အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » လွမ်းမျက်ရည်ကြွေမယ့်နေ့

လွမ်းမျက်ရည်ကြွေမယ့်နေ့

Written By MyanmarChnnel@ on Tuesday, August 13, 2013 | 9:20 PM

သူ့အချစ်တွေနဲ့ ရပ်တည်ခဲ့တယ်
သူ့အပြုံးတွေနဲ့ နွေးထွေးခဲ့တယ်
သူ့အကြည့်တွေနဲ့ ကြည်နူးခဲ့တယ်
သူ့ကြင်နာမှုနဲ့  ပျော်ရွှင်ခဲ့တယ် ။

သူပြောသမျှ နားထောင်ချင်ခဲ့တယ်
သူဆိုးသမျှ သည်းခံမိတယ်
သူယုယသမျှ ခံယူချင်ခဲ့တယ်
သူပြုသမျှ နာခံနေမိတယ်။
သူ့အချစ်တွေက ညခါသာတဲ့လမင်းဆိုရင် သူ့ပေါ်နားလည်တဲ့ မေ့အချစ်တွေက
လမင်းနားက ကြယ်လေးတွေပဲဖြစ်မှာပါ။


 အရမ်းချစ်တယ်လို့ တဖွဖွဆိုညည်းရင်း
သူ့အနားနေချင်တဲ့ မေ့စိတ်တွေ
သူသိအောင်ပြောမပြတော့ပါဘူး။

မေ မငိုပါဘူး သူအနားမှာရှိနေသရွေ့
သူ့အချစ်တွေရှိနေသမျှ ပြီးပြည့်စုံတဲ့
ပျော်ရွှင်မှုနဲ့ ပျော်နေမှာ။

သူအနားကခွဲသွားမယ့်နေ့မှာသာ ......

 လမင်းဘေးက ကြယ်လေးတွေ
ယူကြုံးမရ  အငိုမျက်ရည်များနဲ့ 

မြေမှာကြွေကျသလိုမျိုး
မေ့ပါးပြင်ထက် မျက်ဝန်းဆီက
မခွဲနိုင်တဲ့ အချစ်များနဲ့ လွမ်းမျက်ရည်
ကြွေမယ့်နေ့ ဖြစ်မှာပါ။


                          ဆုလေးနွယ်










Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်