ချစ်သူ ....
ငါ မပါရင် ဘာဖြစ်လဲ လို့ မမေးပါနဲ့လား
ချစ်သူမပါတဲ့လမ်း လျှောက်ရတာ ကြမ်းတမ်းနေလို့ပါ။
ငါ မရှိရင် ဘာဖြစ်မှာလဲလို့ မပြောပါနဲ့လား
ချစ်သူမရှိတဲ့ဘ၀ စကားဖြစ်တောင် လက်မခံနိုင်လို့ပါ ။
ငါ မချစ်ရင် ဘာဖြစ်သွားမှာလဲ လို့ မဆိုပါနဲ့လား
ချစ်သူ မချစ်တော့ဘူးဆိုရင်တောင် မုန်းနိုင်ဖို့ ခွန်အား မရှိသေးလို့ပါ။
ငါ နဲ့ဝေးရင် ဘာခံစားရမှာမို့လဲ လို့ မတွေးပါနဲ့လား
နာကျင်မှုက တားဆီး မရနိုင်လို့ပါ ။
ငါ နင့်နားမနေလို့ မလွမ်းလောက်ပါဘူးလို့ မထင်ပါနဲ့လား
အထီးကျန်မှုကို စာဖွဲ့မပြနိုင်လို့ပါ။
ချစ်သူကို မချစ်နိုင်ဖို့ မလွမ်းနိုင်ဖို့ သတိရမနိုင်ဖို့က
ကျွန်မ အသက်ရှူသံတွေ ရပ်တန့်သွားမှ ဖြစ်မှာမို့ပါ။
လွမ်းဆုလေး (ခ) ဆုလေးနွယ်
ချစ်သူဖတ်ဖို့ ချစ်ကဗျာ (၁)
Written By MyanmarChnnel@ on Tuesday, October 29, 2013 | 11:03 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment