အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » လက်ချောင်းများဆုံးရှုံးခဲ့ရသည့်အလုပ်သမား နစ်နာကြေးဘတ်၎သိန်းရရှိ”

လက်ချောင်းများဆုံးရှုံးခဲ့ရသည့်အလုပ်သမား နစ်နာကြေးဘတ်၎သိန်းရရှိ”

Written By MyanmarChnnel@ on Saturday, October 12, 2013 | 7:16 AM

လက်ချောင်းများဆုံးရှုံးခဲ့ရသည့်အလုပ်သမား နစ်နာကြေးဘတ်၎သိန်းရရှိ”
=======================================
လက်ချောင်းများဆုံးရှုံးခဲ့ရသည့်အလုပ်သမား နစ်နာကြေးဘတ်၎သိန်းရရှိ”
=======================================
အောက်တိုဘာ ၁၁ ရက် မင်းဘခက်

ထိုင်းနိုင်ငံဘန်ကောက်မြို့ ဖက်ကဆင် ၆၃လမ်းတွင်ရှိသောစက္ကူသေတ္တာအလုပ်ရုံတွင် ထိခိုက်ဒဏ်ရာ ရရှိသွားသော မြန်မာအလုပ် သမား တစ်ဦး အလုပ်သမားအရေးကူညီသူများ၏ ကူညီ မှုကြောင့် နစ်နာ ကြေးဘတ် လေးသိန်းကျော် ယမန်နေ့ကရရှိသွားသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မကျည်း ကျွန်းကျေးရွာမှ ဦးအောင်တင်+ဒေါ်သန် တို့၏ သား အသက် ၂၇ နှစ်အရွယ် ကိုမင်းစိုးသည်၂၀၁၃ခု ဇန်န၀ါရီလ ၈ ရက်နေ့ည ၇နာရီခွဲအချိန် အလုပ် လုပ်နေ စဉ် မမျှော်လင့်ပဲ ဘယ်ဘက်လက်ဝါးပြင် အလယ်မှ ပြတ်ထွက်သွားခဲ့သည်။

ကိုမင်းစိုး က “ကျနော် ဆေးရုံက ဆင်လာပြီးတော့ ဘယ်မှာ အကူညီတောင်းလို့တောင်းရမှန်း မသိဖြစ် နေတာ။ ဖေဖေါ်ဝါရီလ မှာ ကူညီရေးဆရာတော် ဦးဇောတိက က MATအဖွဲ့ ဖုန်းနံပါတ်ကိုပေး တယ်။ စုစုပေါင်း ဘတ်ငွေ လေးသိန်းတိတိ တစ်ခါတည်းရရှိခဲ့ပါတယ်။

ကူညီပေးကြတဲ့သူတွေ အားလုံး ကိုကျေးဇူးတင်ပါတယ်” ဟုပြောသည်။
ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေး ဖွံ့ဖြိုးရေးဖေါင်ဒေးရှင်FED မှ ရှေ့နေအဖွဲ့နှင့် ဘန်ကောက်မြို့ အခြေစိုက်ထိုင်း နိုင်ငံရောက်မြန် မာနိုင်ငံ သားများအဖွဲ့MAT တို့ပူးပေါင်းဆောင် ရွက်ခဲ့ကြခြင်းဖြစ်သည်။

MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က “ ကျနော်တို့ ရှေ့နေရှေ့ရပ်တွေနဲ့ အလုပ်လုပ် လာနိုင်တာ အလုပ်သမားတွေအတွက် ကံကောင်ြး ခင်းပေါ့နှော။ ဒီကိစ္စက အလုပ်သမားရုံးမှာရှင်းတာ သူဌေးက တစ်ပြားမှ မပေးဘူး။ တရားရုံးကြီးအထိရောက်သွားတာ။ ဒါကြောင့်လည်း အချိန်တွေ အများကြီးကြာ သွားခဲ့တယ်။

ဒီအလုပ်သမားမှာ ပတ်စပို့နဲ့ ၀တ်ပါမစ်ရှိတယ်။ ပကာစာခွန်းလုပ်ထားတာမရှိသလို ဘဏ့် အကောင့်လုပ်ထားတာမရှိလို့ ဒီလောက်ပဲရတာပါ” ဟုပြောသည်။

တရားရုံးကို အောက်တိုဘလ ၁ ရက်နေ့က ၀မ်းလန်းဖုန်း လိုင်းငန်ကင်း တရားရုံးကြီးမှာ ဆုံးဖြတ်ချက် ချခဲ့ကြခြင်းဖြစ်သည်။

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်