ချစ်သူ ....
ငါ့ဘ၀ ဘယ်လိုပြည့်စုံတယ်ပြောလဲ
နင်မရှိတော့ အထီးကျန်နေသလိုပဲ
နေ့ရက်တွေက လှပတယ်ပြောလဲ
ငါ့အတွက် ခြောက်သွေ့နေသလိုပဲ
ဂီတသံတွေ နားဝင်ချိုတယ်ပြောလဲ
သံစဉ်တွေ က မလှသလိုပဲ
ကျေးငှက်တေးဆိုသံတွေ သာယာတယ်ဆိုလဲ
ငိုညည်းသံတွေ ပါနေသလိုပဲ
ညအလယ်မှာ လမင်းသာနေပေမယ့်
ကြယ်ကလေးတွေ မျက်ရည်ဝိုင်းနေသလိုပဲဟာ...
နင်မရှိတဲ့ ငါ့ကမ္ဘာက
ကြိုးပြတ်နေတဲ့ တယောအိုလေးလို
သံစဉ်တေးသွား လှလှလေးတွေ
မစွမ်းဆောင်ပေးနိုင်တာ မဆန်းပါဘူးလေ .....
ဆုလေးနွယ်
သံစဉ်မဲ့သော ...
Written By MyanmarChnnel@ on Friday, September 27, 2013 | 10:36 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
ကဗျာ
0 comments:
Post a Comment