အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » သွေးတိုးမဖြစ်စေရန်ဆားလျှော့စားနည်းများ

သွေးတိုးမဖြစ်စေရန်ဆားလျှော့စားနည်းများ

Written By MyanmarChnnel@ on Tuesday, November 5, 2013 | 9:46 PM

သွေးတိုးမဖြစ်အောင်ကာကွယ်တဲ့အနေနဲ့အစားအသောက်ကိုမှန်ကန်
အောင်စားဖို့လိုအပ်ပါတယ်။ပြည့်ဝဆီ(Saturated Fat)ရှောင်ပါ။ကာဗိုဟိုက်
ဒရိတ်ကိုလျော့စားပါ။အသီးအနှံဟင်းသီးဟင်းရွက်ကိုများများစားပါ။သွေး
တိုးဖြစ်စေတဲ့အစားအသောက်ထဲမှာအဓိကပါနေတာကဆားပဲဖြစ်ပါတယ်။
ဆားများရင်ခန္တာကိုယ်ထဲမှာရေစုဆောင်းမှုများပြီးသွေးတိုးဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့်ဆားမှီဝဲမှုကိုလျော့စားဖို့နည်းလမ်းတွေကိုဖော်ပြလိုက်ရပါတယ်။


-အစားအသောက်ကိုပြင်ဆင်တဲ့အခါမှာဆားကိုလျှော့ထည့်သင့်ပါတယ်။အ
စားအသောက်ကိုပြင်ဆင်ချက်ပြုတ်တဲ့အခါဆား၊အချိုမှုန့်တွေများများ
ထည့်မယ့်အစားဟင်းခတ်ပစ္စည်းတွေဖြစ်တဲ့အမွှေးအကြိုင်(ကြက်သွန်ဖြူ၊
နံနံပင်၊ကြက်သွန်နီ၊ရှာလကာရည်၊သံပုရာရည်၊ဟင်းမွှေးမဆလာ၊ချင်း၊
ကြက်သွန်မိတ်)တွေထည့်လိုက်ရင်အရသာရှိသွားပါတယ်။

-ထမင်းစားပွဲပေါ်မှာဆားဗူးမတင်ထားပါနဲ့။ထမင်းစားတဲ့အခါဆားဖြူပြီ
စားတဲ့အကျင့်ကိုရှောင်ပါ။

-အစားအသောက်တွေမှာအငန်ဓာတ်ပါတဲ့အစားအသောက်(ငါးပိ၊ငါး
ခြောက်၊ငံပြာရည်၊လက်လုပ်ချဉ်၊ငန်တဲ့ဆော့စ်၊ခရုဆီ၊စည်သွပ်ဗူး၊အာလူး
ကြော်၊သရက်သီးသနပ်)စတာတွေကိုရှောင်ပါ။ဆိုဒီယမ်နဲ့အချိုမှုန့်(MSG)နည်းတဲ့အဆင်သင့်အစာကိုပဲစားပါ။

-ဆားကိုတစ်နေ့မှာလက်ဖက်စားဇွန်းသုံးပုံလေးပုံကနေတစ်ဇွန်းထိပဲစာ
သင့်ပါတယ်။
-အထူးပြောချင်တာကခန္တာကိုယ်မှာပိုတက်စီယမ်နည်းရင်လည်းသွေးတိုး
နိုင်ခြေများပါတယ်။ဒါ့ကြောင့်ပိုတက်စီယမ်ပိုများတဲ့သံပုရာသီး၊ရှောက်သီး၊
ကျွဲကောသီး၊လိမ္မော်သီးစတဲ့အသီးအနှံတွေကိုစားသင့်ပါတယ်။
-ကယ်လစီယမ်ဟာလည်းသွေးတိုးရောဂါမဖြစ်အောင်ထိန်းပေးနိုင်တာ
ကြောင့်ကယ်လစီယမ်ပါဝင်တဲ့အဆီထုတ်ထားတဲ့နို့၊ဒိန်ချဉ်၊ငါးသေးသေး
လေးတွေကိုစားသင့်ပါတယ်။ကယ်လ်စီယမ်များတဲ့အစားအသောက်တွေကို
မစားသောက်ဖြစ်ရင်ဖြည့်စွက်ဆေးကိုသောက်သင့်ပါတယ်။

-သတ္တုဓာတ်တွေဖြစ်တဲ့မဂ္ဂနီဆီယမ်၊ဇင့်၊ခရိုမီယမ် စတာတွေလည်းသွေးတိုးမဖြစ်အောင်ကာကွယ်နိုင်တာကြောင့်ဟင်းသီး
ဟင်းရွက်အစေ့အဆန်တွေကိုစားပေးသင့်ပါတယ်။

ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)
By-Good Health

(ကျန်းမာရေးဆေးမြီးတိုများ စုစည်းထားမှုမှ ပြန်လည်ကူးယူမျှဝေပါသည်။)

 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်