အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » နှုတ်ဆက်ချိန်လေး

နှုတ်ဆက်ချိန်လေး

Written By Anonymous on Thursday, July 4, 2013 | 6:20 AM

အပြုံးများနဲ့တွေ့ဆုံ
အပြုံးများနဲ့လမ်းခွဲ
အပြုံးများနဲ့ နှုတ်ဆက်ချင်တယ် ....

ခုတော့ ..................
အမုန်းများနဲ့ နှုတ်ဆက်
အရှုံးများနဲ့ ရှောင်ဖယ်ပေးရမယ်တဲ့လား
မတရားလိုက်တာ ။


လာခဲ့စဉ်က အဖြူရောင်နှလုံးသား
ပြန်မယ့်ချိန်မှာအနီရောင်ဖြစ်နေပြီတဲ့လား?
နာကျင်နေတဲ့ ငါ့နှလုံးသားလေး
သွေးကျနေတာ ဘယ်သူမှမမြင်ဘူး
ဘယ်သူမှမသိခဲ့ဘူး။

ငါဘယ်လိုနာကျင်နေလဲ ?
ဘယ်လိုခံစားနေရလဲ ?
ဒဏ်ရာများနဲ့ ငါ့ နှလုံးသား
ညနက်နက်အောက်မှာ
သွေးပျက်နေဆဲ။

မမုန်းနိုင်တဲ့  ဒီ နှလုံးသား
အရှင်လတ်လတ် ခွဲထုတ်ပစ်မယ်
အဝေးတစ်နေရာကို ...

အချစ်ဆိုတာလဲနားလည်ခဲ့ပြီ
အမုန်းဆိုတာကိုလဲ ခံစားတတ်ခဲ့ပြီ
နာကျင်မှုဆိုတာလဲ သိတတ်ခဲ့ပြီ
တမ်းတမှုကိုလဲ ကြေကွဲစွာ မက်မောတတ်ခဲ့ပြီ။

မသေချာတဲ့မနက်ဖြန်တိုင်းမှာ
မျှော်လင့်ခြင်းတွေနဲ့
အဝေးဆုံးရောက်နေလဲ
ရင်ထဲက အနက်ရှိုင်းဆုံးနေရာတစ်ခုကနေ
တမ်းတ သတိရနေအုံးမယ်။

လမ်းခွဲချင်လို့မဟုတ်ခဲ့ဘူး
မလွဲသာလို့ပါ
ရင်မှာကျသော သွေးစွန်းမျက်ရည်များနဲ့
အဝေးတစ်နေရာ ထွက်ခွာသွားမယ့်
ဒဏ်ရာများနဲ့ လူတစ်ယောက်ကို
နားလည်ပေးနိုင်ကြပါစေ။

အားလုံးသောကြိုးမှာ ဖြတ်ရခက်သော
သံယောဇဉ်နှောင်ကြိုးများနဲ့
တွယ်ရစ်မိလေသော
အနာတရ မိန်းကလေးတစ်ယောက်ရဲ့
နှုတ်ဆက်သံကို နှလုံးသားနဲ့
နားဆင်ပေးကြပါ ။

အားလုံးကို မိုးကောင်းကင်အောက်တစ်ခုမှာ
တမ်းတရင်း သတိရနေအုံးမယ့်  .................

                                                                  ဆုလေးနွယ် 
                                                              ကြိုးစားပါအုံးမည်။ 




123Friendster.Com

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်