အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ငါ့ရဲ့နောက်ကွယ် .....

ငါ့ရဲ့နောက်ကွယ် .....

Written By MyanmarChnnel@ on Friday, September 27, 2013 | 10:36 PM

ငါ့ကိုချစ်တယ် ပြောပြီး
ငါ့နောက်ကွယ် တစ်ပါးသူရင်ခွင်မှာ
ငါ့ကို ဟားတိုက်ရယ်မောဖို့မကြိုးစားပါနဲ့

ငါ မရှိရင်မနေတတ်ဘူးလို့
ငါယုံအောင် ပြောပြီး တစ်ပါးသူရင်ခွင်မှာ
နင် လှောင်ရယ်ဖို့မကြိုးစားပါနဲ့


ငါ့အနားမှာ နေချင်တယ်
ငါ့ကို အချစ်ဆုံးပါလို့ ကြွေးကြော်ပြီး
ငါ့နောက်ကွယ် နင် အထင်သေး
ဟားပစ်ဖို့ မကြိုးစားနဲ့

ငါ့ရှေ့ရောက်ရင် မခုတ်တတ်တဲ့ကြောင်လေးလို
ငါယုံအောင် လျှာကိုလိပ်လိုပြော
ငါ မျက်စိကွယ်တာနဲ့ တန်ဖိုးမဲ့တာ
နင် ပြောဖို့ မကြိုးစားနဲ့

လောကမှာ ငါ့ကို အချစ်ဆုံးလို့
လေ မ၀ယ်ရတိုင်း အားမနာတမ်းပြော
ငါ မမြင်တာနဲ့ မထီမဲ့မြင် နင် မလှောင်မိပါစေနဲ့

ငါ ဆိုတဲ့ ငါက အားလုံးကို
မသိချင်ယောင်ဆောင်ထားပေးတာ
မသိလို့မဟုတ်ဘူး မပြောချင်လို့
မေ့ချင်ယောင်ဆောင်ထားပေးတာ

ငါ စာတတ်အောင်မသင်ပါနဲ့
ငါ နင့်ထက်ပိုရက်စက်တယ်
ငါ အရမ်းချစ်လို့ နားလည်ထားပေးတာကို
အခွင့်ရေးယူ ငါ့ နားလည်မှုနဲ့
ငါ့ကို မစော်ကားပါနဲ့

နင်နဲ့ငါ သုံးနဲ့လေး လို
ကျောမခိုင်းချင်လို့ ဆိုတာ
နင် နားလည်ပါ ....

ဆုလေးနွယ်

 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်