အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အစာအိမ်အူလမ်းကြောင်းဝေဒနာများကြောင့်အန်လျှင်

အစာအိမ်အူလမ်းကြောင်းဝေဒနာများကြောင့်အန်လျှင်

Written By MyanmarChnnel@ on Thursday, November 28, 2013 | 6:55 PM

အစာအိမ်အူလမ်းကြောင်းမှာရောင်ရမ်းမှုဖြစ်တာ၊အနာဖြစ်တာ၊ပိတ်ဆို့တာ၊
ကင်ဆာနဲ့သွေးမ၀တာတွေကြောင့်အန်စေနိုင်ပါတယ်။အစာအိမ်၊အူသိမ်၊
အူမကြီး၊အသည်း၊သည်းခြေ၊ပန်ကရိယ စတဲ့အစာအိမ်အူလမ်းကြောင်းတစ်
လျှောက်ကအင်္ဂါအစိတ်အပိုင်းတစ်ခုခုရောင်ရမ်းမှုဖြစ်ရင်ဒါမှမဟုတ်အနာ
ဖြစ်ရင်ဒါမှမဟုတ်ပိတ်ဆို့မှုဖြစ်ရင်ဒါမှမဟုတ်ကင်ဆာဖြစ်ရင်...စတဲ့အခြေ
အနေတွေကြောင့်အန်တတ်ပါတယ်။အန်တာကရောဂါမဟုတ်ပါဘူး။ရော
ဂါလက္ခဏာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်အခန့်မသင့်ရင်အန်တာများပါတယ်။
အန်တဲ့အခါအစာအိမ်ရောဂါကြောင့်ဖြစ်ရင်ထွက်လာတဲ့အစာတွေကစားထား
တဲ့အစာတွေပါတာများတယ်။အချဉ်တွေပါတတ်ပါတယ်။ဥပမာ-ထမင်းစား
ထားရင်ထမင်းတွေပါတတ်ပါတယ်။အဲဒီလိုစားလက်စအစာတွေပါတာများ
ပါတယ်။
တကယ်လို့အန်တဲ့အထဲမှာအစိမ်းရည်တွေပါလာရင်သည်းခြေရည်တွေဖြစ်
ပြီးအူသိမ်ရောဂါတွေကြောင့်ဖြစ်တတ်ပါတယ်။
တကယ်လို့အူပိတ်ရောဂါဖြစ်တယ်ဆိုရင်တော့အစပိုင်းမှာအချဉ်ရည်တွေပါ
လာတယ်။နောက်ပိုင်းအစိမ်းရည်တွေထွက်လာတယ်။နောက်ပိုင်းအ၀ါရည်
တွေပါလာတယ်။အချဉ်ဓာတ်တွေပါလာတယ်ဆိုရင်အူအရင်းပိုင်းကပိတ်တာ
ဖြစ်နိုင်ပါတယ်။
အန်တဲ့အရည်ထဲမှာသွေးတွေပါလာရင်ကောင်ဖီရောင်တွေအန်တတ်ပါတယ်။
သွေးထွက်တာအရမ်းများရင်သွေးစိမ်းတွေလည်းအန်ပြီးထွက်တတ်ပါတယ်။
အန်တယ်ဆိုတာရောဂါအတော်များများရဲ့လက္ခဏာဖြစ်နေပါတယ်။အစာ
အိမ်အနာဖြစ်ရင်လည်းအန်တာပဲ၊အစာအိမ်ကင်ဆာဖြစ်ရင်လည်းအန်တာ
ပဲ၊အန်တာကြောင့်ရောဂါကြီးကြီးမားမားဖြစ်နေပြီလို့ပြောလို့မရပေမယ့်
ရောဂါကြီးကြီးမားမားတွေရဲ့လက္ခဏာတွေထဲမှာအန်တာကအမြဲလိုလိုပါနေ
တာပါပဲ။
အန်တာကအရမ်းအဖြစ်များပါတယ်။အန်တဲ့လူနာတွေကနိစ္စဓူဝဆိုသလိုဆေး
ခန်းကိုလာကြတာများပါတယ်။အဖြစ်အများဆုံးကတော့အစာအိမ်ရောင်တာ
ပဲဖြစ်ပါတယ်။
အစာစားလိုက်ရင်ဗိုက်အောင့်တယ်၊အန်တယ်ဆိုပြီးလာရင်အစာအိမ်ရောင်
တာဖြစ်နိုင်ပါတယ်။
ရုတ်တရက်ဗိုက်အလယ်လောက်မှာအောင့်ပြီးနာတယ်ဆိုရင်အူအတက်
ရောင်တာဖြစ်နိုင်ပါတယ်။
များသောအားဖြင့်စားတိုင်း၊စားတိုင်းအန်တယ်ဆိုရင်အစာအိမ်အနာရှိနေလို့
ဖြစ်နိုင်ပါတယ်။တစ်ရက်တစ်ခါ၊နှစ်ရက်တစ်ခါဆိုသလိုအန်တယ်ဆိုရင်အစ
အိမ်ထွက်ပေါက်ပိတ်တာဖြစ်နိုင်ပါတယ်။အန်လည်းအန်တယ်၊ပိန်ချုံးနေတယ်
ဆိုရင်အစာအိမ်ကင်ဆာဖြစ်နိုင်ပါတယ်။
အန်တဲ့အခါဆရာဝန်တော်တော်များများကရောဂါကိုမှန်မှတ်ကန်ကန်ရှာဖွေ
တွေ့ရှိပြီးကုသမှုပေးနိုင်ပါတယ်
ကလေးတွေမှာဆိုရင်အထူးသဖြင့်မွေးကင်းစကလေးတွေအန်တယ်ဆိုရင်
ပိုပြီးသတိထားသင့်ပါတယ်။ကလေးတွေကသွေးလွန်တုပ်ကွေးဖြစ်ရင်ဖျား
လည်းဖျားတယ်၊အန်လည်းအန်တတ်ပါတယ်။ကလေးတွေမှာကရောဂါ
ကြောင့်တင်မကရောဂါပိုးတွေဝင်လာရင်လည်းအန်တတ်ပါတယ်။
အန်ပြီဆိုရင်အန်တာနဲ့တွဲပြီးဘယ်လိုလက္ခဏာတွေဖြစ်သလဲဆိုတာအပေါ်
မူတည်ပြီးရောဂါကိုစဉ်းစားရပါတယ်။အန်တာနဲ့အတူဝမ်းလျှောသလား၊
ဝမ်းချုပ်သလား၊ဗိုက်အောင့်သလား...စတဲ့အချက်တွေကိုကြည့်ပြီးရောဂ
ရှာဖွေရပါတယ်။

အန်တဲ့အခါလူနာတွေအနေနဲ့သက်သာရာရစေဖို့လိုက်နာသင့်တဲ့အချက်
လေးတွေရှိပါတယ်။
(၁)အန်တဲ့အချိန်မှာအစာမစားတာကောင်းပါတယ်။
(၂)ဖြစ်နိုင်ရင်အဖတ်မစားသင့်ပါဘူး။အရည်လေး၊အချိုရည်လေးပဲသောက်
သင့်ပါတယ်။
(၃)အန်တာများတယ်ဆိုရင်ဒါမှမဟုတ်အန်တာနဲ့အတူဝမ်းလျှောတာလည်း
တွဲဖြစ်တယ်ဆိုရင်သွေးပေါင်ကျတတ်ပါတယ်။ရေဓာတ်လည်းခန်းတတ်ပါ
တယ်။အဲဒီအခါဆိုရင်တော့ဓာတ်ဆားရည်သောက်သင့်ပါတယ်။ဓာတ်ဆား
ရည်သောက်လို့လက်မခံပဲအန်တယ်ဆိုရင်ဆေးရုံ၊ဆေးခန်းကိုသွားပြီးကုသ
မှုခံယူဖို့လိုအပ်ပါတယ်။ရေဓာတ်နဲ့ဓာတ်ဆားဓာတ်မခန်းအောင်အကြော
ဆေးသွင်းဖို့လိုပါတယ်။
(၄)အအန်ပျောက်ဆေးသောက်လို့ဆေးကအန်တဲ့အထဲပြန်ပါသွားတယ်
ဆိုရင်တော့ဆေးရုံ၊ဆေးခန်းကိသွားပြဖို့လိုအပ်နေပါပြီ။

ပါမောက္ခဦးအေးမွန်
ခွဲစိတ်ဆရာဝန်ကြီး
(ကျန်းမာရေးအတွက်သိသင့်သည်များစုစည်းထားမှုမှ ပြန်လည်ကူးယူမျှဝေပါသည်။)


 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်