အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » မပြောလိုက်ပါနဲ့ ချစ်သူရယ်

မပြောလိုက်ပါနဲ့ ချစ်သူရယ်

Written By MyanmarChnnel@ on Friday, September 13, 2013 | 8:16 PM

online က အလွမ်းတွေမို့
ရသမမြောက်ပါဘူးလို့ မပြောပါနဲ့
အဲအလွမ်းကလဲ လွမ်းရတာပါပဲ ။

မမြင်ဖူးလို့ လိမ်ညာခဲ့တာပဲလို့
တစ်ဖက်သတ်တော့မပြောပါနဲ့
မမြင်ဖူးလဲ ခံစားရတာပါပဲ။


အသံလေးနဲ့ ပြောတာမို့
မဖြစ်နိုင်ပါဘူးလို့ မပြောပါနဲ့
တကယ်ရင်မှာ နာကျင်ရတာပါပဲ။

အပြင်ကချစ်သူက လက်တွေ့ပြုစုနိုင်တယ်
အွန်လိုင်းကချစ်သူက မလုပ်ပေးနိုင်ဘူးလို့
ထင်ရာတော့ မပြောပါနဲ့
စိတ်ကူးနဲ့လုပ်ပေးသမျှတွေ အပြင်မှာဆို
ဘယ်ထိကောင်းမလဲလို့ တွေးပြီး ကြေကွဲရတာပါပဲ။

သူမှမမြင်တာ ငါလုပ်ချင်တာ လုပ်နိုင်တယ်လို့
တစ်ယူသန်တော့ မပြောပါနဲ့
စိတ်ချင်းဆက်ထားလေတော့ အားလုံးခံစားသိနေလို့
သွေးအလိမ်းလိမ်းကျ နာကျင်ရတာပါပဲ။

ချစ်သူရယ် .....
အနေဝေးတဲ့ တို့အဖြစ်တွေကြောင့်
ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရခဲ့သေးပေမယ့်
အချိန်နာရီစက္ကန့်တိုင်း မင်းဆီရောက်နေတဲ့
ငါ့အချစ်တွေက ရေတွက်မရနိုင်အောင်ပါ။

ညမဟူရာချိန်လေးမှာ လတစ်စင်းထက်ထိုင်ပြီး
ကြယ်ကလေးတွေကို ကိုယ်စားပြု လို့
ချစ်သူဆီ အလွမ်းပန်းချီရေးနေမိတာကို သိရင်
တကယ်ချစ်တာ မဟုတ်ပါဘူးလို့
ကျေးဇူးပြုပြီး မပြောလိုက်ပါနဲ့ ချစ်သူရယ် ........

ဆုလေးနွယ်

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်