အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ကားမူးပြီးအန်တတ်ခြင်း(Motion Sickness)

ကားမူးပြီးအန်တတ်ခြင်း(Motion Sickness)

Written By MyanmarChnnel@ on Thursday, November 28, 2013 | 6:53 PM

ကားမူးပြီးအရမ်းအန်တာ Motion Sickness ကြောင့်ပါ။မဖြစ်ခင်ကတည်းက
ဆေးကြိုသောက်ရင်သောက်ဒါမှမဟုတ်ဆေးကပ်ခွာကပ်၊ကြိုလုပ်ရပါတယ်။
Hyoscine ဆိုတဲ့ဆေးပါ။အန်လာပြီဆိုရင်တော့ Antiemetics လို့ခေါ်တဲ့
အအန်လျော့ဆေး၊ပျောက်ဆေးတိုက်ရပါမယ်။Domperidone 10-20 mg
ကိုခြောက်နာရီခြားတိုက်လို့ရပါတယ်။တစ်နေ့ကို80 mg ထက်တော့မကျော်
စေရပါဘူး။
-ရေနည်းနည်းချင်း၊ဓာတ်ဆားနည်းနည်းချင်းတိုက်ပေးပါ။
-လေကောင်းလေသန့်ရအောင်လုပ်ပေးပါ
-အစာအပူအစပ်အမာတွေထက်နူးလွယ်၊ကြေလွယ်တဲ့အစားအစားမျိုးကို
ကျွေးပါ။
-အိပ်ရေးဝအောင်အိပ်ခိုင်းပါ။

အရမ်းမူးပြီးချွေးစေးများထွက်လာလျှင်

အရမ်းမူးပြီးချွေးစေးတွေထွက်ရင်အန္တရာယ်ရှိနိုင်ပါတယ်။သွေးထဲကအချို
ဓာတ်အရမ်းကျသွားတဲ့အခါမျိုး၊နားထဲကအမူးထိန်းတဲ့ကိရိယာလေးအ
ကြောင်းတစ်စုံတစ်ရာကြောင့်ရောင်ရမ်းသွားတဲ့အခါမျိုးတွေမှာအရမ်းမူးတာ
မျိုးဖြစ်တတ်ပါတယ်။ဦးနှောက်မှာရှိတဲ့Cerebellum လို့ခေါ်တဲ့အစိတ်အပိုင်း
မှာပြသနာတစ်စုံတစ်ခုခုရှိနေတာမျိုး၊ဦးနှောက်ကိုသွားတဲ့သွေးကြောတွေ
ကျဉ်းနေတာမျိုးတို့မှာလည်းမူးတတ်ပါတယ်။အသက်အရွယ်ရယ်၊အခြေခံ
အကြောင်းတရားရောဂါတွေရှိနေတာရယ်၊ဘယ်လိုအခြေအနေမျိုးမှာဖြစ်တာ
လဲဆိုတာရယ်ပေါ်မူတည်ပါတယ်။

မူးမောခြင်းနှင့်အချဉ်ထုပ်စားခြင်း

သွေးတွင်းအချိုဓာတ်ကျသွားပြီးမူးတာ၊ချွေးစေးပြန်တာမျိုဒကိုကစီဓာတ်၊
ဂလူးကို့စ်ဓာတ်ပါတဲ့အစားအစာမျိုးအချိုရည်မျိုးသောက်လိုက်ရင်ချက်ချင်း
သက်သာစေပါတယ်။အချဉ်ထုပ်(သန့်သန့်ရှင်းရှင်း)တွေမှာဗီတာမင်စီဓာတ
နဲ့ဂလူးကို့စ်ဓာတ်တွေပါတဲ့အတွက်အထိုက်အလျောက်အမူးပြေစေပါတယ်။
မသန့်ရှင်းတဲ့အချဉ်ထုပ်စားမိရင်တော့ဝမ်းပျက်ဝမ်းလျောတာ၊ပျို့အန်တာ၊
သန်ကောင်စွဲတာတွေဖြစ်တာတော့သတိထားဖို့လိုပါတယ်။

မူးမော်ခြင်းနှင့်အမူးပြေဆေး
ကားမူးတာ၊ရထားမူးတာ၊လေယာဉ်စီးရင်မူးတာမျိုးကို Motion Sicknessလို့
ခေါ်ပါတယ်။ဒီလိုဖြစ်တတ်တဲ့သူတွေအနေနဲ့ကားမစီးခင်ကတည်းက Hyo
scine Hydrobromide ဆိုတဲ့ဆေးကိုကြိုသောက်ထားရပါမယ်။မူးမှ၊အန်မှ
သောက်ရတာမျိုးမဟုတ်ပါဘူး။နာရီဝက်ကြိုပြီး 150-300micrograms
ကြိုသောက်ရပါမယ်။ခြောက်နာရီခြားတစ်ခါထပ်သောက်ရပြီး24နာရီအတွင်း
900microgramsထက်တော့မကျော်စေရပါဘူး။

မူးမော်ခြင်းနှင့်အမူးပြေစေသောပလတ်စတာကပ်ခြင်း
အဲဒီ Hyoscine ကိုပဲကပ်ခွာအနေနဲ့လာတာရှိပါတယ်။ချက်ရယ်မှမဟုတ်ပါ
ဘူး။မွေးအမျှင်မရှိတဲ့နေရာမှန်သမျှကပ်လို့ရပါတယ်။များသောအားဖြင့်
နားအနောက်ဖက်မှာကပ်လေ့ရှိပါတယ်။Patch(ကပ်ခွာ)တစ်ခုမှာဆေး
ပမာဏ1mg ပါလေ့ရှိပါတယ်။ခရီးမသွားခင် 5နာရီ 6နာရီလောက်တစ်ပြား
ကြိုကပ်ရပါမယ်။72နာရီအထိကပ်ထားလို့ရပြီးလိုအပ်ရင်နောက်တစ်ပြား
ကိုနောက်နားတစ်ဖက်နောက်မှာထပ်ကပ်လို့ရပါတယ်။

*အသက် 10နှစ်အောက်ကလေးတွေမသုံးရပါဘူး။

မူးမော်ခြင်းနှင့်အစားအစာများ
ဗိုက်ပြည့်အောင်စားခြင်း
ခရီးသွားရင်ဗိုက်ပြည့်အောင်မစားသင့်ပါဘူး။ကားမူးတတ်သူတွေဆိုပိုဆိုးပါ
တယ်။အလွယ်တကူအန်ထွက်လာတတ်ပါတယ်။နူးလွယ်၊ကြေလွယ်တဲ့အ
စားအစာကိုသင့်တင့်ရုံတော့စားသွားဖို့လိုပါတယ်။ဒီလိုအစာမျိုးကိုလည်း
အလွယ်တကူစားလို့ရအောင်ဆောင်သွားရပါမယ်။လုံးသမစားဘဲလည်း
မသွားသင့်ပါဘူး။
(ကျန်းမာရေးအတွက်သိသင့်သည်များစုစည်းထားမှု မှပြန်လည်ကူးယူမျှဝေပါသည်။)
 

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်