စောင့်စည်းခြင်း ... မျှော်လင့်ခြင်းက
အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ရှိနေတာလား ...
မတရားလိုက်တာ
စစ်မြေပြင်ကို ချီတက်နေရသလိုမျိုး
ထိတ်လန့်ကြောက်ရွံ့မှုနဲ့
အသဲ တထိတ်ထိတ် ရင်တဖိုဖို
မျှော်လင့်နေရတဲ့ အဖြစ်ကြီးကို
အချစ်လို့ အမည်တပ်လိုက်သတဲ့လား ....
အရာရာကို စောင့်ထိန်းခြင်း
ငဲ့ညှာခြင်း နားလည်ခြင်းကြောင့်
သူလာချိန်ကို စောင့်စား
အမည်မသိ အလွမ်းဒဏ်တို့ နှိပ်စက်နေတဲ့
ဒီ နေ့ရက်တွေကို ဖြတ်ရင်း
စောင့်စည်းနေရတဲ့ အဖြစ်ကိုပါ
အချစ်လို့ ခေါင်းစဉ်ပေးထားတာလား ......
ရက်စက်လိုက်တာလို့ မပြောချင်တော့ပါဘူး
ဖြစ်ချင်သမျှ ဖြစ်ခွင့်မရနိုင်တဲ့ ဒီအဖြစ်တွေ
မျှော်လင့်သမျှ မပြည့်တတ်သလို
စောင့်စည်းရင်းနဲ့ ကျွမ်းလုလုအသဲတွေက
ဒီခေါင်းစဉ်ကိုတော့ စူးရှရှ မုန်းနေခဲ့ပြီ...
ဘာပဲဖြစ်ဖြစ်ပါ နားလည်လိုက်ပါတယ်
စိတ်ကူးနဲ့လက်တွေ့ ထပ်တူမကျနိုင်သေးသမျှ
အိပ်မက်ထဲက အနမ်းတစ်ခုကိုတော့
ငါ ......
အဲခေါင်းစဉ်တွေနဲ့ ဆန့်ကျင်စွာ
ငါ့အတ္တနဲ့ ငါ့ ရှင်သန်မှုအတွက်
သော့ခတ်သိမ်းထားလိုက်တယ်။
ဆုလေးနွယ်
ငါ့ရှင်သန်မှုအတွက်
Written By MyanmarChnnel@ on Friday, September 27, 2013 | 10:43 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment