အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ဒူးနာရောဂါရှိသူများဆေးကုသမှုတွင်အောင်မြင်ထိရောက်မှုရရှိစေရန်

ဒူးနာရောဂါရှိသူများဆေးကုသမှုတွင်အောင်မြင်ထိရောက်မှုရရှိစေရန်

Written By MyanmarChnnel@ on Monday, October 21, 2013 | 12:44 AM


ဆေးကုတယ်ဆိုတာဆရာဝန်ကတဖက်ဘက်ကုပေးလို့မရပါဘူး။လူနာကလည်းကိုယ်ခံစားရတဲ့ရောဂါအကြောင်း၊ကုသမှုအကြောင်း၊ဘေးထွက်ဆိုးကျိုးအကြောင်းသိရှိနားလည်ပြီးနောက်ပါဝင်ဆွေးနွေးပေးဖို့
လိုအပ်ပါတယ်။ဒါကလည်းဆေးကုသမှုအောင်မြင်ရေးမှာအရေးကြီးပါတယ်။ဒါကြောင့်လည်း OA ဒူးနာရောဂါအကြောင်းသိရှိအောင်ဆရ
တို့ပြောပြနေရတာဖြစ်ပါတယ်။ဒီရောဂါမှာဆိုရင်လည်းလူနာဘက်က
ဆောင်ရွက်လို့ရတဲ့အရာတွေအများကြီးရှိပါတယ်။လူနာအနေနဲ့ကိုယ့်ဘာသာသက်သာရာသက်သာကြောင်း
လုပ်လို့ရတာတွေရှိပါတယ်။


-ကိုယ်အလေးချိန်များနေရင်ဝိတ်လျော့တာကလည်းလူနာလုပ်နိုင်တဲ့
ထိရောက်တဲ့ကုသမှုတစ်ခုပါ။ဘာလို့လဲ
ဆိုတော့ကိုယ်အလေးချိန်ရဲ့ 10%ကိုလျော့ချနိုင်ရင်ဒူးနာတာ
တစ်ဝက်သက်သာပါတယ်။ဝိတ်လျော့တာခက
တယ်ဆိုတဲ့လူနာတွေကိုတော့ဆရာတို့တုတ်ကိုင်ခိုင်းပါတယ်။
တုတ်ကိုင်ထားရင်ဒူးအပေါ်သက်ရောက်တဲ့
အလေးချိန်ဟာတုတ်ပေါ်ရောက်သွားတဲ့အတွက်ဒူးနာဝေဒနာက
အများကြီးသက်သာသွားပါတယ်။

-နောက်ပြီးတော့လှေကားအဆင်းအတက်ကိုအနည်းဆုံးဖြစ်အောင်ရှောင်ပါ။လှေကားတက်ရင်လည်းလှေကားလက်ကိုင်ကိုသေချာကိုင်ပြီးကောင်းတဲ့
ဒူးနဲ့အရင်တက်ပြီးမှမကောင်းတဲ့ဒူးနဲ့တက်ပါ။အဆင်းမှာတော့မကောင်းတဲ့ခြေထောက်နဲ့အရင်ဆင်းပြီးမှကောင်းတဲ့
ခြေထောက်နဲ့လိုက်ဆင်းပါ။

-နောက်တစ်ခုကတော့ဖိနပ်စီးတာနဲ့ပက်သက်ပြီးပြောပြချင်ပါတယ်။လမ်းလျှောက်တဲ့အခါမှာအရှိန်နဲ့ဖိအားရှိပါတယ်။အဲဒီဖိအားတွေလျော့ကျသွားအောင်ဖိနပ်ထူထူပျော့ပျော့လေးတွေဥပမာ-Walking Shoe တွေစီးစေချင်ပါတယ်။ခွာသေးတဲ့ဖိနပ်တွေကိုတော့မစီးစေချင်ပါဘူး။ခွာထူတဲ့ဖိနပ်တွေကဒူးနာတာကိုနည်းနည်းသက်သာစေပါတယ်။

-လေ့ကျင့်ခန်းနဲ့ပက်သက်ပြီးပြောချင်တာကတော့အလွန်အမင်းအနား
မယူပါနဲ့။အပြင်းအထန်လည်းလေ့ကျင့်ခန်းကိုပိုမလုပ်ပါနဲ့။ဒူးနာတဲ့အခါလေ့ကျင့်ခန်းကိုပိုလုပ်လိုက်ရင်သက်သာမယ်ဆိုတဲ့အတွေးကို
လည်းဖျောက်ပစ်စေချင်ပါတယ်။

-နောက်ပြီးတော့ဒူးနာတာကိုဆေးလိမ်းတဲ့အခါအလွန်အမင်းပူလွန်းတာ
ကိုလည်းဂရုစိုက်ပါ။ပူလွန်းတာကိုလည်းမလိမ်းပါနဲ့။

-ဒူးသိပ်နာနေရင်နည်းနည်းအနားယူဖို့တော့အကြံပေးပါတယ်။ဒါပေမယ့်ဒူးနာနေတဲ့လူနာကတစ်ချိန်လုံးအနား
ယူနေတာလည်းဆရာတို့မကြိုက်ပါဘူး။ဒူးကိုသုံးစေချင်ပါတယ်။အဲဒီလိုပုံမှန်အသုံးပြုမှလည်းဒူးအတွက်ရေ
ခန္တာကိုယ်အတွက်ရောအကျိုးရှိပါတယ်။သိပ်အနားယူနေရင်ကြွက်သားတွေသိမ်သွားတတ်ပါတယ်။ဒူးရဲ့ခိုင်ခံ့
မှုလျော့သွားတတ်ပါတယ်။အများအားဖြင့်ဒူးနာနေရင်ဒူးကိုကွေးလိုက်တာကနည်းနည်းသက်သာပါ
တယ်။အဲဒီတော့လူနာတွေကဒူးကိုကွေးရင်းနဲ့ပြန်ဆန့်လို့
မရတော့တာမျိုးဖြစ်တတ်ပါတယ်။ဒါကြောင့်အနားယူနေတယ်ဆိုရင်တောင်မှတုတ်ကိုင်တာမျိုးဒါမှမဟုတ်အရမ်းနာနေရင်လေးချောင်းထောက်လေးကိုင်ပြီးပဲဖြစ်ဖြစ်လျှောက်
စေချင်ပါတယ်။ဒူးကိုတတ်နိုင်သလောက်အသုံးပြုစေချင်ပါတယ်။ဒူးကိုအနားပေးတယ်ဆိုပေမယ့်လည်းဒီအတိုင်းငြိမ်ပြီးထားတာကိုမကြိုက်ပါဘူး။အနားယူတဲ့အချိန်မှာလည်းဒူးကိုဆန့်ပြီးအနားယူစေချင်ပါတယ်။

-နောက်ဆုံးအနေနဲ့ဒူးဝေဒနာရှိသူတွေကိုပြောချင်တာကတော့ဒူးနာနေရင်
စိတ်ဓာတ်မကျပါနဲ့။စိတ်ဓာတ်ကျပြီး Depression ၀င်သွားရင်ဒူးက
ပိုနာတတ်ပါတယ်။ဒူးနာတယ်ဆိုတာတခြားရောဂါနဲ့ယှဉ်ရင်သိပ်မဆိုးပါဘူး။
ဒီ့ထက်ဆိုးတဲ့ရောဂါတွေအများကြီးရှိပါတယ်။ဒါကြောင့်ဒူးနာတာလောက်လေးနဲ့စိတ်ဓာတ်မကျလိုက်ပါနဲ့။ကိုယ့်
ရဲ့လုပ်နိုင်ကိုင်နိုင်တဲ့အတိုင်းအတာကိုကြည့်ပြီးလုပ်နိုင်၊ကိုင်နိုင်တဲ့အလုပ်ကိုဆက်လုပ်ပါ။လူကောင်းအတိုင်းနေ
ပါဆိုတာလေးကိုပြောပြလိုက်ပါတယ်။

ပါမောက္ခဦးနေ၀င်း
အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး။

(ကျန်းမာရေးအတွက်သိသင့်သည်များ စုစည်းထားမှုမှ ပြန်လည်ကူးယူတင်ပြပါသည်။)
                                 လေးစားစွာဖြင့် 
                                                  ဆုလေးနွယ် 

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်