အတွေးအိပ်မက်မှာ ဘယ်သူကိုမှ သတိတရ မထားခဲ့ဖူးတဲ့ငါ့က
နင့်ကိုကျတော့ ပျောက်သွားမှာတောင် ကြောက်နေမိတယ်...
စိတ်ကူးထဲမှာ ဘယ်နာမည်မှ အတည်တကျ မမှတ်ဖူးတဲ့ငါက
နင့်နာမည်ကိုတော့ ထပ်မပြောပဲ တံဆိပ်နှိပ်ထားမိတယ်....
အချစ်ဆိုတဲ့ စကားလုံးကို ငါနဲ့ဘာဆိုင်လဲ လို့မေးခဲ့ဖူးတဲ့ငါက
နင့် အချစ်တွေကို လိုချင်နေမိတယ် ...
အသဲကွဲတာများ ဆန်းသလား သူချစ်မှကိုယ်ချစ်မယ်လို့ ကြေညာဖူးတဲ့ငါက
နင်နဲ့ဝေးမှာတော့ သေလောက်အောင်ကြောက်တယ်....
ယောက်ျားတစ်ယောက်အတွက် မျက်ရည်ကျတာ အထူးဆန်းပဲလို့ပြောခဲ့ဖူးတဲ့ငါက
နင့်အတွက် မျက်ရည်ကိုလဲ ဖြုန်းတတ်လာတယ်..
စောင့်မျှော်ရတဲ့အလုပ်ကို ငါ အမုန်းဆုံးလို့ ကြွေးကြော်ခဲ့တဲ့ငါက
နင်လာမယ့်အချိန်ကို စိတ်ရှည်စွာစောင့်တတ်လာတယ် ...
တစ်ခြားတစ်ယောက်ကို လွမ်းတယ်ဆိုတာ ဖြစ်နိုင်လို့လားလို့ မေးဖူးတဲ့ငါက
နင်နဲ့တွေ့မှ အလွမ်းကို ဖက်တွယ်တတ်လာတယ် .....
မွေးထဲက တစ်ယောက်ထဲပဲ ဘာလိုနေလို့လဲလို့ မေးခွန်းထုတ်ခဲ့တဲ့ငါက
ခု နင်မရှိရင် မနေတတ်ဘူးဆိုတဲ့ အထိ ရူးသွပ်ခဲ့တယ် ....
ငါ မာနကြီးတယ်လို့ အားလုံးသိသမျှ
နင်နဲ့တွေ့ရင် ခ၀ါချနေမိတဲ့ ငါ့စိတ်တွေကို ငါမေးမိတယ် ...
ဘာဖြစ်လို့လဲလို့ ?????
အဖြေကတော့ .....
ငါ လူတစ်ယောက်ကို ချစ်တတ်သွားလို့ပါ တဲ့ ။
ဆုလေးနွယ်
မှတ်ထားမယ်နော်...ချစ်သူခ်ခ်
ReplyDelete