အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ငါ မလွမ်းဘူး

ငါ မလွမ်းဘူး

Written By MyanmarChnnel@ on Thursday, December 5, 2013 | 9:08 PM




ဖြူစင်တဲ့ ငါ့အချစ်များကို မင်းလှည့်စားခဲ့
ပုံပြင်လို မင်းစကားသံများက
ငါ့နှလုံးသားကို ထပ်တစ်ကြိမ်
မင်းရဲ့ ဟန်ဆောင်မှုတောထဲ ကျစေခဲ့တယ်

ချိုမြိန်တဲ့ မင်းအပြုံးများကြောင့်
ဖြူစင်တဲ့ငါ့နှလုံးသား ယုံမှားမရှိ
ဖြစ်ခဲ့တဲ့ ငါ့အဖြစ်တွေက
မင်းရဲ့မာယာတွေကြား စတေးခဲ့ရတယ်

အကြင်နာစစ် အချစ်စစ်တွေ ပေးထားရက်နဲ့
အခြားသောရင်ခွင်သစ်ကို မင်းရွေးချယ်ခဲ့တယ်
နူးညံ့တဲ့ မင်းအနမ်းများက အဆိပ်သင့်နေတာကို
ခုမှမသိသင့်ဘူး

အတိတ်တစ်ချိန်က ငါပေးဆပ်ခဲ့သမျှ
ပြန်တွေးတိုင်း ငါ့ အမှားတစ်ခုလိုပဲ
ပြန်ယူပေမယ့်ရှုံးခဲ့တဲ့ အဖြစ်တွေက
မင်းနဲ့ မထိုက်တန်တော့ဘူး
မပြတ်သားတဲ့ မင်းစကားလုံးများက
ဒဏ်ရာအထပ်ထပ်နဲ့ နာကျင်မိတယ်။

မင်းပျော်သလိုနေပါတော့
မင်း ကြိုက်သလိုနေပါတော့
မင်းအတွက်နဲ့ ငါငိုနေမယ်လို့ မတွေးနေပါနဲ့
မင်းမရှိတဲ့ ငါ့ရင်ခွင်ကွက်လပ်လေးမှာ
မင်းကို လိုအပ်နေလဲ မင်းနဲ့ဝေးရာသာ ငါ ပြေးပါရစေတော့

အရှုံးများနဲ့ အဆုံးသတ်မသွားခင်မှာ
သစ္စာမရှိတဲ့ မင်းအတွက် ငါ မလွမ်းသင့်တော့လို့
မင်း အတွက်ပေးဆပ်ခဲ့သမျှ ငါ့အချစ်တွေကို
ငါ နှမျောမိတယ်။

တန်ဖိုမထားတတ်တဲ့ မင်းရဲ့အချစ်တွေအတွက်
အချစ်စစ်ဖြစ်တဲ့ င့ါအချစ်တွေကို
တိတ်တဆိတ်သာ ငါ ရုပ်သိမ်းပါရစေတော့
မင်းမရှိတဲ့ နေရာမှာ မင်းကို ငါ မလွမ်းဘူးဆိုတာတော့
နောက်ဆုံးအချစ်အဖြစ် ယုံလိုက်ပါ။

လွမ်းဆုလေး

(မှတ်ချက် ။ ။ မည်သူကိုမျှ မရည်ရွယ်ပါ။ ကဗျာအဖြစ်သာ ရေးသားခြင်းဖြစ်ပါသည်။)
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်