အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » --- ငရဲမီးနှင့် ငရဲသူ ---

--- ငရဲမီးနှင့် ငရဲသူ ---

Written By MyanmarChnnel@ on Thursday, December 12, 2013 | 7:48 PM

-`အရှင်ဘုရား ... တပည့်တော် မေးလျှောက်ပါရစေဦး၊ အရှင်ဘုရားတို့သည် ငရဲမီးကို ပကတိသောမီးထက် အတိုင်းထက် လွန်စွာပူပြင်းသည်ဟု ဆိုကြကုန်၏။ သေးငယ်လှစွာသော ကျောက်ခဲကို ပကတိသောမီးတွင် တစ်နေ့လုံး ဖုတ်သည့်တိုင်အောင် မကြေညက်စေကာမူ အိမ်လုံးကြီးပမာဏရှိသော ကျောက်ခဲကို ငရဲမီးတွင် ချအပ်သော်ကား တစ်ခဏချင်းပင်လျှင် ကြေညက်ပျက်စီးခြင်းသို့ ရောက်ရသည်ဟု ဆိုကြ၏ ထိုစကားကို တပည့်တော် မယုံကြည်နိုင်ပါ´
-`ထို့နောက် ... ငရဲသူတို့သည် နှစ်ပေါင်းများစွာ ငရဲမီး၌ ကျခံရသော်လည်း ကြေညက်ခြင်းသို့မရောက်ဟု ဆိုပြန်ပါသည်၊ ထိုစကားကိုလည်း တပည့်တော် မယုံကြည်နိုင်ပါ ဘုရား´

-`ကောင်းပြီ မင်းကြီး၊ ဤစကားအတွက် သင်မင်းမြတ်ကို ပြန်လည်မေးရဦးမည်၊ ရေတွင်ကျက်စားသော မိကျောင်းမနှင့် ငါးတို့သည်လည်းကောင်း၊ ကုန်းတွင်ကျက်စားသော ခရုမ၊ ဥဒေါင်းမ၊ ခိုမတို့သည်လည်းကောင်း ကျောက်ခဲ၊ ကျောက်စရစ်ခဲတို့ကို အစာအဖြစ် မျိုအပ်ကြသည် မဟုတ်ပါလော´
-`မှန်ပါ ... မျိုကြပါကုန်သည် ဘုရား´

-`ကောင်းပြီ မင်းမြတ်၊ ထိုထိုကျောက်ခဲတို့သည် ၄င်းတို့၏ ၀မ်းတွင်းတွင် ပျက်စီးကြကုန်ပါလျက် ၄င်းတို့၏၀မ်းတွင်းမှ ပဋိသန္ဓေကား အဘယ်ကြောင့် မကြေညက် မပျက်စီးပါသနည်း´
-`အရှင်ဘုရား ... ပဋိသန္ဓေ စွဲနေသည်တို့၏ ထူးစွားသော ကံတရားကြောင့်ဖြစ်ပါသည်´

-`ငရဲသူတို့သည်လည်း ထို့အတူသာဖြစ်ပေသည် မင်းမြတ်၊ ငရဲမီး၌ နှစ်ပေါင်းများစွာ လောင်မြိုက်ခံရသော်လည်း ထိုသူတို့၏ အကုသိုလ်ကံအားလျော်စွာ ကြေညက်ခြင်းတို့ မရောက်နိုင်ဖြစ်ပေတယ်။´
-`ငရဲသူတို့သည် မိမိတို့ အကုသိုလ်ကံအားလျော်စွာ ငရဲမီး၌ ထိုကဲ့သို့ မကြေနိုင် မပျောက်ပျက်နိုင်ဖြစ်ရခြင်းကို ငါသာလျှင် ဆိုအပ်သည်မဟုတ်၊ ဘုရားအရှင်ကလည်းး ...
---` ငရဲသူ သတ္တ၀ါတို့အား အကြင်ရွေ့လောက်မကောင်းမှုကံသည် ဆုံးကုန်ခြင်းသို့ရောက်သည် မဖြစ်၊ ထိုရွေ့လောက်သော ငရဲသူတို့သည် စုတေခြင်းကို မပြုဟူ၍´--- ဟောတော်မူခဲ့တယ် မင်းမြတ်´
-`မှန်ပါ ... ဥပမာဆိုတော်မူပါဦး ဘုရား´

-`မင်းမြတ် ... ခြင်္သေ့မ၊ ကျား၊ ကြက်မတို့သည်လည်း ကြမ်းတမ်းရုန့်ရင်သော အရိုးအသားတို့ကို စားကြကုန်သည် မဟုတ်လော´
-`မှန်ပါ ... စားကြပါသည် ဘုရား´
-`သို့ဆိုလျှင် ၄င်းတို့စားအပ်သော အရိုးအသားများ ကြေညက်သည်သို့ပင် ၄င်းတို့၏ ပဋိသန္ဓေများသည်လည်း ကြေညက်ပျက်စီးကြကုန်သလော´
-`အရှင်ဘုရား ... ကြေညက်ပျက်စီးခြင်း မရှိပါ´
-`အဘယ်ကြောင့်ပါနည်း ... မင်းမြတ်´
-`အရှင်ဘုရား ... တပည့်တော် ဆင်ခြင်မိပါပြီ၊ ကံတရားသည် အထူးသဖြင့် စီရင်အပ်သောကြောင့်သာ ၄င်းပဋိသန္ဓေများ အကြေညက် မပျက်စီးခြင်း ဖြစ်ပါမည်´

-`မှန်ပေသည် မင်းမြတ်၊ ယခုဆိုခဲ့သော ပဋိသန္ဓေတို့သည် ထူးစွာသော ကံတရားကြောင့် မပျက်စီးနိုင်ကြသည်သို့ပင် ငရဲသူတို့သည်လည်း ၄င်းတို့၏ ကံအားလျော်စွာ ငရဲမီး၌ နှစ်ပေါင်းများစွာ လောင်ကျွမ်းခံစားရသော်လည်း ချုပ်ပျောက်ပျက်စီးသွားခြင်းမရှိ ဖြစ်ပေတယ်၊ အကုသိုလ်မကုန်ဆုံးသေးသမျှ ငရဲမီးမှာ အဖန်တလဲလဲ ခံစားကြရပေတယ်´
-`မှန်ပါ ... ယခုထက် သာလွန်ထူးခြားသော ဥပမာကို ထပ်ဆင့်ကြားပါရစေဦး ဘုရား´

-`မင်းမြတ် ... ဤလောက၌ မျိုးရိုးမြင့်မြတ်သည်နှင့်အမျှ သိမ်မွေ့နူးညံ့စွာသော မိန်းမတို့ရှိကြ၏၊ မိန်းမတို့သည် သူတို့ကိုယ်တိုင်က နူးညံ့ပျော့ပျောင်းသော်လည်း ကြမ်းတမ်းသော အစာများကိုကား စားကြ၏ ၊ အရိုးမျိုးစုံကိုလည်း စား၏ ၊ အသားကြမ်းများကိုလည်း စား၏ ၊ ထိုမိန်းမတို့စားလေသမျှသည် ကြေညက်ကုန်သလော´
-`ကြေညက်ကုန်ပါသည် ဘုရား´
-`ထိုသူတို့ဝမ်းတွင်းမှ ပဋိသန္ဓေသည်လည်း အရိုးအသားများနည်းတူ ကြေညက်ပျက်စီးကုန်သလော´
-`မှန်ပါ၊ ပဋိသန္ဓေမှာ မပျက်စီးပါ ဘုရား´
-`အဘယ်ကြောင့်ပါနည်း မင်းမြတ်´
-`အရှင်ဘုရား ... တပည့်တော် သဘောပေါက်ပါပြီ၊ ကံတရားကြောင့်ပင် ထိုထိုပဋိသန္ဓေ မပျက်စီးရခြင်း ဖြစ်ပါသည်´

-`ဒကာတော်မင်းမြတ် ... ငရဲသူတို့သည်လည်း ထို့အတူပင် သိမှတ်အပ်ပေတယ်၊ ဘုရားရှင် ဟောတော်မူခဲ့သည့်အတိုင်းပင် ငရဲသူတို့သည် အကုသိုလ်ကံ မကုန်ဆုံးသေးသမျှ ငရဲမီးအလျှံ မည်မျှပင် ပူလောင်ပြင်းပြစေကာမူ ချုပ်ပျောက်စုတေနိုင်ခွင့်မရပဲ အဖန်တလဲလဲသလျှင် ငရဲမီး၌ ခံနေကြရပေတယ်´

===> ဦးကောင်းထွန်း၏ `မိလိန္ဒ အမေးအဖြေ´ မှ ===

By-Koe Tiger
(ငရဲပြည်အကြောင်းသိကောင်းစရာမှ ပြန်လည်ကူးယူမျှဝေပါသည်။) 


Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်