အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » မြတ်စွာဘုရားရှင်၏ (၁၀၈) ကွက် “ စက်လက္ခဏာတော် ” အကြောင်း သိကောင်းစရာ။

မြတ်စွာဘုရားရှင်၏ (၁၀၈) ကွက် “ စက်လက္ခဏာတော် ” အကြောင်း သိကောင်းစရာ။

Written By MyanmarChnnel@ on Saturday, July 19, 2014 | 9:14 PM

    
မြတ်စွာဘုရား၏ ခြေဖ၀ါးတော်နှစ်ပြင်၌ (၁၀၈)ကွက်စီသော စက်လက္ခဏာတို့သည် ထင်ကုန်၏။ထို(၁၀၈)
ကွက်သော လက္ခဏာတော်တို့သည် လောကသုံးပါးကို သရုပ်ဖေါ်၍ တည်ကုန်၏။ ၎င်း(၁၀၈)ကွက်တို့
တွင် ဩကာသလောကကို သရုပ်ဖေါ်၍  အကွက်ပေါင်း (၅၉) ကွက်၊ သတ္တလောကကို သရုပ်၍ (၂၁)
ကွက်နှင့် သင်္ခါရလောကကို သရုပ်ဖေါ်၍ (၂၈) ကွက်ရှိကုန်၏။ 
သဘောကား လောကသုံးပါးသည် မြတ်စွာဘုရား၏ ခြေတော်၌ ရှိသည်။ မြတ်စွာဘုရား သည် လောကသုံးပါး ထက် မြင့်မြတ်သည်ဟု ဆိုလိုသည်။ထို လက္ခဏာတို့သည် ဖွါးတော်မူခါစကပင် ပါရှိလေသည်။  တစ်ရာ့ ရှစ်ယောက်  ကုန် သော ပုဏ္ဏားတို့အနက် ရှစ်ဦးတို့သည် ဘုရားလောင်း သူငယ် ၏ မြတ်သော လက္ခဏာတော် ၏ ပြည့်စုံခြင်းကို  ကြည့်၍ပထမပုဏ္ဏား   ခုနှစ်ဦးမှစ၍  ဘုရား သော် လည်းကောင်း၊ စင်္ကြာမင်း သော် လည်းကောင်း ဖြစ်မည်ဟု ဆိုကုန်၏။

ကောဏ္ဍညနွယ်ဖွါး သုဒတ္တ ပုဏ္ဏားငယ် တစ်ဦးတည်းမှ “ဘုရားစင်စစ်ဖြစ်လတ္တံ့ ” ဟု တစ်ခွန်းတည်း ဟော
ဆိုသည်။ အကြောင်းမှာ..ဘုရားလောင်း၏ ခြေတော်ပြင်  လက္ခဏာ အစဉ်ဝယ်  စင်္ကြာမင်းပုံ ပါလေသည်။ 
စင်္ကြာမင်းထက် မြတ်သည်ကား လောကသုံးပါးတွင် “ဘုရား ” သာလျှင် ရှိပေသတည်း။ ထို့ကြောင့် ဤ
လက္ခဏာ (၁၀၈) ပါးကို ဖူးမြင်ရာတွင် မြတ်စွာဘုရား၏ တိလောကဂ္ဂ လောကသုံးပါးထက် မြင့်မြတ်သော
ဂုဏ် တိလောကန္ဓဂူ  လောကသုံးပါးမှ လွန်မြောက်တော်မူသော ဂုဏ်နှင့်လောက၀ိဒူ လောကသုံးပါးကို
အကြွင်းမရှိ သိတော်မူသော ဂုဏ်တော်တို့ကို နှလုံးသွင်း၍  ဖူးမြင်ကြကုန်ရာ သတည်း။ ။

“ (၁၀၈) ကွက်သော ရုပ်ပုံများ”
 ================
၁။ လှံမ၊  ၂။ အိမ်မွန်    ၃။ ဇလပ်ပန်း၊  ၄။ လည်ရေးသုံးဆင့်၊   ၅။ ဦးဆောက်ပန်း၊   ၆။ ထမင်းပွဲ ၊  ၇။ အင်
ပျဥ၊်   ၈။ ချွန်းတောင်းလက်နက်၊   ၉။ ပြသာဒ်၊  ၁၀ ။ တုရိုက်တိုင်၊  ၁၁ ။ ထီးဖြူ  ၊  ၁၂။ သံလျှက၊်  ၁၃ ။
ထန်းရွက်ယပ်၊  ၁၄ ။ ဥဒေါင်းမြီးစီးယပ်၊  ၁၅ ။ စာမရီယပ၊်  ၁၆ ။ သင်းကျစ် ၊    ၁၇ ။ ပတ္တမြား၊ ၁၈။ သပိတ်၊
၁၉။ မုလေးပန်းဆိုင်း၊  ၂၀။ ကြာညို ၊  ၂၁။ ကြာနီ ၊   ၂၂။ ပဒုမ္မာကြာ၊     ၂၃။ ကြာဖြူ ၊  ၂၄။ ကြာပုဏ္ဏား
ရိတ်၊  ၂၅။ ပြည့်သောအိုး ၊  ၂၆။ ပြည့်သောဖလား ၊  ၂၇။ သမုဒ္ဒရာ၊၂၈။ စင်္ကြာဝဠာတောင်၊  ၂၉။ ဟိမ၀န္တာ
တောင်၊  ၃၀။ မေရုတောင်၊   ၃၁။ နေ၀န်း ၊    ၃၂။ လ၀န်း ၊ ၃၃။ နက္ခတ်တာရာများ၊  ၃၄။ ဇဗ္ဗုဒိပ်ကျွန်း
(တောင်ကျွန်း)   ၃၅။ အရှေ့ ကျွန်း၊   ၃၆။ မြောက်ကျွန်း၊၃၇။ အနောက်ကျွန်း၊  ၃၈။ ကျွန်းငယ်နှစ်ထောင်၊   
၃၉။ စင်္ကြာမင်း၊       ၄၀။ ခရုသင်း  ၊ ၄၁။ ရွှေငါးကြင်း အစုံ၊   ၄၂။ စစ်လက်နက်၊   ၄၃။ သီတာခုနှစ်တန်၊
၄၄။ သီတာခုနှစ်တန်၊၄၅။ သီတာခုနှစ်တန်၊    ၄၆။ သီတာခုနှစ်တန်၊   ၄၇။ သီတာခုနှစ်တန်၊   ၄၈။ သီတာ
ခုနှစ်တန်၊၄၉။ သီတာခုနှစ်တန်၊  ၅၀။ တောင်စဉ်ခုနှစ်ထပ်၊  ၅၁။ တောင်စဉ်ခုနှစ်ထပ်၊  ၅၂။ တောင်စဉ်ခုနှစ်
ထပ်၊၅၃။ တောင်စဉ်ခုနှစ်ထပ်၊ ၅၄။ တောင်စဉ်ခုနှစ်ထပ်၊ ၅၅။ တောင်စဉ်ခုနှစ်ထပ်၊ ၅၆။တောင်စဉ်ခုနှစ်ထပ်၊
၅၇။ အိုင်ကြီးခုနှစ်အိုင်၊    ၅၈။ အိုင်ကြီးခုနှစ်အိုင်၊    ၅၉။ အိုင်ကြီးခုနှစ်အိုင်၊    ၆၀။ အိုင်ကြီးခုနှစ်အိုင်၊ ၆၁။
အိုင်ကြီးခုနှစ်အိုင်၊      ၆၂။ အိုင်ကြီးခုနှစ်အိုင်၊      ၆၃။ အိုင်ကြီးခုနှစ်အိုင်၊      ၆၄။ ဂဠုန်မင်း၊ ၆၅။ မိကျောင်း
မင်း၊  ၆၆။ တံခွန်ကုက္ကား၊  ၆၇။ ရွှေထမ်းစင်၊  ၆၈။ ကေလာသတောင်၊ ၆၉။ ခြင်္သေ့မင်း၊၇၀။ ကျားမင်း၊  ၇၁။
ဝလာဟကမြင်းမင်း၊    ၇၂။ ဥပေါသထ၊    ၇၃၊ နဂါးမင်း၊     ၇၄။ ဟင်္သာမင်း၊ ၇၅။ ဥသဘနွားမင်း၊     ၇၆။
ဧရာဝဏ်ဆင်မင်း၊      ၇၇။ ရွှေမကာရ်း၊      ၇၈။ မုခ်လေးခုနှင့်ရွှေလှေ၊ ၇၉။ နို့စို့သားအမိ၊   ၈၀။ ကိန္ဒရာဖို၊  
၈၁။ ကိန္ဒရီမ၊    ၈၂။ ကရ၀ိတ်ငှက်မင်း၊    ၈၃။ ဥဒေါင်းငှက်မင်း၊ ၈၄။ ကြိုးကြာငှက်၊၈၅။ စက္က၀တ်ငှက်မင်း၊ 
၈၆။ ဇီဝဇိုးငှက်မင်း၊      ၈၇။ နတ်ပြည်ခြောက်ထပ်၊ ၈၈။ နတ်ပြည်ခြောက်ထပ်၊  ၈၉။ နတ်ပြည်ခြောက်ထပ်၊         
၉၀။ နတ်ပြည်ခြောက်ထပ်၊ ၉၁။ နတ်ပြည်ခြောက်ထပ်၊   ၉၂။ နတ်ပြည်ခြောက်ထပ်၊  ၉၃။ ဗြဟ္မာတစ်ဆယ့်
ခြောက်ဘုံ၊ ၉၄။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၉၅။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၉၆။ ဗြဟ္မာတစ်ဆယ့်ခြောက်
ဘုံ၊၉၇။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊   ၉၈။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊    ၉၉။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊
၁၀၀။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၁၀၁။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၁၀၂။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊
၁၀၃။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၁၀၄။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၁၀၅။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊
၁၀၆။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၁၀၇။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၁၀၈။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ။

{ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ခြောက်ထပ်ကြီး ဘုရားမှ မှတ်တမ်းယူ ရေးသားပါသည်။}
 ဦးသိန်းဝေ။

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်