အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » DIC သွေးခဲရောဂါ

DIC သွေးခဲရောဂါ

Written By MyanmarChnnel@ on Tuesday, November 5, 2013 | 9:50 PM


• Disseminated intravascular coagulation (DIC) ကို Disseminated intravascular coagulopathy နဲ့ Consumptive coagulopathy လို့လဲခေါ်တယ်။
• DIC ဆိုတာ ရောဂါတခုခုကနေဆက်ဖြစ်တဲ့ သွေးခဲစနစ်ရောဂါတခုဖြစ်တယ်။ တကိုယ်လုံက သွေးကြောလေးတွေထဲမှာ သွေးခဲတွေဖြစ်လာစေတယ်။ ခွဲစိတ်ရာကနေဆက်ဖြစ်ရင် ခွဲတဲ့နေရာ အရေပြား၊ အစာခြေလမ်းနဲ့ အသက်ရှူလမ်းတွေမှာ သွေးယိုတာဖြစ်နိုင်တယ်။ သွေးခဲကနေ ကျောက်ကပ်စတာတွေကို ဒုက္ခပေးနိုင်တယ်။ 



• အဆုပ်ကင်ဆာ၊ သရက်ရွက်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အစာအိမ်ကင်ဆာတွေကနေဆက်ဖြစ်နိုင်တယ။်
• ကိုယ်ဝန် အတွင်းထဲအချင်းကွာခြင်း၊ ကိုယ်ဝန်သွေးဆိပ်တက်ခြင်း၊ ရေမြွာရည်သွေးကြောပိတ်ခြင်းနဲ့ ကလေး အထဲမှာသေဆုံးခြင်းတွေကနေလဲ ဖြစ်နိုင်တယ်။
• ထိခိုက်ဒဏ်ရာကြီးကျယ်ခြင်း၊ အပူချိန်လွန်ကဲခြင်း၊ အကြီးစား ခွဲစိတ်မှုတွေကနေလဲဖြစ်နိုင်တယ်။
• ဗက်တီးရီးယား၊ ဗိုင်းရပ်စ်အပြင်တခြားပိုးတွေကနေလဲဖြစ်နိုင်တယ်။ ပိုးဝင်တာတွေရဲ့ ၃ဝ-၅ဝ%မှာဖြစ်တယ်။
• ဆေးရုံတက်လူနာ ၁% အထိဖြစ်နိုင်တယ်။
• ဆိုးတဲ့အသဲရောဂါတွေ၊ မြွေကိုက်တာ၊ ရှော့ခ်ရတာတွေကနေလဲဖြစ်နိုင်တယ်
• သွေးသွင်ရာကနေ အဆင်မပြေလို့လဲဖြစ်တယ်။
• လူနာဟာ အခြေအနေဆိုးတခုမှာရောက်နေပြီ။ ရှော့ခ်ရနေတာလဲဖြစ်မယ်။ သွေးယိုတာတွေရှိနေမယ်။
• သွေးစစ်ကြည့်ရင် သွေးမှုံနည်းနေမယ်။ (ပရိုသရွန်ဘင်) အချိန်ရှည်နေမယ်။ (ဖိုက်ဘရင်နိုဂျင်) နည်းနေမယ်။
• ဘာကြောင့်ဖြစ်သလဲသိရင် ပြင်ရမယ်။
• သွေးမခဲဆေးပေးရတာ နည်းပါတယ်။
• Platelets 5,000-10,000/mm3 ထက်နည်းရင် သွေးမှုံသွင်းပေးရတယ်။
• Antithrombin သွင်းတာလဲ တခါတလေလုပ်တယ်။
• ၁ဝ-၅ဝ% ဆုံးပါးနိုင်တယ်။
• ကိုယ်ဝန်ပျက်-ဖျက်ရာပိုးဝင်ရာကနေဖြစ်ရင် ၅ဝ% သေနိုင်တယ်။
 ဒေါက်တာတင့်ဆွေ
(ကျန်းမာရေးစာတိုများစုစည်းထားမှုမှ ပြန်လည်ကူးယူမျှဝေပါသည်။)

 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်