အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » သူတော်ကောင်းလက္ခဏာ(၂)

သူတော်ကောင်းလက္ခဏာ(၂)

Written By MyanmarChnnel@ on Saturday, November 30, 2013 | 6:45 PM




(ကြီးသူကို ရိုသေလေးစားခြင်း)

ဒုတိယသူတော်ကောင်းလက္ခဏာက ``မိဘဘက် အဘက်ဘက်က အဆက်အသွယ် အမျိုးအနွယ်၌ ကိုယ့်ထက်ကြီးရင့်
ဂုဏ်ဝါမြင့်မှု အသင့်စိတ်ထား ရိုသေလေးစားလေ့ရှိထသော´´တဲ့
ကြီးသူကို ရိုသေ လေးစားရမယ်။ ကြီးတယ်ဆိုတဲ့နေရာမှာ
အသက်ကြီးတာက တစ်မျိုး သီလ သမာဓိ ပညာ ဂုဏ်ကျေးဇူးကြီးတာက တစ်မျိုး ဆိုပြီးနှစ်မျိုးရှိပါတယ်။
မောင်နှမအချင်းချင်းမှာ အကြီးဖြစ်သူကို အငယ်တွေက ``သြော်. . .ငါတို့ရဲ့အကိုကြီး အစ်မကြီးဟာ ငါတို့ကို ငယ်ငယ်ကတည်းက စောင့်ရှောက်ခဲ့တယ်။ မိဘတွေရဲ့ကိုယ်စား ထိန်းသိမ်းခဲ့တယ်´´ဒါမျိုးလေး ကျေးဇူးတရားတွေကို မြင်ပြီး ရိုသေလေးစားရတယ်။
အကြီးဖြစ်တဲ့သူကလည်း ကိုယ့့််ထက်ငယ်တဲ့သူကို``ငါကအကြီးဖြစ်ပေမယ့် သူကအိမ်အတွက် စားဝတ်နေရေးပြေလည်အောင် လုပ်ပေးနေတယ်။ မိဘကိုသူကအနီးကပ်ပြုစုလုပ်ကျွေးနေတာ ငါ့ထက်စာရင် သူကမိဘကိုပိုပြီး
လုပ်ကျွေးပေးတယ်´´ ဒီလိုမျိုးတွေးပြီး ရိုသေလေးစားရတယ်။
အပြစ်ရှိတာတောင်မှ ဂုဏ်လေးတွေ မြင်မိခဲ့ရင် အပြစ်ဆိုတာ ပြေပျောက်သွားတတ်ပါတယ်။ အချင်းချင်းရိုသေလေးစားတာကို တွေ့မြင်ရတဲ့ဂ္ဂ္ဂိုလ်မှာ သိပ်ပြီးငြိမ်းချမ်းတဲ့ရသမျိုးကို ခံစားရပါတယ်။

လေးစားရမယ့်သူနဲ့ဆုံခဲ့ရင်… … … …
ဘုန်းကြီးတို့ ကျောင်းမှာကလည်း ဂါရဝတရားလက်ကိုင်ထားပါ
ဆိုပြီး အမြဲဆုံးမနေရတာပဲ။ သံဃာလောကမှာလည်း ဂါရဝတရားနည်းပါးလာတာတွေ့ရပါတယ်။ ``ဆရာသမားတွေကို မြင်ရင် ဘေးကနေပြီး ရပ်ပေးပါ။ တကယ်လို့ ဆရာသမားနဲ့ လမ်းခုလပ်မှာ ဆုံတယ်။ အခြေအနေပေးခဲ့ရင် ခပ်ဝေးဝေး ၁၂တောင်လောက်က ရှောင်ပြီး သွားပါ။
မလွှဲသာ မရှောင်သာ လမ်းက ကျဉ်းနေပါတယ်ဆိုရင် ဖိနပ်ချွတ်ပြီး ဘေးမှာရပ်ပေးပါ´´ ဒီလိုမျိုး ဆုံးမစကားတွေကို အလျဉ်းသင့်သလို ပြောပေးနေရပါတယ်။
စာသင်ကျောင်းတွေရော ဘုန်းကြီးကျောင်းတွေမှာပါ ဒီယဉ်ကျေးမှုတွေ ပျောက်ကွယ်လုနီးပါး ဖြစ်နေတာ အင်မတန်မှ ဝမ်းနည်းစရာကောင်းတယ်။ ဒီနေ့ခေတ်မှာ ယဉ်ကျေးမှုတွေ တော်တော်ခေါင်းပါးလာတယ်လို့ ခံစားရပါတယ်။ တစ်ခါတရံ ဆရာနဲ့ တပည့် မျက်နှာချင်းဆိုင် တွေ့တယ်။ ပုခုံးချင်းမတိုက်ရင် ကံကောင်းပေါ့။
ဒီလိုအခြေနေမျိုးတွေ တဖြည်းဖြည်းဖြစ်လာပါပြီ။ ကိုယ့်ရဲ့မျိုးဆက်တွေကို
အချင်းချင်း ရိုသေလေးစားဖို့ ပြောဆိုဆုံးမပေးပါ။ ကြောင့်ကြမဲ့ မနေသင့်ပါဘူး။ ဒါဟာ သူတော်ကောင်းတွေရဲ့ အမှတ်အသားဖြစ်ပါတယ်။

ရိုသေလေးစားရာရောက်တယ် … … … …
လောကီရေးရာမှာလည်း ရိုသေလေးစားထိုက်သူကို ရိုသေလေးစားတဲ့ အလေ့အထလေးတွေ ရှိနေတတ်ကြပါတယ်။ ဒီလိုရှိနေခဲ့ရင် နိုင်ငံဟာကြီးပွားတိုးတက်နိုင်ပါတယ်။ သူတော်ကောင်းလက္ခဏာတွေ ကိန်းနေပြီး ငြိမ်းချမ်းတော့တာပါပဲ။
တိုင်ပြည်အတွက် အသက်စွန့်ပြီး လွတ်လပ်ရေးရအောင် လုပ်သွားပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေ လူမျိုးအတွက် အသက်စွန့် အနစ်နာခံသွားခဲ့တဲ့ ပုဂ္ဂိုလ်တွေကို
လောကမှာ ``အာဇာနည်´´ပုဂ္ဂိုလ်တွေလို့ သတ်မှတ်နေကြတယ်။ အနော်ရထာမင်းကြီးတို့ ကျန်စစ်သားမင်းတို့ အလောင်းဘုရား ဦးအောင်ဇေယျတို့ပေါ့။ ဒီဘက်ခေတ်မှာတော့ဗိုလ်ချုပ်အောင်ဆန်းတို့ စသဖြင့်ပေါ့။ နိုင်ငံတော်ကလည်းဗိုလ်ချုပ်အောင်ဆန်တို့ ကွယ်လွန်တဲ့နေ့ကို ``အာဇာနည်နေ့´´ဆိုပြီး သတ်မှတ်ပေးတယ်။ ``အလောင်းဘုရားအသင်း ဆရာစံရပ်ကွက် ဗန္ဓုလလမ်း အနော်ရထာလမ်း ဗိုလ်ချုပ်ပန်းခြံ စသဖြင့် ဂုဏ်ပြု မှည့်ခေါ်ကြတယ်။
ဒါဟာ ကျေးဇူးတရားကို သိတဲ့သဘောပါ။ ဂုဏ်ကျေးဇူး မြင့်မြတ်သူတွေကို ရိုသေလေးစားတဲ့သဘော ဖြစ်ပါတယ်။ ဂုဏ်ကျေးဇူးကြီးမားသူတွေကို လေးစားကြ မြတ်နိုးခြင်းအလေ့ရှိကြတဲ့ နိုင်ငံဟာ သူတော်ကောင်းလက္ခဏာတွေကိန်းပြီး ငြိမ်းချမ်းပါတယ်။ နောင်လာနောက်သားတွေဟာအာဇာနည်ပုဂ္ဂိုလ်တွေရဲ့အကြောင်းကို
သိခွင့်ရတဲ့အခါမှာ ``သြော်. . .စိတ်ဓာတ်တွေ မွန်မြတ်လိုက်ကြတာ
ငါတို့လည်း အတုယူကြိုးစားရမယ်´´ ဒီလိုမျိုး ဓာတ်ခံလေးတွေ ကူးစက်
သွားခဲ့ရင် နိုင်ငံလည်း ကြီးပွါးတိုးတက်နိုင်ပါတယ်။

မှေးမှိန်အောင်လုပ်ခဲ့ရင်… … … … …
ဒါကို ပြောင်းပြန်တွေးကြည့်လိုက်ပါ။ တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံသွားတဲ့ အာဇာနည်ပုဂ္ဂိုလ်တွေ ဂုဏ်ကျေးဇူးကြီးမားတဲ့
ပုဂ္ဂိုလ်တွေရဲ့ အကြောင်းအရာတွေကို မှေးမှိန်အောင် နောက်မျိုးဆက်တွေ မသိအောင် လုပ်ဆောင်နေကြမယ်ဆိုရင် သူတော်ကောင်းလက္ခဏာတွေ တဖြည်းဖြည်းနဲ့ ကင်းသွားပါတယ်။ သူတော်ကောင်းလက္ခဏာကင်းတဲ့ တိုင်းပြည်ကြီးဟာ ကြီးပွါးဖို့ ငြိမ်းချမ်းဖို့ မဖြစ်နိုင်ပါဘူး။
ဒါ့ကြောင့် ဂုဏ်ကျေးဇူးကြီးမားတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဂုဏ်ကျေးဇူးတရားကို အကြောင်းအားလျော်စွာ ထုတ်ဖော်ကြရမယ်။
ရေးသားကြရမယ်။ နောင်လာနောက်သားတွေကို အာဇာနည်ပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ်ကောင်းတွေကို အမွေပေးနိုင်ရပါမယ်။
ဒါမှကိုယ်တိုင်လည်းငြိမ်းချမ်းတဲ့သူတော်ကောင်းဖြစ်နိုင် သလို အခြားသူတွေကိုလည်း ငြိမ်းချမ်းမှုပေးနိုင်တဲ့ သူတော်ကောင်း အစစ်ဖြစ်သွားပါလိမ့်မယ်။ အရှင်ဣန္ဒကာဘိဝံသ(မြစကြာ)
(ကြီးသူကိုရိုသေလေးစားခြင်း. . .ဆက်ပြီးမျှဝေပူဇော်ပါ့မယ်ရှင်)
_/|\_ _/|\_ _/|\_သက်ရှည်ကျန်းမာဘေးရန်ကွာ လိုရာဆန္ဒပြည့်ကြပါစေ. . .
(ဖေ့ဘုတ်မှ ပြန်လည်ကူးယူမျှဝေပါသည်။)
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်