ငါ့နှလုံးသားကိုပြုစား
သူ့အပြုံးများနှင့်...
ငါ့ရင်မှာ နေရာယူ
သူ့အကြည့်များနှင့်။
ငါ့ အတွေးတွေစိုးမိုး
သူ့ အသံများနှင့်...
ငါ့အချစ်ကို လှမ်း
သူ့ အချစ်ဆန်းများနှင့်။
အရာရာပြုစား
သူ့ထံပါးမှ
ငါပြေးထွက်ရင်း
သူ့ရှေ့ထံပါး
ဒူးထောက် ခဲ့ရပြီ ။
ငိုဆိုငို ရယ် ဆိုရယ်
မဲ့ဆိုမဲ့ သူစေခိုင်းသမျှ
တစ်သွေမတိမ်း
လိုက်နာနေတာ
သူ့ရှေ့မှောက်ထံမှာ။
တစ်ချက် အပြစ်မမြင်
မညည်းညူ
သူကြိုးဆွဲရာက တဲ့
ကကြိုးငယ် ယမင်းရုပ်လေး
ဖြစ်မှန်းမသိဖြစ်ခဲ့လေပြီ။
သူစေခိုင်းသမျှ ကပြရတဲ့
အချစ်ကချေသည်မလေး
သူ ... ဆိုတဲ့ အချစ်ဘုရင်ထံပါး
အသုံးတော်ခံ ကပြလို့ နေပါပေါ့လား .....
ကဲ ...... အချစ်ဆိုတာ အဲလောက်တောင်ပဲ
စွမ်းအား ကြီးလား ကွယ်။
ကြိုးစားပါအုံးမည်။
ဆုလေးနွယ်
သူစေခိုင်းသမျှ ..
Written By Anonymous on Tuesday, July 9, 2013 | 12:36 AM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment