အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » *** လျှာကင်ဆာ အကြောင်းတစေ့တစောင်း ***

*** လျှာကင်ဆာ အကြောင်းတစေ့တစောင်း ***

Written By MyanmarChnnel@ on Wednesday, November 6, 2013 | 7:17 PM

လျှာသည် ကြွက်သားအမျိုးအစားတစ်ခုဖြစ်ပြီး၊ သတ္တ၀ါတိုင်း၏ ရသာအာရုံခံအင်္ဂါထဲတွင်
တစ်ခုအပါအ၀င်ဖြစ်သည်။
လျှာကင်ဆာဆိုသည်မှာ လျှာ၏ အရှေ့ (သို့ မဟုတ်) အနောက်ဘက်တွင်
ကင်ဆာအကျိတ်ဖြစ်တည်ခြင်းကိုဆိုလို၏။ လျှာ အရှေ့ဘက် ကင်ဆာဖြစ်လျှင်
စကားပြောရခက်ခဲပြီး၊ လျှာအနောက်ဘက်ကင်ဆာဖြစ်လျှင် အစာမျိုရန်ခက်ခဲပါသည်။
ထိုရောဂါ သည် ယနေ့ ကမ္ဘာပေါ်တွင် အဖြစ်များဆုံးကင်ဆာ ၁၀-မျိုးစာရင်းထဲ
မပါဝင်သော်ငြား၊ စစ်တမ်းများအရ အမျိုးသားများသည် အမျိုးသမီးများထက် လျှာကင်ဆာ
ဖြစ်နိုင်ချေပိုများပြီး၊ အသက် ၄၅ နှစ်ကျော်သောအခါ သတိပြုသင့်ပါပြီ။
လျှာကင်ဆာ ဖြစ်ခါစ တွင် ကုသပျောက်ကင်းနိုင်သော်လည်း၊ စဦးပိုင်းကာလ
ထိရောက်စွာကုသမှုမရှိခဲ့ပါက၊ ခံတွင်း/လည်ချောင်း/မေးရိုး/လည်ပင်း စသည့်
အစိပ်အပိုင်း များသို့ လျှင်မြန်စွာ ကင်ဆာဆဲလ်များ ပြန့် ပွားလာစေနိုင်သည်။


*လျှာကင်ဆာ လက္ခဏာများ….*
(၁) လျှာ၏ အရှေ့ ပိုင်း ၃ပုံ ၂ပုံ (သို့ မဟုတ်) လျှာ၏ အနောက်ဘက်ပိုင်း ၃ပုံ
၁ပုံခန့် နေရာများနှင့် သွားနှင့်ကပ်ရပ် လျှာဘေး ပတ်လည်များတွင် အနီ (သို
့မဟုတ်) အဖြူအကွက်များပေါ်လာခြင်း။ အချိန်ကြာလာသည့်နှင့်အမျှ
နီ-ဖြူအစက်အပြောက်များ ပိုပွားလာကာ နာကျင်စွာခံစားရခြင်း။ (၂) မတော်တဆ
လျှာကိုက်မိခြင်းမရှိပါဘဲ၊ အလိုအလျောက် လျှာရောင်ရမ်းနာကျင်လာ ခြင်း။ (၃)
အချိန်ကြာမြင့်စွာ လည်ချောင်းနာသော်လည်း ကောင်းစွာကုသမှုမခံယူခဲ့ခြင်း။ (၄)
အစာဝါးစားခြင်း နှင့် မျိုချသည့် အခါတိုင်း မခံမရပ်နိုင်အောင်နာကျင်၍
ခက်ခဲစွာခံစားရခြင်း။ (၅) အစာဝါးခြင်း၊ ရေသောက်ခြင်း နှင့်
မျိုချသည့်အခါတိုင်း လျှာ ပေါ်ရှိအဖုများမှ သွေးယိုစီးခြင်း (သို့ မဟုတ်) သူ
့အလိုလို အကြောင်းမဲ့ လျှာပေါ်မှသွေးစိမ့်ထွက်ခြင်း။ (၆) လျှာကောင်းစွာ မလှုပ်
ရှားခြင်းကြောင့် အသံမပီ ၀ိုးတ၀ါးဖြစ်၍၊ အသက်ရှုပုံစံမမှန်ဖြစ်လာခြင်း။ (၇)
မကြာခဏ လျှာထုံခြင်း။ (၈) လူနာအနဲစုတွင် နား အတွင်းပိုင်း ကိုက်ခဲလာခြင်း။ (၉)
လည်ပင်းအကျိတ် ကြီးထွားရောင်ရမ်း၍ သိသိသာသာ ခန္ဓာကိုယ်အလေးချိန်ကျဆင်းလာခြင်း။
(၁၀) လည်ချောင်းထဲ တစ်ဆို့ ဆို့ ဝေဒနာခံစားနေရခြင်း။ (၁၁) ပုံမှန်အတိုင်း
လျှာကိုကွေးခေါက်၍ မရတော့ဘဲ၊ လျှာတပြင်လုံး တောင့်တင်း
မာကျောလာခြင်း...စသည်တို့ ဖြစ်သည်။

*လျှာကင်ဆာ ဘာကြောင့်ဖြစ်…*
(၁) ဆေးလိပ်အလွန်အကျွံသောက်ခြင်း။ (၂) ဆေးရွက်ကြီးငုံလေ့ရှိခြင်း။ (၃)
ကွမ်းသီးအလွန်အကျွံဝါးခြင်း။ (၄) ပွက်ပွက်ဆူ သောဟင်းချိုများနှင့်
အလွန်အမင်းပူလောင်သော/ပူစပ်သော အစားအစာများစားသောက်ခြင်း။ (၅)
မျိုးရိုးဗီဇလိုက်ခြင်း။ (၆) အရက်အလွန် အကျွံသောက်ခြင်း။ (၇) အာဟာရချို
့တဲ့ခြင်း။ (၈) သွေးအာနည်းရောဂါ။ (၉) ရောဂါရှိသူအဖော် နှင့် သဘာဝ
လိင်ဆက်ဆံမှုမျိုးမဟုတ်ဘဲ လျှာဖြင့်ဆက်ဆံခြင်းကြောင့် HPV ကူးစက်ပိုး
ရောဂါစွဲကပ်ခြင်း။ (၁၀) လျှာအက်ဆစ် အထွက်များ ခြင်း။ (၁၁) Graft Versus Host
Disease (ခေါ်) ဖြစ်တောင့်ဖြစ်ခဲ ဘေးဥပါသ်ဖြစ်စေသည့်ဆဲလ်များ ပြန့် ပွားသည့်
ရောဂါစွဲ ကပ်ခြင်း။ (၁၂) သွားဖြင့်မကြာခဏကိုက်မိခြင်း။ (၁၃) သွားအတု (၀ါ)
အံဖုံ ပုံစံမကျခြင်း။ (၁၄) အကြောင်းအမျိုးမျိုးကြောင့် ဓာတုဓာတ်ပေါင်း
ပစ္စည်းများဖြင့်လျှာကိုထိမိခြင်း…တို့ ဖြစ်သည်။

*ကုသနည်း……*
(၁) များသောအားဖြင့် ပထမဆင့်တွင်
ကင်ဆာအကျိတ်တစ်ရှုးများကိုခွဲစိပ်ဖယ်ထုတ်လေ့ရှိပြီး၊ ထိုသို့ အချိန်မှီ
ခွဲစိပ်ဖယ်ထုတ် ခြင်းဖြင့် ပျောက်ကင်းသွားတတ်ပါသည်။ (၂) ခွဲစိပ်ပြီးနောက်
ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာဆဲလ်များ ကိုသတ်၍လည်းကောင်း။ (၃)
သွေးပြန်ကြောများမှတဆင့် အကျိတ်ဆဲလ်များပျက်စီးအောင်
cisplatin<http://drugsaz.about.com/od/drugs/cisplatin.htm>(သို
့မဟုတ်) fluorouracil<http://drugsaz.about.com/od/drugs/fluorouracil-5-fu.htm>ဟူသော ခီမိုဆေးများ သွင်းခြင်း စသည့်နည်းလမ်း၃-သွယ် ဖြင့် ဝေဒနာ
အနိမ့်အမြင့်ပေါ်မူတည်ကာ လျှာကင်ဆာကို ကုသလေ့ရှိ သည်။

*အကောင်းဆုံးအစာ…*
သင့်တင့်လျောက်ပတ်သော ကယ်လိုရီနှင့် အာဟာရစားသုံးခြင်းဖြင့်
လျှာကင်ဆာကုထုံးကို တဖက်တလမ်းမှ ကောင်းကျိုးပြုနိုင် သည်။ (၁)
လျှာခွဲစိပ်ပြီးလူနာများအတွက် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အဆီနည်းသောအသား၊
အဆီထုတ်ပြီး နွာနို့ ၊ ဂျုံကြို /ဆန်ပြုတ်/ပြောင်းဖူးဆန်ပြုတ်တို
့စားပေးသင့်သည်။ (၂)အထူးသဖြင့် ဓာတ်ရောင်ခြည်နည်းဖြင့် ကုသခံလူနာများတွင် လျှာ
ရောင်ကိုင်း၍ ကွဲစပ်ခြင်း၊ ခံတွင်းနှင့်လည်ချောင်း တို့ ခြောက်သွေ့ ခြင်းမှ
သက်သာစေရန် တစ်နေ့ လျှင် သောက်ရေသန့်  ၄၈-အောင်စမျှ သောက်သင့်ပြီး၊ အချိုရည်၊
ဟင်းချို၊ စွပ်ပြုတ် နှင့် ရေခဲမုန့် တို့ စားပေးသင့်သည်။ (၃) အစာမြိုချရန်
လွယ်ကူစေ ရန်အတွက် ကရင်မ် (သို့ မဟုတ်) ဆီပါသောဟင်းရွက်သုပ် စားပေးနိုင်သည်။
(၄) ခီမိုဆေးသွင်းပြီးလူနာများတွင် တံတွေး (သွားရည်)ထွက်ရှိမှုကို
အနှောင့်အယှက်ဖြစ်စေကာ ခံတွင်းခြောက်စေတတ်သဖြင့် သဘာဝရှောက်ရည်၊ သံပုရာရည်၊
ကာဗွန် ဓာတ်ငွေ့ ပါသည့် ဘိလပ်ရည်တို့ သောက်သုံးပြီး၊ သကြားလုံး၊ ပီကေတို့ 
ငုံပေးခြင်းဖြင့် ခံတွင်းစိုစွတ်လာစေသည်။ (၅) ခီမိုဆေး သွင်းခြင်း၏
ဘေးထွက်ဆိုးကျိုးများမှာ ပျို့အန်အော်ဂလီဆန်ခြင်း နှင့် ခံတွင်းပျက်၍
အစာစားချင်စိတ်ကုန်ခမ်းခြင်းတို့ ဖြစ် ပါသည်။ ထို့ ကြောင့် အနံ့ ပြင်းသော
အစားအစာများကို ရှောင်ရှား၍၊ ပျော့ပျောင်းနူညံ့သော အစာတို့ ကို နည်းနည်းစီ
မကြာခဏ စားသင့်သည်။

++++++++++++++++
အမေရိကန်နိုင်ငံဆေးသုတေသီများ၏ စတ်တမ်းများအရ၊ လျှာကင်အဆင့် နှင့်
အသက်ရှင်သန်နှုန်းတို့ ကို အောက်ပါအတိုင်း ၂၀၁၁ ခုနှစ်တွင် ထုတ်သော the
American Dental Association ဂျာနယ်တွင် ဖော်ပြထားခဲ့ပါသည်။
* ကင်ဆာရောဂါအဆင့် အသက်ရှင်သန်နှုန်း
· ရောဂါအဆင့် (၁) ၈၀%-၈၅%

· ရောဂါအဆင့် (၂) ၆၀%-၇၅%

· ရောဂါအဆင့် (၃) ၃၅%-၆၆%

· ရောဂါအဆင့် (၄) ၁၅%-၃၀%.

လျှာကင်ဆာ ဖြစ်ဖြစ်ချင်း စဦးကာလတွင် ဆေးဝါးဖြင့် နိုင်နင်းစွာကုသမှုခခံယူပါက၊
ပျောက်ကင်းသွားကြသလို၊ အထက်ဖော်ပြပါ ကင်ဆာရောဂါအဆင့်(၁) မှ (၄) အတွင်း
ကုသမှုမှန်ကန်ပါကလည်း၊ ရောဂါအတိမ်အနက်ကိုလိုက်၍ နောက်ထပ် ၅-နှစ် မှ ၁၀-နှစ်အထိ
ဆက်လက်အသက်ရှင်သန်နိုင်သော သာဓကများလည်းတွေ့ ရပါသည်။ သို့ ပါ၍
မိမိကျန်းမာရေးအခြေအနေကို သတိ နှင့်ယှဉ်ကာ မိမိကိုယ်ကို
ကောင်းစွာမွေးမြူနိုင်ကြပါရန် အသိပေးလိုက်ရပါသည်။

*ဘာသာပြန်သူ (ပေါက်ပေါက်)*

*ကိုးကား (the 2011 Journal of the American Dental Association)*

(ကျန်းမာရေးစာတိုများ စုစည်းထားမှုမှ ပြန်လည်ကူးယူမျှဝေပါသည်။)


 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်