နာကျင်စရာမရှိပါဘူးလို့ လောကကြီးကို
လူတွေ ပြောနေကြပေမယ့်
ဖြစ်ချင်တိုင်း တားဆီးခံရတဲ့ ဒီလောကကြီးကို မုန်းတယ်။
တောင်းဆိုတိုင်း ပိတ်ပင်ခြင်းခံရလို့
အရွယ်မမျှ နာကျင်နေတဲ့ ဒီနှလုံးသား
အသက်မဲ့ ၀တ္ထုမဟုတ်ဘူး။
လိုချင်ရင်ချို မလိုချင်ရင်ခါး
ကြိုးဆွဲရာကနေရတဲ့ ငါ့ဘ၀ဇာတ်ခုံ
ငါကိုယ်တိုင် ဇာတ်အုပ်လုပ်ပြီး ဖျက်ပစ်ချင်တယ်။
ဘာတစ်ခုမှ ငါ့ကိုယ်ငါ ဆုံးဖြတ်ခွင့်မရတဲ့အဖြစ်ကို
ကဗျာတွေဖွဲ့ စာချဲ့ပြီး လွမ်းမပြချင်ဘူး
ကံတရားရယ် .......
ဖြစ်သမျှ အကောင်းလို့ ငါ ကိုယ့်ငါ
ရင်နဲ့မမျှ ခါးသီးစွာ ဖြေသိမ့်ခဲ့သမျှ
မခံနိုင်အဆုံး ငါ လဲပြိုကျမိတဲ့ထိ။
ချစ်သူရေ ............
လို့ တမ်းတအော်ခေါ်မိလဲ အနေဝေးတဲ့ အဖြစ်တွေကြောင့်
အနားမှာမရှိတဲ့ ချစ်သူရင်ခွင်ကို
စိတ်ကူးနဲ့မှန်း နားခိုမိရတဲ့ ဘ၀။
လှည့်စားလို့ဝရင်တော်ပါတော့
ငိုကြွေးရသမျှ ဒီမျှနဲ့ကျေပါတော့
ငါ့အတွက် နားခိုရာ ပေးပါတော့
မာန်တင်းပြီး ငါ အားမွေးဖို့အတွက်
ငါ့မှာ ခွန်အားမရှိတော့သလို
ငါ ....... နာတာရှည်လူနာလို
စိတ်ဆေးရုံတက်ရတော့မယ့် အဖြစ်ပါ။
လွတ်မြောက်ခွင့်ပေးပါတော့ ကံတရားရယ် ........
ဆုလေးနွယ်
လွတ်မြောက်ခွင့်
Written By MyanmarChnnel@ on Wednesday, September 11, 2013 | 9:46 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
ကဗျာ
0 comments:
Post a Comment