အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ဆီးချိုရောဂါကာကွယ်နည်းများ

ဆီးချိုရောဂါကာကွယ်နည်းများ

Written By MyanmarChnnel@ on Sunday, November 3, 2013 | 7:35 PM

ဆီးချိုသွေးချိုရောဂါမှာ
(၁)ဆီးချိုသွေးချိုရောဂါအမျိုးအစား
(၂)ဆီးချိုသွေးချိုရောဂါ ဆိုပြီးရှိပါတယ်။
ဆီးချိုရောဂါသည် ၁၀၀မှာ ၉၉%က အမျိုးအစား(၂)ဆီးချိုရောဂါသည်တေ
ဖြစ်ကြပါတယ်။
အခုဖြေကြားမယ့်အကြောင်းတွေကအမျိုးအစား(၂)ဆီးချိုရောဂါအကြောင်း
ဖြစ်ပါတယ်။
ဆီးချိုရောဂါဟာကာကွယ်လို့ရပါတယ်။ဆီးချိုရောဂါဟာမျိုးရိုးဗီဇရယ်၊ပတ်ဝန်းကျင်ရယ်ပေါင်းပြီးမှဖြစ်လာတာပါ။မျိုးရိုးဗီဇမှာဆီးချိုရောဂါပါလာပေမယ့်ပတ်ဝန်းကျင်ကောင်းရင်မဖြစ်ပါဘူး။ပတ်ဝန်းကျင်ဆိုတာကတော့နေထိုင်မှုနဲ့စားသောက်မှုတွေပဲဖြစ်ပါတယ်။



မှန်ကန်တဲ့လူနေမှုစားသောက်ပုံတွေနဲ့ဆီးချိုရောဂါကိုကာကွယ်လို့ရပါတယ်။ချိုလွန်းတဲ့အဆီများလွန်းတဲ့၊ငန်လွန်းတဲ့အစားအသောက်တွေကိုမစားရပါဘူး။
နောက်တစ်ချက်ကဟင်းသီးဟင်းရွက်တွေကိုများများစားရပါမယ်။ရေများများသောက်ရပါမယ်။ကိုယ်အလေးချိန်တက်မလာအောင်
ထိန်းသိမ်းရပါမယ်။ဆေးလိပ်နဲ့အရက်သောက်တာကိုရှောင်ရပါမယ်။
စိတ်ဖိစီးမှု(Stress)တွေများရင်လည်းဆီးချိုရောဂါဖြစ်နိုင်ပါတယ်။ဒါ့ကြောင့်စိတ်ဖိစီးမှုကိုလျှော့ချရပါမယ်။
လေ့ကျင့်ခန်းအနေနဲ့တစ်နေ့ကိုနာရီဝက်လောက်လမ်းလျှောက်သင့်ပါတယ်။တစ်ပတ်မှာငါးရက်လောက်လမ်းလျှောက်ရပါမယ်။မောအောင်၊အသက်ရှူမြန်လာအောင်၊ချွေးထွက်အောင်လေ့ကျင့်ခန်းလုပ်ရပါမယ်။အဲဒီလိုလုပ်ခြင်းအားဖြင့်ဆီးချိုရောဂါကို ၅၈%
ကာကွယ်နိုင်ပါတယ်။မျိုးရိုးရှိတဲ့သူ၊အ၀လွန်တဲ့သူ၊သွေးတိုးရှိတဲ့သူနဲ့နှလုံးသွေးကြောကျဉ်းရှိတဲ့သူတွေမှာဆီးချိုရောဂါ
မဖြစ်အောင်ပိုပြီးကာကွယ်သင့်ပါတယ်။
အခုနောက်ပိုင်းဆရာဝန်တွေက၀တဲ့လူနာနဲ့ခါးတုတ်တဲ့လူနာဆိုရင်ခါးတုတ်တဲ့လူနာကိုပိုပြီးသတိထားရပါတယ်။အဆီမှာကိုယ်တွင်းအဆီများတာနဲ့ပြင်ပအဆီများတာဆိုပြီးရှိပါတယ်။
တစ်ခါတစ်လေမှာလူက၀တယ်။ဆီးချိုမဖြစ်အောင်အစားအသောက်ဂရုစိုက်ထားတယ်။
ဆေးစစ်ချက်ပုံမှန်လုပ်တယ်ဆိုရင်ဆီးချိုမရှိနိုင်ပါဘူး။လူကပိန်တယ်ဆိုပေမယ့်သွေးတွင်းအဆီများပြီးနေထိုင်မှုပုံမမှန်ရင်
ဆီးချိုရောဂါဖြစ်နိုင်ပါတယ်။
နောက်တစ်ခုကဆီးချိုရောဂါနဲ့မှားတတ်တဲ့ရောဂါလည်းရှိပါတယ်။ဆီးချိုရောဂါနဲ့မှားယွင်းတတ်တဲ့ရောဂါအနေနဲ့ကတော့ Stressဖြစ်တဲ့အခါအဲဒီစိတ်ဖိစီးမှုကိုပြန်တိုက်ခိုက်
ဖို့ Catechoamine ဆိုတဲ့ဓာတ်တွေထွက်လာတယ်။
အဲဒီ Catechoamine ဟာအင်ဆူလင်တားနိုင်တဲ့အစွမ်းရှိပါတယ်။
အဲဒီအခါဆီးချိုတက်လာပါတယ်။
လူတစ်ယောက်ကလေဖြတ်ပြီးဆေးရုံရောက်လာတယ်။ဆေးရုံရောက်မှသွေးစစ်လိုက်တဲ့အခါမှာဆီးချိုကအရမ်းများနေပါတယ်။
ဒါက Stress ကြောင့်ဖြစ်တာလား၊ဆီးချိုရောဂါ
ရှိနေတာကိုမသိပဲဖြစ်သွားတာလား ဆိုတာသိဖို့အင်မတန်ခက်ခဲပါတယ်။အကြမ်းအားဖြင့်ကုပေးလိုက်ပြီးရောဂါသက်သာလာတယ်။Stress မရှိတော့တာနဲ့သွေးတွင်းသကြားဓာတ
ကျသွားတယ်ဆိုရင်တော့အဲဒီ Stress ကြောင့်ဖြစ်တာလို့ယူဆလို့ရပါတယ်။ဆီးချိုကုသဆေးတွေလည်းပေးနေတယ်။ဒါပေမယ့်တော်တော်နဲ့ဆီးချိုမကျဘူးဆိုရင်တော့နဂိုကတည်း
ကဖြစ်နေတာကိုမသိတာလည်းဖြစ်နိုင်ပါတယ်။နောက်တစ်ခုကတော့စပ်ဆေးတွေစားတာ
ကြောင့်လည်းဖြစ်တတ်ပါတယ်။

တွဲဖက်ပါမောက္ခဒေါက်တာဦးကိုကို
ထွေထွေရောဂါအထူးကုဆရာဝန်ကြီး

(ကျန်းမာရေးစာတိုများ စုစည်းထားမှုမှ ပြန်လည်ကူးယူတင်ပြပါသည်။)


Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်