အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » တရားရှာ နေရာမရွေး

တရားရှာ နေရာမရွေး

Written By MyanmarChnnel@ on Sunday, October 13, 2013 | 7:04 AM


`` ဥဂ္ဂါသေနဆိုတာ တိုင်ထိပ်မှာ ကျွမ်းဘားကစားနေတာ။ အဲဒါ ဥပမာပဲ။ ဘားတိုင်ထိပ်မှာ ကစားရင်းက တရားအားထုတ်ပြီး ရဟန္တာဖြစ်သွားတာ။
ဈေးရောင်းရင်းနှင့်လည်း တရားရနိုင်တယ်။ မလွှတ်ထားနှင့်နော်။ သတိလေးကပ်ထားလိုက်။ မီးဖိုချောင်ထဲမှာ အားထုတ်လည်း တရားရတယ်။



ဒကာမလေးတစ်ယောက် တစ်ဘက်က ကလေးလည်း ထိန်းရတယ်။ အလုပ်လည်းလုပ်ရသေးတယ်။ ရက်ကလေး နည်းနည်းကြလာတော့ ဒန်အိုးတိုက်ရင်း တရားက ပေါ်လာတယ်။ ကြက်သွန်နီလှီးရင်းနှင့် မျက်ရည်လေးစို့လာပြီး တရားသိလာတယ်။
ဒါကြောင့် ``သာသနာ့ဈေးရုံ ကုန်မျိုးစုံ လိုကုန်ရနိုင်သည်´´တဲ့။ အဖိုးမဆစ်နေနှင့်တော့နော်။ ရသမျှ အကုန်ယူ။
စားရင်းသောက်ရင်းနှင့်လည်း သတိလေးထားရင် ရနေတာပဲ။ အိပ်ပျော်လည်း ထွက်လေဝင်လေ ရှု။ သတိကပ်။ အဲဒါတွေပဲ ခဏခဏ လုပ်နေ။ ဒါပဲ ကျန်တော့တယ်။
လှူတာတန်းတာတွေ သက်ရှည် နာကင်း အဆင်းလှဖို့ လုပ်တာတွေ များနေပြီ။ နတ်ပြည်ရောက်ဖို့ ကိစ္စတွေလည်း အများကြီးလုပ်ပြီးပြီ။
မဂ်ဉာဏ် ဖိုလ်ဉာဏ်နှင့် နိဗ္ဗာန်ရဖို့ပဲ အသေလွတ်ဖို့ပဲ ကျန်တော့တယ်နော်။ ဒီတော့ အိမ်မပြန်နှင့်တော့။ ဒီမှာပဲ အပြီးအပြတ် လုပ်ကြပေတော့။ ဖြစ်မလား။ အိပ်ရာလိပ်လေးဘာလေး ပြန်ယူချင်ယူဦးပေါ့။ မဖြစ်ဘူး ထင်တယ်နော်။ ကဲ ကဲ လိုက်ဆိုကြ…
* သာသနာ့ဈေးရုံ ကုန်မျိုးစုံ
လိုကုန်ရနိုင်သည်။
*အဖိုးမဆစ် ဝယ်ထားရစ်
နောင်ခေတ် ရှားလိမ့်မည်။
*အသက်ရှည်ခြင်း အနာကင်း
အဆင်းလှနိုင်သည်။
*အမျိုးမြင့်မြတ် နတ်ပြည်ရပ်
ချဉ်းကပ်ရောက်နိုင်သည်။
*မဂ်ဉာဏ် ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်
ဧကန်ရောက်နိုင်သည်။
* အပ္ပမာဒ ခေါ်ငြား သတိပဋ္ဌာန်တရား
ရှုပွားကြရမည်။
*လုံးစုံဘုရား တပည့်သားတို့
ကြွသွားနိဗ္ဗာန် လမ်းကောင်းမှန်
သတိပဋ္ဌာန် ကျင့်စဉ်တည်း။ ။´´

ရွှေဥမင်ဆရာတော်ဘုရားကြီး

 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်