ဓာတ်ပုံပညာကို လေ့လာလိုက်စားကြသူတိုင်းသည် ဓာတ်ပုံကိရိယာ(ကင်မရာ)၏ သဘောတရား သို့မဟုတ်
ကင်မရာ၏အလုပ်လုပ်ပုံ သဘောကို သိရှိနာလးည်ထားရန် လိုအပ်ပါသည်။ ကင်မရာအမျိုး အစား မည်မျှ
ကွဲပြာနေစေကာမှု ကင်မရာတို့၏ အလုပ်လုပ်ပုံ အခြေခံ သဘော တရားမှာ အတူတူပင်ဖြစ် ပါ သည်။
တိုတိုနှင့် ရှင်းရှင်းလွယ်လွယ် ရေးရလျှင် ကင်မရာဆိုသည်မှာ ထိပ်တစ်ဘက်တွင် မှန်ဘီလူ တပ်ဆင်ထား၍
ဆန့်ကျင်ဘက်နေရာတွင် ဓာတ်ပုံရိုက်ဖလင်(သို့မဟုတ်)မန်မိုရီကဒ်ကို တပ်ဆင်ထည့်သွင်းထားပါသည်။
ကင်မရာရှေ့တွင်ရှိသည့် လူရငပ် ရှုခင်း အရာဝတ္ထုများ၏ သဏ္ဍာန်ကို တပ်ဆင်ထား သည့် မှန်ဘီလူးမှ
တဆင့် ဓာတ်ပုံရိုက်သည် ဖလင် (သို့မဟုတ်) မန်မိုရီကဒ်ထဲသို ထပ်ဟက်သည့် သဘောပင်ဖြစ်ပါသည်။
တဆင့် ဓာတ်ပုံရိုက်သည် ဖလင် (သို့မဟုတ်) မန်မိုရီကဒ်ထဲသို ထပ်ဟက်သည့် သဘောပင်ဖြစ်ပါသည်။
ရှက်တာ
ရှက်တာ၏ သဘောမှာ မှန်ဘီးလူမှတဆင့် ကင်မရာအတွင်းသို့ ၀င်ရောက်လာသည့် အလင်းရောင်
ကို ထိန်းချုပ်ရန်
ဖွင့်ပိတ်သည့် ကိရိယာပင်ဖြစ်ပါသည်။တစက္ကန့်၏အစိတ်အပိုင်းအချိန်မှ မိမိလိုသဘောက် ကြာမြင့်သည့်
အချိန်အတိုင်းအဆလိုက် အလင်းရောင်ဝင်နိုင်စေရန် ရှက်တာကို စက်ကိရိယာများဖြင့်
ပြုလုပ် ထားတတ်လေးသည်။ရှက်တာမှာ ပုံသဏ္ဍာန် အရွယ်စသည်အားဖြင့် အမျိုးမျိုးရှိသော်လည်
သဘော မှာ အတူတူပင် ဖြစ်ပါသည်။
ဒိုင်ယာဖရမ်(သို့မဟုတ်)မှန်ဘီလူး အကျဉ်အကျယ်
မှန်ဘီးလူများတွင် အလင်းရောင် အနည်းအများ လိုသလို ဖြက်သန်း၍ ဖလင်သို့ ရောက်နိုင်ရ
န် ဒိုင်ယာ ဖရမ်ခေါ် အပေါက် အကျဉ်း အကျယ်ပြုလုပ်ပေးနိုင်သည့် ကိရိယာ တပ်ဆင်ထားပါသည်
. လည်ကောင်ကို အပါချာ(Aperture) ဟုလည် ခေါ်ပါသည်။ အပါချာ၏ အရွယ်အစား ပမာဏကို
အက်ဖ်(F) အမှတ်အ သားဖြင့် မှတ်သားထားပါသည်။အပါချာကျယ်လေ
အက်ဖ်(F)အမှတ်အသား ဂဏာန်းငယ်လေးဖြစ်ပြီး အပါချာ ကျဉ်းလေး
အက်ဖ်အမှတ်အသား ဂဏာန်းကြီးလေးဖြစ်ပါသည်။
မှန်ဘီလူးမှ ဖလင်အကွာအဝေးကို Focal Lenght of the lens ဟုခေါ်သည်။မှန်ဘီလူးနှင့် ဖလင်အကွာ
အဝေးကိုတည်၍ မှန်ဘီလူ၏ အချင်းဖြင့် စာလျှင် အပါချာတွင် မှတ်သားထားသည့်
အက်ဖ်အမှတ်အသား များကို ရရှိနိုင်ပါသည်။
ပြက်သားမှု၏ ပမာဏ
ပြတ်သာမှု ပမာဏသည် အပါချာ အကျဉ်းအကျယ်နှင့် အကားအဝေးကို ပြတ်သားအောင် ချိန်ထားသည့်
(ဖိုးကပ်စ်လုပ်သည်) ဆိုသည့်အပေါ်တွင် မူတည်ပါသည်။ အရာဝတ္ထု တစုံတစ်ခုကို ပြတ်သားအောင်
ကင်မရာဖြင့် ချိန်ထား(ဖိုးကပ်စ်လုပ်ထား)လျှင် လည်းကောင်ချိန်ထားသည့် အရာဝတ္ထု၏ ရှေ့ ဘက်နှင့်
နောက်ဘက်တို့ပါ ပြတ်သာမှုရှိပါသည်။ထို့သို့ ရှေ့နှင့်နောက် ပြတ်သားသည့် အကွာအဝေ ဇုံနယ်ကို
ဒက်ဖ်အော့ဖ်ဖီးလ်(Depth of Field) ပြတ်သားမှု၏ ပမာဏဟုခေါ်သည်။
အရာဝတ္ထုပြတ်သားအောင်
ချိန်ထားလျှင်(ဖိုးကပ်စ်လုပ်ထားလျှင်)ထို့အရာဝတ္ထု၏ ရှေ့ဘက်ထက် နောက်ဘက်ပိုင်းက
ပိုမို၍ ပြတ်သား မှု ပမာဏ ပိုမိုကြောင်း စိတ်တွင် စွဲမှတ်ထားရပါမည်။ထို့အပြင်
ဖိုးကပ်စ်လုပ်ထားသည့် အရာဝတ္တုသည်
ပိုမို၍ ပြတ်သား မှု ပမာဏ ပိုမိုကြောင်း စိတ်တွင် စွဲမှတ်ထားရပါမည်။ထို့အပြင်
ဖိုးကပ်စ်လုပ်ထားသည့် အရာဝတ္တုသည်
ကင်မရာနှင့်နီးလျှင် ထိုအရာဝတ္တု၏ ရှေ့နှင့်နောက်အကြား ပြတ်သားမှု အကွာအဝေးဇုံ
ပမာဏသည် ကျဉ်၍ သွားပါမည်။ထို့အပြင်မှန်ဘီလူးကို တပ်ဆင်အသုံးပြုလျှင်သော်လည်းကောင်
အထက်ပါ အတိုင်း ပြတ်သားမှု အကွာအဝေးဇုံ ပမာဏသည် နည်း၍သွားပါမည်။ ထို့ကြောင့်
(၁) ပြတ်သားအောင် ချိန်ထားသည့်( ဖိုးကပ်စ် လုပ်ထားသည့်) အကွာအဝေး
(၂) မှန်ဘီလူး အကျဉ်းအကျယ်(အပါချာ)
(၃) မှန်ဘီလူး၏ (ဖိုကယ်လင့်သ်) အကြီးအသေး စသည့်တို့မှာ ပြတ်သာမှု၏ ပမာဏကို ပြုပြင်ပြောင်း လွဲစေနိုင်သည့် အချက်များဖြစ်ပါသည်။
ယခင်က ပြတ်သားမှု ပမာဏအတွက် စာရင်းဇယားများကို ကြည့်ရှုမှတ်သားရသောလည် ယခုအခါတွင် မှတ်သားပါရှိသဖြင့် လွယ်ကူစွာ ကြည့်ရှုလေ့လာနိုင်ကြပါသည်။
ပုံသေချိန်ထားသော မှန်ဘီလူး Fixed-focus- Lens တပ်ဆင်ထားသည့် ကင်မရာများမှာ ၈ပေခန့်မှ
အဝေးဆုံးအထိ ပြက်သားမှုရှိပါသည်။ ၈ပေအထက် နီး၍ ပြတ်သားမှုကို အလိုရှိလျှင် မှန်ဘီလူး အပို
တပ်ဆင် အသုံးပြုနိုင်ပါသည်။
မှန်ဘီလူး
အပါချာကို ကြည့်ခြင်းအားဖြင့် မှန်ဘီလူးတစ်ခု၏ အားကောင်းမကောင်းသိရှိနိုင်ပါသည်။
မှန်ဘီလူးအား မည်မျှပင် ကောင်းစေကာမှု မှန်ဘီလူး၏ အရည်အချင်းဖြစ်သေ
ဒက်ဖိနီရှင်း(Definition)ခေါ် ဓာတ်ပုံ ရိုက်ကူးသည့်အခါ ကြည်လင်ပြတ်သားမှု ဒီတေးလ်ခေါ်
အနုစိတ် လက္ခဏာများပေါ်လွင်မှု
အနုစိတ် လက္ခဏာများပေါ်လွင်မှု
စသည့် လက္ခဏာများ ရရှိစေနိုင်မှသာ မှန်ဘီလူးကောင်းတစ်ခုဟု သိမှတ်နိုင်ပါမည်။
မှန်ဘီလူး အားကောင်းမှသာ လျှင်မြန်သည့် ရှတ်တာများကို တပ်ဆင်နိုင်ပေမည်။မှန်ဘီလူးအားနည်းလျှင်
လျင်မြန်သည့် ရှတ်တာ တပ်ဆင်ရိုက်ကူးပါက အလင်းရောင် ကောင်းစွာရနိုင်မည် မဟုတ်ပေ။
မှန်ဘီလူးကလည်း အားကောင်းမည် လျင်မြန်သည့် ရှတ်တာလည်း တပ်ဆင်ထားမည်ဆိုပါက
နေရာမရွေး အချိန်မရွေး မိမိလိုသလို ပုံကောင်းရရှိအောင် ရိုက်ကူးနိုင်ပေမည်။
မှန်ဘီလူး အားနည်းသည့် F8 နှင့် F11 စသည့် အပါချာ ပါသည့်မှန်ဘီလူးများမှာ
အများအားဖြင့်မင်နစ်ကပ် (Meniscus) ခေါ် တစ်ထပ်တည်းသာရှိသည့် မှန်ဘီလူးသာ ဖြစ်တတ်၍
မှန်ဘီလူးအား F5.6 မှ အထက် F 16 စသည့် အားအလွန်ကောင်းသည့် မှန်ဘီလူးတို့မှာ မှန်အခုံးအခွက်
အထပ်ထပ်ဖြင့် တပ်ဆင်ပြုလုပ် ထားတတ်လေသည်။အချို့မှာ မှန်အထပ်ထပ်ဖြင့် တပ်ဆင်ပြုလုပ်
ထားတတ်လေသည်။ မှန်ဘီလူး အထပ်များ များပါလျှင် Definition ကောင်းသည်ဟု အယူရှိကြလေသည်။
မှန်ဘီလူးအထပ်များလာသဖြင့် တစ်ထပ်နှင့်တစ်ထပ်ကြား အရောင်းပြန်ခြင်းနည်းနိုင်သမျှ နည်းစေရန်
မှန်ဘီလူးအား ကုတ်(Coat)လုပ်ထားကြပါသည်။ ကုတ်(Coat) လုပ်သည်ဆိုသည်မှာ မှန်ဘီလူးတွင်
ပါဝင် သည့် မှန်အထပ်တိုင်းကို ဓာတ်ငွေ့ဖြင့် သုတ်လိမ်းထားခြင်းပင်ဖြစ်သည်။
ပါဝင် သည့် မှန်အထပ်တိုင်းကို ဓာတ်ငွေ့ဖြင့် သုတ်လိမ်းထားခြင်းပင်ဖြစ်သည်။
ကုတ်လုပ်ထားခြင်းအားဖြင့် မှန်ထပ်များအတွင်း အရောင်ပြန်ခြင်း၊ အလင်းပြန့်လွင့်ခြင်း လျော့နည်းသွားပြီး
အလင်းအားပိုမို၍ မှန်ဘီလူးအတွင်း ဖြတ်သန်းဝင်ရောက်နိုင်ပါသည်။
အလင်းအား ပိုမိုဝင်ရောက်နိုင်ခြင်းဖြင့် ရိုးရိုး Uncoated မှန်ဘီလူးဖြင့် F4.5 အပါချာ ထား၍ရိုက်ရမည့်
နေရာတွင် ကုတ်လုပ်ထားသော မှန်ဘီလူးဖြင့် F 5.6 ဖြင့် ရိုက်နိုင်မည်ဟု ဆိုပါသည်။
ထို့ပြင် ပုံများကို ကွန်ထရပ်ခေါ် အဖြူ အမည်း ကွဲပြားခြားနားမှု ပိုမိုကောင်းစေခြင်း ပြတ်သားကြည်လင်မှု
ပိုမိုလာစေခြင်း
စသည့် အချက်များကိုလည် ဖြစ်စေပါသည်။
ကုတ်လုပ်ထားသည့် မှန်ဘီလူးများ၏ အရောင်းမှာ အပြာနှင့်မရမ်ရင့်ရောင်များ
သန်းနေ၍ အချို့မှန်ဘီလူးများတွင်
သန်းနေ၍ အချို့မှန်ဘီလူးများတွင်
အညိုရောင်များ သန်းနေတတ်လေသည်။ တစ်ခါတရံ ယင်းမှန်ဘီလူးများကို
ကုတ်လုပ်သည်“ု မခေါ်ကြပဲ ဗလွန်းမ်လင့်စ်(Bloomed Lens )ဟု ခေါ်ပါသည်။
ထို့ကြောင့် မှန်ဘီလူးများကို စမ်းသက်ပြင်ဆင်ခြင်း ဖြုတ်ခြင်း လက်ရာများထင်အောင် ကိုင်တွယ်ခြင်း
အ၀တ်ကြမ်းများဖြင့် ပွတ်တိုတ်ခြင်း ရေဖြင့် ဆေးကြောခြင်း စသည်များကို မပြုလုပ်သင့်ပါ။
မှန်ဘီလူးအပေါ်တွင် ဖုံမှုန့်များရှိနေလျှင် နူးညံ့သော စုတ်တံငယ်ဖြင့် သန့်ရှင်းစေပြီးမှ
ရှမွိုင်းလယ်သာခေါ် နူးညံ့သန့်ရှင်းသည့် သားရေ သို့မဟုတ် လျှော်ဖွတ်ထားသည့် သန့်ရှင်းဖြူစင်သော
ရှမွိုင်းလယ်သာခေါ် နူးညံ့သန့်ရှင်းသည့် သားရေ သို့မဟုတ် လျှော်ဖွတ်ထားသည့် သန့်ရှင်းဖြူစင်သော
နူးညံ့သည့် ဖလန်နယ်စတို့ဖြင့် ဖြည်းညင်းစွာ ပွတ်တိုက်ပေးရပါမည်။
နိုင်ငံခြားမှလာသည့် Lens tissue ခေါ် မှန်သုတ်စက္ကူပါးကလေးဖြင့် ပွတ်တိုတ်ပေးပါသည်။
အရေး အကြီး ဆုံး သတိပြုရမည့်အချက်မှာ မှန်ဘီလူးကို အထက်ဖေါ်ပြပါ အ၀တ်တို့ဖြင့်
မပွတ်တိုတ်မီ ရှေ့ဦးစွာ
အရေး အကြီး ဆုံး သတိပြုရမည့်အချက်မှာ မှန်ဘီလူးကို အထက်ဖေါ်ပြပါ အ၀တ်တို့ဖြင့်
မပွတ်တိုတ်မီ ရှေ့ဦးစွာ
မှန်ဘီလူးပေါ် ရှိ ဖုံမှုန့်များကို lens brush သို့မဟုတ် စုတ်တံဖြင့် သန့်ရှင်းပစ်ဖို့ မမေ့ရန်ပင် ဖြစ်ပါသည်။
အကယ်၍ မှန်ဘီလူးပေါ်တွင် အလွန်သေးငယ်သည့် ဖုံမှုန့်ကလေးများ ရှိနေဆဲတွင် အ၀တ်ဖြင့် ပွတ်တိုက်
သုတ်သင်မိပါက နူးညံ့လှသည့် မှန်ဘီလူးမျက်နှာပြင်ပေါ်တွင် သေးငယ်သည့် အစင်းကြောင်းကလေး များ
ဖြစ်ပေါ်စေနိုင်ပါသည်။
အကောင်းဆုံးနည်းမှာ မှန်ဘီလူးအား ဖုံမှုန့်များ မကပ်ငြိစေရန် U.V.Filter အမြဲတပ်ထားခြင်း(သို့မဟုတ်)
ဓာတ်ပုံမရိုက်သည့်အခါတွင် Lens Cap ခေါ် မှန်ဘီလူးဖုံး အမြဲတပ်ထားခြင်းပင် ဖြစ်ပါသည်။
ကျွန်နော်ရဲ့ ဆရာ ကိုစော်မောင်ရဲ့ နည်းပညာလေးကို အားပေးကြပါဦး ကျွန်နော်ကို ကွနိဗျုတာနဲ့ ပတ်သက်
တာတွေ နားမလည်တာတွေကို သင်ကြားပို့ ချပေးသော ဆရာတစ်ယောက်ပါ
ကဲ သူငယ်ချင်းများ အားလုံး အဆင်ပြေပါစေနော်.....
0 comments:
Post a Comment