အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » နှလုံးတုန်ခြင်းနှင့် ပတ်သက်၍ သိထားသင့်သည့် အကြောင်းအရာများ

နှလုံးတုန်ခြင်းနှင့် ပတ်သက်၍ သိထားသင့်သည့် အကြောင်းအရာများ

Written By MyanmarChnnel@ on Friday, November 15, 2013 | 5:37 PM

လူတစ်ယောက်အတွက် ပုံမှန် နှလုံးခုန်နှုန်းဟာ ဘယ်လောက် ရှိသင့်ပါသလဲ။

နှလုံးခုန်တာဟာ စည်းချက်ညီရမှာဖြစ်ပြီး နားနေစဉ် တစ်မိနစ်မှာ အကြိမ် ၆၀-၁၀၀ အထိ ရှိတာကို ပုံမှန်အခြေအနေလို့ ခေါ်ပါတယ်။ အသက်ငယ်ရွယ်သူတွေနဲ့ ကြံ့ခိုင်မှု အလွန်ပြည့်ဝတဲ့ သူတွေမှာ နှလုံးခုန်နှုန်းဟာ တစ်မိနစ်မှာ အကြိမ် ၅၀ အထိ ရှိနိုင်ပါတယ်။ နှလုံးခုန်နှုန်းဟာ တစ်နေ့အတွင်းမှာပဲ အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။ စွမ်းအား အသုံးပြုနေစဉ်မှာ တစ်မိနစ်မှာ အကြိမ်ရေ ၁၂၀-၁၄၀ အထိရှိနိုင်ပြီး ညအိပ်ပျော်နေစဉ်မှာ အကြိမ် ၄၀ အထိ ကျဆင်းသွားနိုင်ပါတယ်။

ဘယ်အချိန်မှာ နှလုံးခုန်နှုန်းဟာ ပုံမမှန်ဖြစ်နေတယ်လို့ ပြောနိုင်ပါသလဲ။


နှလုံးခုန်နှုန်း စည်းချက်မမှန်ဖြစ်တာ၊ ဒါမှမဟုတ် ရုတ်တရက် နှလုံးခုန်နှုန်း မြင့်တက်သွားတာတွေကို နှလုံးခုန်နှုန်း ပုံမမှန် ဖြစ်တယ်လို့ ပြောဆိုနိုင်ပါတယ်။ နှလုံးခုန်နှုန်းဟာ လေ့ကျင့်ခန်း ပြုလုပ်တာ၊ စိုးရိမ်စိတ်များတာနဲ့ စိတ်ဖိစီးမှုများတဲ့ အချိန်တွေမှာ အကြိမ်ရေ မြင့်တက်သွားနိုင်ပေမယ့် ရုတ်တရက်အရမ်းတော့ အကြိမ်ရေ မမြင့်တက်နိုင်ပါဘူး။ ရုတ်တရက် နှလုံးခုန်နှုန်း မြင့်တက်သွားပြီး ခေါင်းမူးတာ၊ အသက်ရှူမဝတာ၊ ဒါမှမဟုတ် နေလို့ မကောင်းတာတွေနဲ့ပါ တွဲပြီး ဖြစ်ပေါ်ရင် ပုံမှန်မဟုတ်တော့ပါဘူး။

နှလုံးတုန်တယ်ဆိုတာ ဘာကိုဆိုလိုပါသလဲ။

နှလုံးခုန်နှုန်း သိပ်မြန်လွန်းတာ၊ စည်းချက်တစ်ချက် လွတ်သွားတာ ဒါမှမဟုတ် စည်းချက်ပိုသွားတာတွေ အားလုံးကို နှလုံးတုန်တယ်လို့ ခေါ်ပါတယ်။

ဘာကြောင့် နှလုံးတုန်တာ ဖြစ်ရပါသလဲ။

နှလုံးအတွင်းက လျှပ်စီးကြောင်းအပိုတွေ ဖြစ်ပေါ်လာတာကြောင့် နှလုံးခုန်နှုန်းနဲ့ စည်းချက်တွေ မူမမှန် ဖြစ်သွားတတ်ပါတယ်။ နှလုံးတွင်းမှ အဆို့ရှင်တွေ ပျက်စီးတာ၊ ဒါမှမဟုတ် နှလုံးကြွက်သား ကြီးလာတာလိုမျိုး နှလုံးရောဂါတွေကြောင့်လည်း နှလုံးတုန်တတ်ပါတယ်။ ယခင်က နှလုံးတိုက်ခိုက်ခံရတာကြောင့် နှလုံးအတွင်း ပျက်စီးမှုတွေ ကျန်ရစ်ခဲ့တာကြောင့်လည်း နှလုံးတုန်တတ်ပါတယ်။ စိုးရိမ်စိတ်များတာ၊ ဖိစီးမှုများတာ ဒါမှမဟုတ် အထိတ်တလန့်ဖြစ်စဉ် ကြုံတွေ့ရတာတွေကြောင့် နှလုံးခုန်နှုန်း မြန်တတ်ပါတယ်။

အစားအစာတွေကြောင့် နှလုံးတုန်တတ်ပါသလား။

ကဖင်းများတဲ့ ဖျော်ရည်တွေကြောင့် နှလုံးတုန်တတ်ပါတယ်။ အယ်လ်ကိုဟော အထူးသဖြင့် အမြှုပ်ပလုံစီထနေတဲ့ အရက်တွေကြောင့် နှလုံးခုန်နှုန်း စည်းချက်မမှန်တာ ဖြစ်တတ်ပါတယ်။ အရက်အလွန်အကျွံ သောက်ပြီး ၂၄-၃၆ နာရီအတွင်း ဖြစ်ပေါ်တတ်ပါတယ်။ ခန္ဓာကိုယ်အတွင်း ရေဓာတ်ဆုံးရှုံးသွားတာကြောင့် ဖြစ်ပေါ်တယ်လို့ သိရပါတယ်။ ဆူဒိုအဖီဒရင်းနဲ့ ကဖင်းပါဝင်တဲ့ အအေးမိတုပ်ကွေးရောဂါ ပျောက်ဆေးဝါးတွေ မှီဝဲတာကြောင့်လည်း နှလုံးခုန်နှုန်း စည်းချက်မမှန်တာ ဖြစ်တတ်ပါတယ်။ ဆေးလိပ်သောက်တာ၊ ကိုကင်းနဲ့ အဖီတမင်းလိုမျိုး စိတ်ကြွဆေးတွေ အသုံးပြုတာကြောင့်လည်း နှလုံးခုန်နှုန်း မြန်တတ်ပါတယ်။

ဘယ်သူတွေက နှလုံးတုန်တတ်ပါသလဲ။

သွေးဖိအားမြင့်တက်သူ (သွေးတိုး ရှိသူ) နဲ့ ယခင်က နှလုံးတိုက်ခိုက်ခံရဖူးသူတွေ၊ ဆေးလိပ်သောက်သူ၊ စိတ်ဖိစီးမှုများသူ၊ ကဖင်းဒါမှမဟုတ် စိတ်ကြွဆေး သောက်သူတွေက နှလုံးတုန်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း သွေးပမာဏဟာ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားတဲ့ အတွက် နှလုံးအလုပ် ပိုလုပ်ရပြီး နှလုံးတုန်တတ်ပါတယ်။

ဘယ်အချိန်မှာ နှလုံးတုန်တာအတွက် ကုသမှု ခံယူသင့်ပါသလဲ။

နှလုံးတုန်တာအတွက် စိုးရိမ်နေရင် ကုသမှုခံယူပါ။ နှလုံးတုန်တာဟာ ခေါင်းမူးတာ၊ အသက်ရှူမဝတာနဲ့ တွဲဖြစ်ရင် ဆိုးရွားတဲ့ အခြေအနေဖြစ်နိုင်တာမို့ ကုသမှု ခံယူရပါမယ်။ ရုတ်တရက် နှလုံးခုန်နှုန်း မြန်လာပြီး တော်ရုံနဲ့ မသက်သာရင်လည်း ကုသမှုခံယူပါ။

နှလုံးတုန်ရင် အရေးပေါ် ဘယ်လိုကုသလို့ ရပါသလဲ။

နှလုံးတုန်လာရင် ချောင်းဟန့်လိုက်တာ၊ ဒါမှမဟုတ် လည်ပင်းမှ သွေးကြောကို ပွတ်တိုက်လိုက်တာကြောင့် ရင်ဘတ်အတွင်း ဖိအားတွေ ပြောင်းလဲမှုဖြစ်သွားပြီး နှလုံးတုန်တာလည်း လျော့သွားနိုင်ပါတယ်။ အရက်၊ ဆေးလိပ်နဲ့ ကဖင်းတွေကို အလွန်အကျွံ မသောက်ပါနဲ့။ နှလုံးတုန်တဲ့ အခြေအနေဆိုးရင် နှလုံးခုန်နှုန်းကို နှေးကွေးစေတဲ့ ဘီတာဘလော့ကာလိုမျိုး ဆေးဝါးတွေ အသုံးပြုလို့ ရပါတယ်။ လိုအပ်ရင် ခွဲစိတ်ကုသနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး
(ကျန်းမာရေးအတွက်သိသင့်သည်များ စုစည်းထားမှုမှ ပြန်လည်ကူးယူမျှဝေပါသည်။)

 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်