ဖြစ်မလာသေးတဲ့ အနာဂတ်အတွက်
အရောင်သွေးစုံ ငါ ရေးချယ်ရင်းနဲ့
မပီပြင်ဝိုးတစ်ဝါး အတွေးစတို့က
လမ်းတစ်ဝက်မှာ ရပ်တန့်လို့ ....
ဆွဲလက်စ စုတ်တံကောက်ကိုင်လို့
စိတ်ထင်ရာထွက်ပေါက်အဖြစ်
ငါဆွဲခဲ့မိတာ .....
သေချာကြည့်မှ ဒါ ...
နင့်ပုံတူတဲ့ နင့်ကိုယ်ပွားတဲ့လား ..
ရင်ထဲမှာ ပုံနှိပ်တင်
အတွေးကို သူအုပ်စိုး
စိတ်ကူးတွေကို သူလွှမ်းမိုးထားလို့
အချိန်တိုင်းမှာ တမ်းတ လွမ်းရင်း
လက်တွေ့တင်မဟုတ်ပဲ
စိတ်ကူးနဲ့ပါ ငါချစ်ခဲ့တာ
အတွေးရော လက်တွေ့ပါ
အားလုံးထပ်တူထပ်မျှ
ငါချစ်နေမိတာပါ ...
ဆုလေးနွယ်
နင်သိပါစေ
Written By MyanmarChnnel@ on Friday, September 27, 2013 | 10:40 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
ကဗျာ
0 comments:
Post a Comment