ကျရောက်လာမယ့် မင်းအမုန်းတွေကို
ခံနိုင်ရည်မရှိတာ မင်းအသိဆုံးပါ ...
မင်းမရှိတဲ့နေ့ရက်တွေ
ငါမနေတတ်တာလဲ မင်းအသိဆုံးပါ ....
အားလုံးနဲ့ယှဉ်ကြည့်ရင်
ငါအရမ်းချစ်တာ မသိလို့လား ....
ငါ့ဘ၀မှာ မင်းကို အလိုအပ်ဆုံးဆိုတာ
မင်းရော ငါ ပါ အသိဆုံးပါ ....
သိသိကြီးနဲ့ လုပ်ရက်တဲ့ မင်းနှလုံးသားကိုတော့
ငါ လေးစားပါတယ် ...
မင်းလက်တွဲဖော်ကို မင်းစိတ်ကြိုက်ရွေးချယ်ပါ
မင်းပေးတဲ့ သင်ခန်းစာတွေအတွက် ကျေးဇူးပါ ...
ခွင့်လွှတ်တယ်ဆိုတာ အတိုင်းတာနဲ့
နားလည်တယ်ဆိုတာလဲ အကန့်သတ်နဲ့ပါ .....
မင်းထွက်သွားပြီးမှာ ငါ့ရင်ခွင်ကိုတော့
ပြန်မလာနဲ့ ...
တံခါးပိတ်ထားတယ် ဆောရီးပါပဲ ။
ဆုလေးနွယ်
တံခါးပိတ်ထားတယ် ဆောရီးပါ
Written By MyanmarChnnel@ on Tuesday, September 17, 2013 | 8:54 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment