လေပြည်တွေ တဖြူးဖြူးနဲ့
အေးမြတဲ့စမ်းရေကြည်တွေ
ငှက်ကလေးတွေတေးသီဆိုလို့
ဟိုး .....အဝေးဆီက
စိမ်းညို့ညို့ တောတောင်တွေရယ် ..
သာယာတဲ့နေ့လေးပေမို့
ခလောက်သံ ဒိုးဒိုးဒေါင်နဲ့
နွားညီနောင် လှည်းယဉ်ငယ်က
လေးညှို့သဖွယ်...
လယ်ကွင်းတွေရယ်
စပါးပင်တွေ လေအနွဲ့မှာ
ဘယ်ညာယိမ်းလို့ကနေပုံက
စာဖွဲ့တောင်မမီနိုင်ဘူးထင်ရဲ့ ....
ဘကြီးတဲငယ်
ဓနိတွေမိုးလို့ အင်ဖက်နဲ့ကာထားပုံက
ကဗျာဆန်ဆန် တစ်ခါ လှနေပါပေါ့
ရေးဖွဲ့လို့မမှီ။
ပြာလဲ့လဲ့ကောင်းကင်အောက်မှာ
မှိုင်းညို့ညို့တောင်တန်းတွေနဲ့
စိမ်းဝါရောင် စပါးပင်လေးတွေ
လေပြည်အလာ ယိမ်းနွဲ့နေပုံများ
ဘယ်ပန်းချီဆရာ မှီအောင်ဆွဲနိုင်မလဲရယ်လို့
မေးလိုက်ချင်ရဲ့ ......
ဆုလေးနွယ်
အိမ်ကိုလွမ်းလို့ ရေးမိခြင်းပါ ... အိမ်ကိုလွမ်းတယ် သူငယ်ချင်းတို့ရယ် ...
သဘာဝတောအလှ
Written By MyanmarChnnel@ on Friday, September 27, 2013 | 10:35 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
ကဗျာ
0 comments:
Post a Comment