အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ထာ၀ရ ..... လူ ..

ထာ၀ရ ..... လူ ..

Written By Anonymous on Saturday, July 6, 2013 | 9:33 PM


ခ်စ္သူ...
ဝေးရပ်မြေခြား တိုင်းတစ်ပါးမှာ
ငါရောက်နေပေမယ့်
ငါ့စိတ်အစဉ် ငါ့ဝိဥာဉ်တွေ
နင့်နားမှာပါ။

မျှော်လင့်ခြင်းတွေ နင်ပေးခဲ့ဖူးလို့
ငါတိတ်တခိုးမျှော်လင့် ပျော်နေချိန်
နင့်နှုတ်ခမ်းပါးက  ဓါးတစ်စင်းအလား
ငါ့အိပ်မက်တွေ ဖြတ်တောက်ပစ်ခဲ့တယ်နော် ။



နင် ရက်စက်သမျှ အပြစ်မယူတတ်တဲ့
ငါ့အချစ်တွေကို နင် အသိမှတ်ပြု
နားလည်နိုင်တဲ့နေ့ မှာ
နင့်နားကို ငါ နေခွင့်ရှိမှာပါနော်။

ငါ နင့်ကို အရမ်းချစ်တယ် လို့
အကြိမ်ကြိမ် အခါခါ ရေရွတ်နေမှ
အချစ်လို့ သတ်မှတ်တာလား ?
ငါ့ရင်ထဲမှာ သိမ်းထားတဲ့
အချစ်တွေကို နင် အပေါ်ယံ မျက်လုံးလေးနဲ့တော့
ရိုက်ချိုးမပစ်ပါနဲ့ကွာ။

ငါ နင့်နားကို ပြန်လာခဲ့မှာပါ
နင်ခွင့်ပြုသည် မပြုသည်ထက်
နင့်နားမှာနေခွင့်ရှိခဲ့ရင်ပဲ
ငါ ကျေနပ်ပျော်ရွှင်နေမှာပါ။

တစ်ခါတစ်ရံ အချစ်ဆိုတာ
ရယူပိုင်ဆိုင်လိုက်မှ မဟုတ်ပါဘူး
ကိုယ်ချစ်တဲ့သူ လိုအပ်တိုင်း
ဖြည့်ဆည်းပေးနိုင်တဲ့
ပေးဆပ်သူ ဖြစ်လဲ အချစ်တစ်ခုပါပဲဟာ။

နင့်နားရောက်ရင် ချစ်သူအဖြစ်
ခွင့်မပြုခဲ့တောင် သူငယ်ချင်းဖြစ်နဲ့
ငါ ချစ်ခွင့်လေးတော့ ရှိချင်ပါတယ်
မချစ်ရဘူးလို့တော့ မတားမြစ်လိုက်ပါနဲ့
ငါ့ရင်ထဲမှာ နင့်ကို တိတ်တိတ်လေးတော့
ချစ်ခွင့်ရှိနေချင်လို့ပါ။

ငါ နင့်နားမှာ ထာဝရ နေခွင့်ရှိချင်လို့ပါ
ငါ့ အတ္တလို့တော့ မပြောပါနဲ့
အဲဒါတွေ က နင့်ကို ချစ်လို့ ဖြစ်လာတဲ့
အရာတွေမို့ နင်နားလည်ပေးပါ ။

 နင့်နားမှာ ထာဝရ   လူ ဖြစ်ချင်တယ်
ခွင့်ပြုပါလားချစ်သူရယ်......................


         




အချစ်ငှက်ငယ် (ခ) ငှက်စုတ် တောင်း ဆိုလို့ ရေးပေးလိုက်ပါတယ်

                                                                          ဆုလေးနွယ်
                                                                     ကြိုးစားပါအုံးမည်။

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်