အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » ဟော်မုန်း (Hormone)တို့၏ အခြေခံအချက် အလက်များ

ဟော်မုန်း (Hormone)တို့၏ အခြေခံအချက် အလက်များ

Written By MyanmarChnnel@ on Wednesday, October 9, 2013 | 7:59 AM


ငယ်ရွယ်နုပျိုနေစဉ်တော့ ဟော်မုန်း အကြောင်း စိတ်ဝင်စားလိမ့်မည်မဟုတ်ပါ။ အသက်အရွယ်ရလာသောအခါ
အချို့သော ဟော်မုန်းများ ခန္ဓာကိုယ်မှအထွက်နည်းသွား သဖြင့် သက်ဆိုင်ရာဝေဒနာလက္ခဏာအချို့ ခံစားကြရ
သည်။ ထိုအခါမှ ဟော်မုန်းအစားထိုးဖို့ သတိရလာကြသည်။ ဟော်မုန်းပါသောဆေးများ သောက်မည်၊ 



လိမ်းေ
ဆး၊ ခရင်များအသုံးပြုမည် သို့မဟုတ် ဟော်မုန်းပါဝင်သည့် ဆေးပလာစတာ ကို မိမိအရေပြားတွင်ကပ်မည်။
သဘာဝဟော်မုန်းများကို သုံးတော့မည်ဟု ဆုံးဖြတ်ခြင်းမှာ ကောင်းပါသည်။ သို့သော် ဘာ အတွက်ကြောင့် သုံး
ရသည်။ မိမိသုံးမည့် ဟော် မုန်းတို့၏ အကျိုးအပြစ်နှင့် အခြေခံအချက်တွေ ကိုတော့ သိထားဖို့လိုပါမည်။ မိမိခန္ဓာ
ကိုယ်ရှိ သက်ရှိယူနစ်ဆဲလ် (cell) တစ်ခုခြင်းစီသို့ ဟော် မုန်းတို့ ပျံ့နှံ့ရောက်ရှိနိုင်၍ဖြစ်သည်။ မိမိခန္ဓာ ကိုယ်၌
ဟော်မုန်းမညီမညာဖြစ်နေသော အနေ အထားကို ပြုပြင်ကောင်းပြုပြင်နိုင်မည် သို့မဟုတ် ပိုဆိုးသွားစေမည်ဆို
သည့်အချက်သည် မိမိကုသမှု ခံယူမည့် အစီအစဉ်ပေါ်တွင် မူတည်သည်။
အမျိုးသမီးအများစုအနေဖြင့် သွေးအတွင်း ဟော်မုန်းဓာတ်မျှခြေမညီခြင်းအတွက် ရိုးရှင်း လွယ်ကူသော ပရိုဂျက်
စတီရုန်း (progesterone) ခရင်လိမ်းလိုက် ရုံဖြင့် ပြုပြင်လို့ရတာရှိသလို အချို့သောအမျိုးသမီးများတွင်တော
ထိုလောက် လွယ်ကူလေ့မရှိပါ။ သားအိမ်ထုတ်ပယ်ထားခြင်း (hysterectomy) ၊ သွေးဆုံးလက္ခဏာစု (PMS)
(endometriosis) အစရှိသည့် အခြေခံအကြောင်း ပေါ်မူတည်၍ ဟော်မုန်းအစားထိုးမှုကို ဂရုတစိုက် ပြုလုပ်ဖို့
လိုအပ်လာသည်။
ဤအတွက် ဟော်မုန်းအစားထိုးကုသမှု ခံယူခြင်းမပြုမီ အောက်ပါမေးခွန်းတို့ကို မိမိကိုယ် မိမိ ဦးစွာမေးကြည့်သ
င့်သည်။
(က) မိမိလက်ရှိခံစားနေရသော ဝေဒနာလက္ခဏာ(symptoms) တို့သည် ဟော်မုန်းမညီမျှခြင်း ကြောင့် ဟုတ်ပါ
ရဲ့လား။
(ခ) ဟော်မုန်းမညီမျှခြင်းကြောင့်ဆိုလျှင် မည် သည့်ဟော်မုန်းအစားထိုးရန် လိုအပ်နေပါ သလဲ။
(ဂ) ကျန်းမာရေးအတွက် အကောင်းဆုံးအနေ အထားနှင့် ဟော်မုန်းညီမျှမှုရှိနေစေရန် မည်ကဲ့ သို့ အစားထိုးသ
ည့် နည်းလမ်းကို အသုံးပြုရမည် လဲ။ အစရှိသည့် မေး ခွန်းများပင်ဖြစ်သည်။
မိမိခန္ဓာကိုယ်အတွင်း ဟောမုန်းညီညွတ် မျှတမှု(Hormon balance) ရှိမရှိ မသိခင် အရေးပါသည့် ဟော်မုန်းတို
့အကြောင်း၊ ထိုဟော် မုန်းတို့ မိမိခန္ဓာကိုယ်ပေါ် သက်ရောက်မှု အစရှိ သည်တို့ကို သိထားသင့်ပါသည်။ ဤနေရ
ာ၌ ဟော်မုန်းအစားထိုးကုသပေးခြင်း၊HRT စကား လုံး၏အရှည်မှာ(Hormon replacement therapy) ကို ဆို
လိုပါသည်။ လွန်ခဲ့သောနှစ်ပေါင်း (၃ဝ) ကျော်မှစတင်ကာ HRT ကို ဆရာဝန်များ အသုံးပြုခဲ့ကြပါသည်။
အမျိုးသမီးများ၌ အဓိကချို့ယွင်းသော မညီမျှလေ့ရှိသော ဟော်မုန်း (၃) မျိုးမှာ အီစထရိုဂျင် (Estrogen) ၊ ပရိုဂျက်
စတီရုန်း (progesterone) ၊ တက်စတိုစတီရုန်း (testosterone) တို့ပဲဖြစ်သည်။ ၄င်း (၃) မျိုး စလုံးကို အမျိုးသမီး
တို့၏ သားမျိုးဥအိမ် (ovary) က အဓိကထုတ်လုပ်ပေးပြီး ကျောက်ကပ်အထက် ကပ်လျက်ရှိသည့် အက်ဒရီနယ်
အကျိတ် (Adrenal gland)ကလည်း အနည်းငယ်ထုတ် ပေးသည်။ ထိုဟော်မုန်း (၃) မျိုးကို စတီးရွိုက် ဟော်မုန်း
(Steroid homone) သို့မဟုတ် လိင် ဟော်မုန်း (Sex hormone)များဟုလည်း ခေါ် ဆိုကြပါသည်။
Progesterone – လစဉ်ဓမ္မတာမှန်မှန်ပေါ်စေ ရန် ထိန်းကြောင်းပေးသော ဟော်မုန်းဖြစ်သည်။ ကိုယ်ဝန်ရရှိစေရ
န်နှင့် ရင်သွေးမြဲစေရန် အကူ အညီပေးသည်။ Estrogen ၏အစွမ်းကို တစ် ဖက်မှ ထိန်းညှိပေးလေ့ရှိသည်။ ခန္ဓာ
ကိုယ်ရှိ ဟော်မုန်းအတော်များများသည် ဤ (progesterone) မှ ထပ်ဆင့်ဖြစ်ပေါ်သည်။
Estrogen – အမျိုးသမီးဆန်စေသော ဟော်မုန်း ဟု ဆိုနိုင်သည်။ ယောက်ျားတို့နှင့်မတူသော အသံစူးစူးကို ဖြစ်
ပေါ်စေသည်။ ရင်သား၊ တင် သားတို့ကို ဖွံ့ဖြိုးစေသည်။ ဓမ္မတာသွေးဆင်းစေ သည်။ အရေပြားကို နူးညံ့စေသ
ည်။
Testosterone – ဖိုဟော်မုန်းဖြစ်သည်။ အမျိုး သမီးတို့၏ ခန္ဓာကိုယ်၌လည်း ပမာဏအနည်းငယ် ထွက်ရှိသည်။
အရိုးဖြစ်တည်မှုအတွက် အထောက်အကူပေးပြီး လိင် စိတ်ကိုဖြစ်ပေါ်စေ သည့် ဟော်မုန်းဖြစ်သည်။
DHEA (dehydroepiandrosterone) – Testosterone နှင့် Estrogen မဖြစ်ခင် ရှေ့ပြေး အဖြစ် (precursor)ေ
ဟ်ာမုန်းဟု ဆိုနိုင်သည်။ တစ်နည်းအားဖြင့် DHEA မှ ထိုဟော်မုန်း (၂) မျိုးဖြစ်လာသည်ဟုလည်း ဆိုနိုင်သည်။
Adrenal အကျိတ်မှ အဓိကထွက်ရှိသည်။ ခန္ဓာကိုယ်အသား ဓာတ် (protein) ဖွဲ့စည်းရန်နှင့် ပျက်စီးနေသော
အပိုင်းကို ပြန်လည်ပြုပြင်ရန်အတွက် မရှိမဖြစ် လိုအပ်သော ဟော်မုန်းတစ်မျိုးဖြစ်သည်။ အသက် အရွယ်ရလာသ
ည်နှင့်အမျှDHEA အထွက်နှုန်း လျော့ကျလာသည်။ တစ်နည်းအားဖြင့် အိုမင်းရင့် ရော်ခြင်း၊ (Aging)ကို တိုင်းတ
ာနိုင်သော ဇီဝ အမှတ်အသားတစ်ခု(biomarker) အဖြစ်လည်း အသုံးပြုနိုင်သည်။
Ardrogens – ဖိုဟော်မုန်းများဖြစ်သည်။(testosteron) နှင့် (androstenedione) တို့ ပါဝင်သည်။ DHEA ကိုလ
ည်း (Ardrogen) ဟု မကြာခဏ ယူဆလေ့ရှိ သည်။ သို့သော် အမျိုး သမီးများ၌ Estrogen အဖြစ် အလွယ်တကူ
ပြောင်းသွားလေ့ရှိသည်။သဘာဝ (natural) သို့မဟုတ် ဇီဝတစ်ထပ်တည်း ကျသော (bioidentical) ဟော်မုန်
းများခန္ဓာကိုယ်မှထွက်ရှိသော ဟော်မုန်းများနှင့် တစ်ထပ်တည်း တူညီအောင် ပွားထားသော ဟော်မုန်းများကို
(natural) သို့မဟုတ် (bioidentical) ဟော်မုန်းများဟု ခေါ်ပါသည်။ တစ်နည်းအားဖြင့် ခန္ဓာကိုယ်မှထုတ်လုပ်ေ
သာ ဟော်မုန်းများ၏ အခြေခံမော်လီကျူးအဆင့် ဖွဲ့စည်းပုံတူသော ဟော်မုန်း များကို အထက်ပါ အတိုင်း ခေါ်ဆြို
ခင်းဖြစ်သည်။ အချို့သော ဟော်မုန်းတို့ကို လူတို့ကသဘာဝမှ ရယူခြင်းမရှိဘဲ ဓာတ်ခွဲခန်းအတွင်း ပြုလုပ်ဖန်တီး
အသုံးပြုခြင်း ကြောင့် (bioidentical)ဆိုသည့် စကားလုံးက ဤနေရာ၌ အရေးပါလာသည်။
ဥပမာအားဖြင့် ဆရာဝန်တို့ အသုံးပြုသည့် premarin ဆိုသည့် ဆေးမျိုးဆိုလျှင် ကိုယ်ဝန်ရှိနေသော မြည်းမ
(mere) ၏ ကျင်ငယ်ရေမှ ထုတ်လုပ်ထားခြင်းမျိုး ဖြစ် သည်။ ခန္ဓာကိုယ်ရှိဟော်မုန်းတို့၏ အပြုအမူ သည် အင်မ
တန်မှရှုပ်ထွေးလှသည်။ ခန္ဓာကိုယ်ရှိ သက်ရှိယူနစ်ဆဲလ်တို့၌ ချိတ်ဆက်ရာ၌ ဥပမာ ပေးရလျှင် သော့နှင့်သော့ ခ
လောက်လို အံဝင်ခွင် ကျချိတ်ဆက်မှ လိုအပ်သော လုပ်ငန်းဆောင်တာ တို့ ပြီးမြောက်ကြလေ့ရှိသည်။ ထိုသက်ရှိ
ယူနစ် ဆဲလ်ရှိ ချိတ်ဆက်နိုင်သောအပိုင်းကို (receptors)လက်ခံရာနေရာလေးများဟု ခေါ်သည်။ ဟော် မုန်းတို့
(receptors) လေးများနှင့် ချိတ်ဆက်မိ သည်နှင့် ထို (cell) ကို ညွှန်ကြားချက်များ ဆက် ၍ေ ပးတော့သည်။ ဤ
နေရာ၌ ထိုဟော်မုန်း၏ မော်လီကျူးအဆင့် ဖွဲ့စည်းမှုမတူသော အခြေ အနေတွင် ထိုညွှန်ကြားချက်များလည်း
ကွဲလွဲသွား လေ့ရှိသည်။ ထိုအခါ နောက်ဆက်တွဲခန္ဓာကိုယ် အတွက် အန္တရာယ်ရှိသော ဆိုးကျိုးတို့ဖြစ်ပေါ် လာ
ရသည်။
လူတို့ဖန်တီးသော (synthetic) ဟော်မုန်းများ
Synthetic ဟော်မုန်းများသည် လူတို့၏ ခန္ဓာကိုယ်အပေါ် သဘာဝ (natural) ဟော်မုန်း များအတိုင်း မပြုမူကြပါ
။ ဆေးကုမ္ပဏီများသည် ၄င်းတို့တီထွင်ဖော်ထုတ် ထားသော ဟော်မုန်းတို့ ကို မူပိုင်ခွင့်မှတ်ပုံတင်ခြင်း (patent)
ပြုလုပ်နိုင် ရန် သဘာဝဟော်မုန်းနှင့် တစ်ထပ်တည်းမတူညီ အောင် ပြုလုပ်ကြသည်။ မူပိုင်ခွင့်ရမှ တစ်ဦး တည်း
ပိုင် မိမိကြိုက်သည့်ဈေးနှုန်းဖြင့် ဖြန့်ချိနိုင် မှာဖြစ်သည်။ ဥပဒေ၌ သဘာဝထုတ်ကုန်တို့ကို မိမိတစ်ဦးတည်းအပိုင်
အဖြစ် မှတ်ပုံတင်ခွင့် မပြု ထားပါ။
Progestins – လူတို့ဖန်တီးထုတ်လုပ်ထားသော (progestinerones) များဖြစ်သည်။ ထို(progestins) တို့ဖြင့်
ပဋိသန္ဓေတားဆေး ထုတ် လုပ်ခြင်းနှင့် သမရိုးကျ (HRT) ကုထုံးများတွင် အသုံးပြုလေ့ရှိပါသည်။ ဥပမာအားဖြင့်
ဈေးကွက် အတွင်းတွေ့ရသော provera (medroxyprogesterone acetate) ၊ Aygestin (norethindrone
acetate) နှင့် Megace (megestarol acetate) အစရှိသည့် ဟော်မုန်း ဆေးများဖြစ်ကြသည်။
Provera – ဟော်မုန်းအစားထိုးကုထုံး (HRT) ၌ progestin အဖြစ်အများဆုံး အသုံးပြုသော ဈေးကွက်အတွင်း
ရှိ ဆေးအမည်ဖြစ်သည်။
Premarin – အထက်တွင်ဆိုခဲ့သလို ကိုယ်ဝန်ရှိ နေသော မြည်းသို့မဟုတ် မြင်း၏ကျင်ငယ်ရည်မှ အီစထရိုဂျင
(Estrogen) ကို ထုတ်ယူခြင်းဖြစ် သည်။ ထို အီစထရိုဂျင် (estrogen) သည် သဘာဝအတိုင်း ထုတ်ယူထားသ
ည်ဟုဆိုသော် လည်း မြင်းသတ္တဝါတို့အတွက်သာ ထိရောက်စွာ အသုံးတည့်ပါမည်။ လူတို့အတွက် လိုအပ်သော
အကျိုးအာနိသင်ကိုမူ အပြည့်အဝရနိုင်မည် မဟုတ်ပါ။
Prempro – သမရိုးကျ (HRT) အသုံးများသော ဟော်မုန်းအတွဲအစပ်ဖြစ်သည်။ premarin နှင့် provera ကိုရေ
ာ၍ ထုတ်လုပ်ထားခြင်းဖြစ် သည်။
ဆက်လက်ဖော်ပြပါမည်။
ဒေါက်တာမြင့်ဦး
Credit : Yatimagazine

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်