ကိုယ့်ကိုယ်ကိုပဲ ကိုယ်အသိဆုံးပဲ။ ကိုယ်လုပ်တာ ကိုယ်အသိဆုံးပဲ။
                

      ( ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတအရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော အလေးထား၍ စဉ်းစားဆင်ခြင် ကောင်းအောင်ပြင် စာအုပ်မှကောက်နုတ်ထားခြင်းဖြစ်ပါသည်။)

(အားလုံးသော သူငယ်ချင်းများအားလုံး မကောင်းတာကို မလုပ်ကြဖို့ အသိတရာများနဲ့ မကောင်းတာကို မြင်နိုင်ကြပါစေ)
                  
                                                                                                လေးစားစွာဖြင့် 

                                                                                                          လွမ်းဆုလေး






Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်