ချစ်သူ ......
လူတစ်ယောက်ကို
တကယ်ချစ်သွားတဲ့အခါ .....
အချိန်တွေ ဘယ်လောက်ကြာကြာ
မေ့ ပစ်ဖို့ ခက်သွားတယ်။
ရေမြေတွေ ဘယ်လိုခြားခြား
မုန်းဖို့မဖြစ်နိုင်ခဲ့တော့ဘူး။
ဘယ်သူတွေ ဘာပြောနေပါစေ
သူ့ဘက်က ရပ်တည်နေမိတယ်။
သူမရှိရင် မဖြစ်နိုင်ဘူးဆိုတာထက်
နှလုံးသားက အသက်မရှိတော့သလိုမျိုး
ဟာ နေတတ်တယ်။
ငါမေ့ပစ်ဖို့မဖြစ်နိုင်ပါဘူး
မုန်းဖို့အတွက်ဆို ပိုမဖြစ်နိုင်တာပါ
ငါ့နှလုံးသားက လူတစ်ယောက်ကို
တကယ်ချစ်မိခဲ့တဲ့အခါမှာ ...
တကယ်ချစ်သွားတဲ့ ခါ.......
ဆုလေးနွယ်
0 comments:
Post a Comment