အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက် ထွက်ပေါ်လာရန် ထပ်မံကြာမြင့်နိုင်ဟုဆို

အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက် ထွက်ပေါ်လာရန် ထပ်မံကြာမြင့်နိုင်ဟုဆို

Written By MyanmarChnnel@ on Saturday, November 23, 2013 | 10:25 PM

ရန်ကုန်၊ နိုဝင်ဘာ ၂၃


အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေ နှုန်းထား သတ်မှတ်ပြဋ္ဌာန်းနိုင်ရန် ကြာမြင့်ဦးမည် ဖြစ်ကြောင်း ယင်းသတ်မှတ်ချက် ပေါ်ထွက်ရန် ပါဝင် ဆောင်ရွက်နေသည့် မြန်မာ့ ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့မှ သုတေသီ ဦးအောင်ဟိန်းက ပြောကြားသည်။
“မြန်မြန် လုပ်လိုက်ပြီး မှားရင် ပြန်ပြင်ဖို့ မလွယ်တဲ့ သဘောမို့” ဟု ၎င်းကဆိုသည်။

အနည်းဆုံး အခကြေးငွေ နှုန်းထား သတ်မှတ်နိုင်ရန်အတွက် အလုပ်သမား ကိုယ်စားလှယ်များ၊ အလုပ်ရှင် ကိုယ်စားလှယ်များ၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ မြန်မာ့ ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့တို့ ပူးပေါင်း ဆွေးနွေးပွဲများကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန (ပင်လုံခန်းမ) တွင် နိုဝင်ဘာလ ၂၂ ရက်နေ့က ကျင်းပခဲ့သည်။

ထိုဆွေးနွေးပွဲတွင် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် ကြုံတွေ့ရမည့် အခက်အခဲနှင့် ပြဿနာများ၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်မည့် နှုန်းထား (အလုပ်ရှင်နှင့် အလုပ်သမားများ ရရှိမည့် အကျိုးကျေးဇူးများနှင့် ပြဿနာများ)၊ အနည်းဆုံး အခကြေးငွေပေးမည့် အုပ်စုများနှင့် ပုံစံများကို အခြေခံကာ အုပ်စုလေးစုခွဲ ဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးပွဲတွင် လက်ရှိခေတ် စနစ်ကို စဉ်းစားပြီးမှ သတ်မှတ်စေလိုကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ဆိုသည်။
“မြန်မြန် ပြီးစေချင်ပါတယ်။ ဒါမှလည်း အဆင်ပြေမှာ” ဟု အလုပ်ရှင် ကိုယ်စားလှယ်အဖြစ် တက်ရောက်လာသော Su Yu Ei Co.Ltd. မှ ဒါရိုက်တာ ဦးကြီးစိန်က ဆိုသည်။

အလုပ်သမားများ အခြေခံ လုပ်ခလစာနှင့် ပတ်သက်၍ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်ရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးတင်မောင်ဝင်းက အခြေခံအ လုပ်သမားများ၏ လစာကို အနိမ့်ဆုံး ကျပ်တစ်သိန်းခွဲမှ စ၍ ပေးစေလိုကြောင်း၊ သို့မှသာ အလုပ်သမားများ၏ ရပ်တည်မှုအတွက် အဆင်ပြေနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတကာ စံနှုန်းနှင့် ညီလေ ပိုကောင်းလေ ဖြစ်ကြောင်း၊ လစာတိုးလိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်မလာစေရန်ကိုလည်း တာဝန်ရှိသူများက ထိန်းသိမ်းပေးရန် လိုကြောင်း The Voice သို့ ပြောကြားသည်။

“လစာကို မတရားလည်း တိုးပြီး မလိုချင်ပါဘူး။ ဒါပေမဲ့ လုပ်ရတာနဲ့ တန်အောင်တော့ ရချင်ပါတယ်” ဟု ရွှေပြည်သာ စက်မှုဇုန်မှ အလုပ်သမား ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

The Voice Weekly

   MWRN  (lwan saung)
   http://lwansulay.blogspot.com/ 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်