နင်သာ ရေးလက်စ ဘောပင်(လ်) ဆို
ငါလွှင့်ပစ်တာကြာပြီ
နင်သာ ငါ စားလက်စ မုန့်ဆို
ငါ မှုန့်ချေထားတာ ကြာပြီ
နင်သာ ငါ သောက်နေကျ ကော်ဖီဆို
ငါမှောက်သွန်ပစ်တာ ကြာပြီ
နင်သာ ငါရေးနေကျ စာအုပ်ဆို
စုတ်ဖြဲပစ်တာလဲ ကြာပြီ
နင်သာ ငါ စီးနေကျ ဖိနပ်လေးဆို
အမှိုက်ပုံးထဲရောက်တာ ကြာပေါ့
ခုတော့ နှလုံးသားဖြစ်နေလို့
ငါဘာမှမတတ်နိုင်တာ
နင် ....
နင် ....... တစ်ယောက်ကြောင့်
ငါကျွမ်းထိုးမှောက်ခုံဖြစ်နေရတာ
ငါ့ကိုငါ အမှားတွေ ဆက်တိုက်လုပ်မှန်းမသိ လုပ်နေမိတာ
ငါ့ကိုယ်ငါ ထုသတ်ချင်နေပြီ နင်သိလား
နင် သိပ်မနှိပ်စက်နဲ့တော့ ဟာ ......
ဆုလေးနွယ်
နင် မနှိပ်စက်နဲ့တော့
Written By MyanmarChnnel@ on Wednesday, October 9, 2013 | 8:12 AM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment