အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » မြန်မာရွှေ့ပြောင်းလုပ်သားများရဲ့ကလေးများ ပညာရေးအတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့

မြန်မာရွှေ့ပြောင်းလုပ်သားများရဲ့ကလေးများ ပညာရေးအတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့

Written By MyanmarChnnel@ on Thursday, September 26, 2013 | 7:05 AM

မြန်မာရွှေ့ပြောင်းလုပ်သားများရဲ့ကလေးများ ပညာရေးအတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့

ကျောင်းတကျောင်းဖြစ်ပြီး ၀မ်ထစ်ဘုန်းတော်ကြီးကျောင်း၊ မဟာချိုင်ဒေသမှာဖွင့်လှစ်ထားပါတယ်။

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာကျောင်းသား၊ကျောင်းသူ ၄၁ ယောက်နှင့် စတင်ဖွင့်လှစ်ခဲ့ပြီး

ယခုအခါ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၁၃၅ ယောက်ထိရှိလာခဲ့ပြီဖြစ်ပါသည်။

သူငယ်တန်းမှစတုတ္ထတန်းအထိ တန်းခွဲများဖွင့်လှစ်သင်ကြားပေးပြီး၊ ရွှေ့ပြောင်းလုပ်သားများ

ထဲမှ မြန်မာနိုင်ငံအတွင်း ကျောင်းဆရာ၊ ဆရာမအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ၃ ဦးမှအချိန်ပြည့်ဆရာ

၊ဆရာမ များအဖြစ် သင်ကြားပေးလျှက်ရှိပါသည်။ ရွှေ့ပြောင်းအလုပ်သမားများ၏ မနက်အလုပ်

ဆင်းရချိန်အခက်အခဲကြောင့် ကလေးငယ်များကို MWRN မှကျောင်းကားဖြင့် ကြိုပို့ပေးခြင်း၊

နေ့လည်စာကျွေးမွေးခြင်းများကိုပါ ဆောင်ရွက်ပေးလျှက်ရှိပြီး၊ ကျောင်း ကြိုပို့ခြင်းအတွက်

ဝမ်ထစ်ဆရာတော်ကြီးမှ ကားအသုံးပြုခွင့်ပေးခဲ့ပြီး ကားဆီဖိုး နှင့် ယာဉ်မောင်းလစာကို

လည်းကောင်း၊ ကလေးများ၏နေ့လည်စာအတွက်ကုန်ကျစရိတ်ကိုလည်းကောင်း ကျောင်း

ဖြစ်မြောက်ရေးကော်မတီဝင်များမှသာ ရှာဖွေအလှူခံခြင်း နှင့် မဟာချိုင် အနီးတ၀ိုက်ရှိအလှူ

ရှင်များမှ ၀စ်ထစ်ဘုန်းတော်ကြီးကျောင်းအတွင်းပြုလုပ်သော မွေးနေ့၊ ဆွမ်းကျွေး စသောအလှူ

ရှင်များမှ ကျောင်းသား၊ကျောင်းသူများအားလှူဒါန်းကျွေးမွေးခြင်းဝမ်ထစ်ကျောင်းထိုင်ဆရာတော်ကြီး

၏ ထပ်ဆင့်လှူဒါန်းမှုများဖြင့် သာရပ်တည်နေခြင်းဖြစ်ပါသည်၊

ကျောင်းဝင်ကြေးအဖြစ် ဘတ် ၅၀၀ သာကောက်ခံပြီးထပ်မံကောက်ခံခြင်းမရှိပဲ အထက်

ပါ လှူဒါန်းမှုများမှလည်းကောင်း၊ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ဆန်၊ဆီ၊ဆားစသည့် တနိုင်တပိုင်

လှူဒါန်းမှုများ၊ အလုပ်အကိုင်မဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားများမှအလှည့်ကျလာရောက် ချက်ပျြုတ်

ကူညီမှုများဖြင့်သာရပ်တည်နေခြင်းဖြစ်ပါသည်။

ရွှေ့ပြောင်းမြန်မာ ကလေးငယ်များအတွက် အလှူငွေများ၊ ပညာရေးသင်ထောက်

ကူ ပစ္စည်းများ လှူဒါန်းလိုပါကကျောင်းဖြစ်မြောက်ရေး ကော်မတီ ဒုဥက္ကဌ ဦးတိုး၊ ဖုန်း (၆၆)၈၆

၈၉၁ ၅၈၀၃၊ (၆၆)၉ ၀၉ ၂၃၂၄ ၀၇ တို့ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
(လွမ်းဆောင်း)
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်