အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » နင့်အတွက်ပါပဲ ချစ်သူရယ်

နင့်အတွက်ပါပဲ ချစ်သူရယ်

Written By MyanmarChnnel@ on Friday, August 30, 2013 | 4:23 AM

အနေမနီးခဲ့တဲ့ ငါ့ ကံကြမ္မာ
ဝေးနေရတဲ့ အချိန်တွေ ကြောင့်
အပြစ်မဲ့နှလုံးသားကို ဒဏ်ခတ်ရမဲ့ အဖြစ်မျိုး
ငါ မဖြစ်စေချင်ခဲ့ဘူး။

ငါ့မာန ငါ့သိက္ခာ
ငါ့ ဘ၀ ငါ့ အချစ်တွေ အားလုံး
ပေးဆပ်ခဲ့တာ
အဲတာတွေနဲ့ ပြန်သတ်မလို့လား ဟာ။

ငါ မိန်းကလေးပါ
မိန်းကလေး ဆိုတာ ပန်းတစ်ပွင့်လိုပဲ
ထိရင်လဲ နွမ်းတယ် အပင်မှာနေရင်တောင်
အလိုလိုနွမ်းတတ်မှန်းသိရက်နဲ့
ခူးပြီးမှ နင်းခြေဖို့များ
အတွေးဝင်ခဲ့တာလား ။

ငါချစ်တဲ့ ငါ့အချစ်တွေ
ငါ ထားတဲ့ ငါ့ မေတ္တာတွေ
သူများ တံထွေးအောက် ပြန်ကောက်မရအောင်
မျှောစေချင်ခဲ့တာလား ချစ်သူရယ်။

ငါ အောင်မြင်ရင်လဲ
နင့်အတွက်ပါပဲ 
ငါပြုသမျှ အရာအားလုံးက 
နင့်အတွက်ပါချစ်သူ။

ငါ တောင်းပန်ပါတယ်
ငါ တားမြစ်ပါတယ်
ငါ့ ဘ၀ ငါ့ သိက္ခာတွေ ကို
အပြီးသတ်မပစ်ပါနဲ့
ဒါတွေက ငါ့ကို ပိုင်တဲ့
နင့် အတွက်ပါပဲ ချစ်သူရယ် .......

                                       ဆုလေးနွယ်



Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်