အချစ်မှာ ချိုမြိန်မှုပဲ ရှိမယ်လို့
ငါတွေးထင်ခဲ့တာပါ..
စူးရှတဲ့ ဆူး ရှိနေမှန်းကို မသိခဲ့ဘူး
အချစ်မှာ ပျော်ရွှင်မှုပဲ ရှိမယ်လို့
ငါထင်ခဲ့တာပါ
ဝမ်းနည်းစရာအဖြစ်လဲရှိမှန်း မသိခဲ့ဘူး
အချစ်မှာ အတူရှိနေကြမယ်လို့ပဲ
ငါယုံကြည်ထားတာပါ
ဝေးကွာကြရမယ်ဆိုတာ ငါမသိခဲ့ပြန်ဘူး
အချစ်မှာ ကြင်နာခြင်းပဲ ရှိမယ်လို့
ငါသိထားခဲ့တာပါ
မျှော်လင့်ခြင်းတွေ ရှိနေမှန်း ငါမသိခဲ့ဘူး
အချစ်မှာ ကြည်နူးခြင်းပဲရှိမယ်လို့
တွေးခဲ့တာပါ
ခံစားရခက်တဲ့ အလွမ်းတွေရှိနေမှန်း ငါ မသိခဲ့ဘူး
အချစ်ကိုလက်ခံလိုက်တော့
ငါ့မှာ အချစ်ကပေးတဲ့ ဆူးတွေနဲ့
ထက်လှတဲ့ ဓားသွားလို တမ်းတခြင်းတွေရဲ့
အိပ်မက်ကမ္ဘာမှာ အလွမ်းတွေနဲ့ ငါ
ရူးနေမိတယ် ချစ်သူရယ်.....
လွမ်းဆုလေး(ခ) ဆုလေးနွယ်
ရူးနေမိတယ်
Written By MyanmarChnnel@ on Tuesday, November 12, 2013 | 7:31 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment