အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » နေ့စဉ် ကြုံတွေ့နေရသည့် ဝေဒနာများအတွက် ကုသနည်းများ

နေ့စဉ် ကြုံတွေ့နေရသည့် ဝေဒနာများအတွက် ကုသနည်းများ

Written By MyanmarChnnel@ on Thursday, November 7, 2013 | 7:04 PM

အရွတ်ရောင်ရမ်းခြင်း

ကြွက်သားတွေကို အသုံးပြုတာများရင် ကြွက်သား နာကျင်မှု ရသလိုမျိုးပဲ အရွတ်တွေကို အသုံးပြုပါများလွန်းရင်လည်း အရွတ်ရောင်ရမ်းတာ ဒါမှမဟုတ် အရွတ်နာကျင်တာ ဖြစ်တတ်ပါတယ်။ ကြွက်သား နာကျင်တာဟာ ယာယီသာ ကြာတတ်ပေမယ့် အရွတ်ရောင်ရမ်းရင် ရေခဲကပ်တာ၊ အနားယူတာနဲ့ နာရီအနည်းငယ်အတွင်း ပျောက်ကင်းနိုင်ခြေ မရှိဘူးလို့ ဆိုပါတယ်။ အရွတ်ရောင်ရမ်းတာဖြစ်အောင် လှုံ့ဆော်နိုင်တဲ့ ပြဿနာတွေကို မကြာခဏ ပြုလုပ်မိပြီး အဲဒီအရွတ်ကို ဆက်လက် အသုံးပြုနေမယ်ဆိုရင် ဝေဒနာ သက်သာဖို့ အလွန်ခက်ခဲသွားတတ်ပါတယ် ဆိုတာကို ကမ္ဘာကျော် မာရသွန် ကစားသမားမှ အစပြုပြီး လက်နှိပ်စက် ရိုက်သူတွေ သတိထားရမယ့်အကြောင်း အရာပါ။ အရွတ်ရောင်ရမ်းမှု ဖြစ်နေပါက အောက်ပါတို့ကို ပြုလုပ်ပေးပါ။


၁။ အနားပေးပါ

ပြောရတာ လွယ်သလောက် လုပ်ရခက်တဲ့ အရာပါ။ ခြေဖနောင့်ရွတ် ရောင်ရမ်းတာ (Achilles Tendinitis) ရှိတဲ့ အပြေးသမား တစ်ယောက်ဟာ အနည်းဆုံး နှစ်ရက်လောက် အနားမယူရင် ဝေဒနာ သက်သာမှာ မဟုတ်ပါဘူး။ သင်ရဲ့ လုပ်ငန်းသဘာဝကြောင့် အရွတ်ရောင်ရမ်းမှု ဖြစ်လာရင်လည်း နာကျင်နေချိန်မှာ အလုပ်မှ တစ်ရက်၊ နှစ်ရက်လောက် အနားယူသင့်ပါတယ်။

၂။ အချိန်အကြာကြီး အနားမယူသင့်ပါ

အချိန်အကြာကြီး အနားယူနေတာကြောင့် ကြွက်သားတွေ သိမ်သွားတတ်ပါတယ်။ နာကျင်ကိုက်ခဲမှု မရှိတဲ့ လုပ်ဆောင်မှုကို ရွေးချယ်ပြီး ပြုလုပ်ပေးပါ။

၃။ ရေနွေးစိမ်ချိုးပါ

ရေနွေးထဲမှာ ရေစိမ်ချိုးတာကြောင့် ခန္ဓာကိုယ် အပူချိန် မြင့်တက်လာပြီး သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။ ဖိစီးမှုများတဲ့ လုပ်ဆောင်ချက်တွေ မလုပ်ခင် အရွတ်ကို အနွေးဓာတ်ပေးတာဟာလည်း အရွတ်ရောင်တာနဲ့ ဆက်နွှယ်နေတဲ့ နာကျင်မှု လျော့နည်းစေနိုင်ပါတယ်။

၎။ ပြောင်းလဲပါ

အကယ်၍ အရွတ်ရောင်တာဟာ လေ့ကျင့်ခန်းလုပ်တာကြောင့် ဖြစ်ခဲ့ရင် နောက်လေ့ကျင့်ခန်းတစ်မျိုးကို ပြောင်းပြီး ပြုလုပ်ပါ။ ဥပမာအားဖြင့် သင်ဟာ အပြေးလေ့ကျင့်ခန်းလုပ်သူဖြစ်ပြီး ခြေထောက် အရွတ်မှာ ပြဿနာဖြစ်နေရင် ပြေးမယ့်အစား စက်ဘီးစီး လေ့ကျင့်ခန်း လုပ်တာဟာလည်း ခြေထောက် သန်စွမ်းစေတဲ့ လေ့ကျင့်ခန်းပါ။

၅။ ဆွဲဆန့် လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်း ပြုလုပ်ခါနီးတိုင်း ဆွဲဆန့်လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။ ဆွဲဆန့် လေ့ကျင့်ခန်း ပြုလုပ်ထားတာကြောင့် လေ့ကျင့်ခန်း ပြုလုပ်ရာမှာ ဖြစ်တတ်တဲ့ ကြွက်သားနဲ့ အရွတ်တိုတောင်းမှု မရှိအောင် ကာကွယ်ထားနိုင်ပါတယ်။

၆။ ရေခဲကပ်ပါ

လေ့ကျင့်ခန်း ပြုလုပ်ပြီးရင် ရေခဲကပ်တာဟာ နာကျင်တာနဲ့ ရောင်ရမ်းတာအတွက် အလွန်ကောင်းမွန်ပါတယ်။ ဒါပေမဲ့ နှလုံးရောဂါ၊ ဆီးချိုရောဂါ ဒါမှမဟုတ် သွေးကြောပြဿနာရှိသူတွေဟာ ရေခဲ အသုံးပြုတာကြောင့် ရေခဲဟာ သွေးကြောတွေကို ကျဉ်းမြောင်းစေတတ်တာမို့ အထူးဂရုစိုက်ရပါမယ်။

၇။ အောက်ပါအတိုင်း ပြုလုပ်ပါ

- နာကျင်တဲ့ အရွတ်ပေါ်ကို ပူနွေးပြီး စွတ်စိုမှုရှိတဲ့ မျက်နှာသုတ်ပဝါ ကပ်ထားပါ။ ပြီးရင် ပလတ်စတစ်အိတ် တင်ပါ။ ပြီးရင် ရေနွေးအိတ် ကပ်ပြီးနောက် အဲဒီပစ္စည်းတွေ နေရာတကျရှိအောင် Elastic ပတ်တီးနဲ့ စည်းထားပေးပါ။ နှစ်နာရီမှ ခြောက်နာရီခန့် ထားရပါမယ်။ နာကျင်တဲ့ အစိတ်အပိုင်းကို နှလုံးနေရာထက် အမြင့်မှာ ထားနိုင်မယ်ဆိုရင် ပိုမိုအကျိုးရှိပါတယ်။

၈။ ပတ်တီးစည်းပါ

ရောင်ရမ်းနေတဲ့ နေရာကို Elastic ပတ်တီးနဲ့ စည်းထားတာဟာလည်း ရောင်ရမ်းမှုကို လျော့ကျစေနိုင်ပါတယ်။ ဒါပေမဲ့ ရောင်ရမ်းနေတဲ့ နေရာမှာ တင်းကျပ်စွာ ပတ်တီးစည်းတာ ဒါမှမဟုတ် အချိန်အကြာကြီး ပတ်တီးစည်းထားတာတွေ မပြုလုပ်ရပါ။ သွေးလှည့်ပတ်မှုကို ထိခိုက်စေနိုင်တတ်လို့ပါ။

၉။ ဒေါက်မြင့်ဖိနပ်စီးပါ

ခြေဖနောင့်ရွတ် ရောင်ရမ်းတာ (Achilles Tendinitis) ရှိသူတွေဟာ ဒေါက်မြင့်ဖိနပ် ဒါမှမဟုတ် နွားကျောင်းသားဘွတ်ဖိနပ် စီးထားသင့်ပါတယ်။ ခြေဖနောင့်ကို မြေပြင်ပေါ်မှ မြှင့်တင်ထားနိုင်တာမို့ ကြွက်သားနဲ့ အရွတ် ခက်ခက်ခဲခဲ အလုပ်မလုပ်ရတာကြောင့်ပါ။

၁၀။ နှလုံးထက်မြင့်တဲ့နေရာမှာ ထားပါ

ရောင်ရမ်းထိခိုက်မှုရှိတဲ့ အစိတ်အပိုင်းကို နှလုံးအဆင့်ထက် မြင့်တဲ့နေရာမှာ ထားနိုင်မယ်ဆိုရင် ရောင်ရမ်းတာတွေ လျော့ကျသွားနိုင်ပါတယ်။

၁၁။ ဆေးဆိုင်ပေါ်မှာ တင်ရောင်းတဲ့ဆေးသောက်ပါ

အက်စပရင်၊ အိုင်ဘူပရိုဖင်လိုမျိုး စတီးရွိုက် မပါဝင်တဲ့ ရောင်ရမ်းမှု ပျောက်ဆေးတွေဟာ အရွတ် ရောင်ရမ်းသူတွေအတွက် နာကျင်မှုဝေဒနာနဲ့ ရောင်ရမ်းတာတွေ သက်သာနိုင်ပါတယ်။

၁၂။ သန်စွမ်းအောင် လေ့ကျင့်ပါ

အလေးမ လေ့ကျင့်ခန်း ပြုလုပ်ပြီး ကြွက်သားတွေ သန်မာအောင် ပြုလုပ်နိုင်ပါသည်။

(ကျန်းမာရေးစာတိုများ စုစည်းထားမှုမှ ပြန်လည်ကူးယူမျှဝေပါသည်။)

 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်