အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အမျိုးသားအများစုသတိမထားမိသောကင်ဆာလက္ခဏာများ

အမျိုးသားအများစုသတိမထားမိသောကင်ဆာလက္ခဏာများ

Written By MyanmarChnnel@ on Wednesday, November 6, 2013 | 7:12 PM

ဘာရောဂါလက္ခဏာပဲဖြစ်ဖြစ်ဆရာဝန်နဲ့ဆွေးနွေးကုသမှုခံယူသူအများစု
ကအမျိုးသမီးများဖြစ်ကြောင်းစနစ်တကျလေ့လာထားတဲ့စစ်တမ်းများက
ဆိုပါတယ်။ဒါ့ကြောင့်အမျိုးသားတေဟာဆရာဝန်နဲ့တွေ့ဆုံမှုအားနည်းသူ
တွေလို့ကောက်ချက်ချလို့ရပါတယ်။အဓိကအကြောင်းအရင်းကတော့အ
မျိုးသားအများစုဟာသာမာန်ထိခိုက်နာကျင်မှုတော်တော်များများကိုလျစ်
လျူရှူပြီးအရေးမထားတတ်ကြလို့ပါပဲ။ဝေဒနာတွေကိုအမှုမဲ့အမှတ်မဲ့သ
ဘောထားတတ်လွန်းတဲ့အတွက်အပ်နဲ့ထွင်းရမယ့်အစားပုစိန်နဲ့ပေါက်ရ
တာမျိုးတွေဖြစ်လာပါတယ်။
ဒါ့ကြောင့်ဒီအဖြစ်မျိုးတွေမဖြစ်ရလေအောင်အမျိုးသားအများစုသတိမပြုမိ
တဲ့ကင်ဆာလက္ခဏာတွေကိုဖော်ပြပေးလိုက်ပါတယ်။


ပင်ပန်းနွမ်းနယ်မှု
အမျိုးသားတွေကပင်ပန်းနွမ်းနယ်တာကိုအလုပ်ကြောင့်လို့ပဲထင်ပြီးသာ
မာန်ပဲသဘောထားတတ်ကြပါတယ်။တကယ်တော့ပင်ပန်းနွမ်းနယ်မှုဟာ
သွေးကင်ဆာ၊အူမကြီးကင်ဆာ၊နဲ့အစာအိမ်ကင်ဆာတွေရဲ့အစပိုင်းလက္ခ
ဏာတွေပဲဖြစ်ပါတယ်။ဒါ့ကြောင့်အိမ်မှာအေးအေးဆေးဆေးနေချိန်တောင်
ပင်ပန်းတယ်လို့ခံစားနေရရင်တော့ဆရာဝန်ဆီအပြေးသွားသင့်ပါပြီ။

ကိုယ်အလေးချိန်ကျဆင်းမှု
ကိုယ်အလေးချိန်ကျဆင်းမှုဟာကင်ဆာရောဂါတော်တော်များများနဲ့ဆက်
နွယ်ပါတယ်။ဒါ့ကြောင့်တမင်ဝိတ်ချတာမျိုးမဟုတ်ပဲကိုယ်အလေးချိန်ကျဆင်း
လာရင်စိုးရိမ်စရာပါပဲ။အမျိုးသားများအနေနဲ့သုံးလ မှ ခြောက်လအတွင်း
ကိုယ်အလေးချိန်ရဲ့ 10% အထိလျော့ကျသွားရင်ကိုယ့်မှာကင်ဆာရောဂါ
ရှိ၊မရှိစစ်ကြည်သင့်ပါပြီ။

စိတ်ဓာတ်ကျခြင်းနှင့်ဝမ်းဗိုက်ပိုင်းကိုက်ခဲမှု
ဝမ်းဗိုက်ကိုက်ခဲနာကျင်တာနဲ့စိတ်ဓာတ်ကျတဲ့လက္ခဏာတွေဟာပန်ခရိယ
ကင်ဆာနဲ့ဆက်စပ်နေတဲ့အတွက်ဒါမျိုးခံစားနေရပြီဆိုရင်မပေါ့ဆသင့်
တော့ပါဘူး။

အရေပြားပြောင်းလဲမှု
အရေပြားပေါ်မှာရှိတဲ့အကွက်တွေကြီးလာတာတို့၊အသားအရေပြောင်းလဲ
လာတာတို့ကြုံတွေ့နေရပြီဆိုသတိထားရပါတော့မယ်။ဘာကြောင့်လဲဆို
ဒီလက္ခဏာတွေဟာအရေပြားကင်ဆာရဲ့ရှေ့ပြေးနမိတ်တွေဖြစ်နေလို့ပါ
ပဲ။
နောက်ထပ်အမျိုးသားအများစုသတိမထားမိတဲ့ကင်ဆာလက္ခဏာတွေက
တော့နာတာရှည်ချောင်းဆိုးခြင်း၊အစာမျိုရခက်ခဲခြင်း၊နဲ့ဆီးပြသနာတွေပဲ
ဖြစ်ပါတယ်။ဒီလက္ခဏာတွေကအမျိုးသားတွေမှာအဖြစ်များတဲ့အစာရေမျို
ကင်ဆာ၊လည်ချောင်းကင်ဆာ၊အူလမ်းကြောင်းကင်ဆာ၊နဲ့ဆီးကျိတ်ကင်
ဆာတွေရဲ့အမှတ်လက္ခဏာတွေဖြစ်တာကြောင့်ဒီလိုလက္ခဏာတွေဖြစ်လာ
ခဲ့ရင်ပေါ့ပေါ့တန်တန်သဘောမထားပဲဆရာဝန်နဲ့တိုင်ပင်ပြသကြပါလို့တိုက်
တွန်းလိုက်ပါတယ်။
(ကျန်းမာရေးစာတိုများ စုစည်းထားမှုမှ ပြန်လည်ကူးယူမျှဝေပါသည်။)

 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်