အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » ဥာဏ်ထိုင်း စေသည့် ဘဝ နေထိုင်မှု ပုံစံ

ဥာဏ်ထိုင်း စေသည့် ဘဝ နေထိုင်မှု ပုံစံ

Written By MyanmarChnnel@ on Sunday, October 13, 2013 | 7:05 AM


ဥာဏ်ထိုင်း စေမယ့် ဘဝ နေထိုင်မှု ပုံစံ ၁၀ ချက် ဆိုပြီး ဆေး ပညာ ဝဘ်ဆိုဒ် တွင်ဖော်ပြ ထားပါ တယ်။

၁။ မနက်စာ မစားခြင်း

မနက်စာ မစားခြင်း ကလည်း ဥာဏ်ထိုင်း စေပါ တယ်တဲ့။ မနက်စာ မစား တဲ့ အတွက် ကြောင့် ကို ယ် တွင်း သကြား ဓာတ် ပမာဏ ကျဆင်း ပြီး ဦးနှောက် ကို လုံလောက် တဲ့ အာဟာရ မရော က်ေ စပါဘူး။

၂။ ဆေးလိပ် သောက်ခြင်း

ဆေးလိပ် သောက်ခြင်း က ဦးနှောက် ကို တိုက်ရိုက် ထိခိုက်ပြီး အယ်ဇ် ဇိုင်းမား တို့လို ရောဂါ၊ အတိ တ်မေ့ ရောဂါ တို့ကို တောင် ဖြစ်စေ ပါတယ်။

၃။ သကြားဓာတ် အများ အပြား စားသုံးခြင်း

သကြားဓာတ် လိုအပ်တာ မှန် ပေမယ့် လိုတာ ထက် စာသုံး မိရင် လည်း မကောင်း ပါဘူး။ အသက် ငယ်တုန်း က သကြား ဓာတ်က လိုအပ် ပေမယ့် လူလတ် ပိုင်း က စလို့ လူ တစ်ယောက် ရဲ့  အချို စားသုံးမှု က ကလေးတွေ နဲ့ သွား မယှဉ်သင့် တော့ပါဘူး။ သူက ပရိုတိန်း ဓာတ် ဆုပ်ယူမှု အား ကို လျော့စေ ပြီး ဦးနှောက် လုပ်ဆောင် ချက် ကို အတား အဆီး ဖြစ်စေ ပါတယ်။

၎။ လေ မသန့်ခြင်း

ကိုယ် နေထိုင်၊ စားသောက် တဲ့ ပတ်ဝန်းကျင် က အနံ့ ပေါင်း စုံ နေပြီး လေကောင်း လေသန့် ရှုရှိုက် ရမှု နည်း ရင် လည်း အောက်ဆီ ဂျင် ရရှိမှု နှုန်းနည်း တဲ့ အတွက် ဦးနှောက် ဖွံ့ဖြိုးမှု ကို နှေးကွေးေ စ ပါတယ်။

၅။ အအိပ် လွန်ခြင်း

အိပ်သင့် အိပ်ထိုက် တဲ့ အချိန် ပမာဏ ထက် ပိုပြီးတော့ အိပ်ရင် ဦးနှောက် က ဆဲလ်တွေ ကို ေ သေ စ တ့ဲ အတွက် ဥာဏ်ထိုင်း စေပါတယ်။

၆။ အိပ်ချိန် နည်းခြင်း

သူက လည်း ထိုနည်း တူ စွာပဲ။ သာမန် လူ တစ်ယောက် အိပ်သင့် တဲ့ အချိန် ပမာဏ မအိပ် ပဲ နေ သူ ဟာ ဦးနှောက် သွေးဆီးမှု နှေးကွေးမှု ဥာဏ် ထိုင်း စေပါတယ်။

၇။ အိပ်နေစဉ် ခေါင်းခြုံ ခြင်း

ခေါင်းခြုံပြီး အိပ်သူ ဟာ သာမန် အတိုင်း အိပ်သူ လောက် အောက်ဆီဂျင် မရ ပါဘူး။ ကာဘွန် ဒိုင် အောက်ဆိုဒ် ပမာဏ သာ တိုးလာ စေပြီး ဦးနှောက် ကျန်းမာရေး ကိုပါ ထိခိုက် လာနိုင်စေ ပါ တယ်။

၈။ ဖျားနာ နေစဉ် ဦးနှောက် အလုပ်လုပ် များခြင်း

ဖျားနာ နေစဉ်မှာ ဦးနှောက် အလုပ်ပေးမှု ကို မလုပ်သင့် ပါဘူး။ ဦးနှောက် က ဒီတိုင်း နေလည်း မနား တန်း အလုပ် လုပ်တာ မှန်ပေ မယ့် တကူး တက စာလုပ် တာတို့၊ ပရောဂျက် လုပ်တာ တို့၊ လုပ်ငန်း ဆောင်တာ တစ်ခုခု အတွက် တွေးခေါ် လုပ်ကိုင်တာ တို့က ဦးနှောက် စွမ်းရည် ကျဆင်းေ စ မယ့် အမူအကျင့် တွေပါ။

၉။ တွေးခေါ်မှု နည်းခြင်း

တစ်နေ့ပြီး တစ်နေ့ လုပ်စရာ ရှိတာတွေ သာ လုပ်နေ ပြီး ဘာမှ တွေးခေါ် စဉ်းစားမှု မရှိရင် လည်း မကောင်း ပါဘူး။ ယင်း သို့ နည်းပါးခြင်း ကြောင့် ဥာဏ် ကွန့်မြူးမှု ကို ဖြစ် မလာစေ ပဲ ဥာဏ်သာ ထိုင်းလာ စေတတ် ပါတယ်။

၁၀။ စကားနည်းခြင်း

ပညာရှိ စကား နည်း ဆို တာတော့ ဟုတ် ပါတယ်။ သို့ပေ မယ့် စကား မပြော တိုင်းလည်း ပညာရှိ မဟုတ် ပါဘူး။ လူမှု ဆက်ဆံရေး မှာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေတွေ နဲ့ပဲ ဖြစ်ဖြစ်၊ တစ်ယော က်နဲ့ တစ်ယောက် အတွေး အမြင်များ ဖလှယ်ခြင်း၊ ကျဘန်း ငြင်းခုံပြော ဆိုခြင်းတို့ ကလည်း ဦးနှောက် ကို ကောင်း စေ ပါတယ်။ သို့ပေ မယ့် ယင်း ကဲ့သို့ မလုပ် ရင်တော့ ကြိမ်းသေ ဥာဏ် ထိုင်းစေ ပါ တယ်။

အောင်ခမ်း ( ရိုးရာလေး )
 
 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်