အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » သိမ်းထားပါရစေတော့

သိမ်းထားပါရစေတော့

Written By MyanmarChnnel@ on Friday, December 6, 2013 | 7:11 PM


ကွဲကွာခြင်းမဟုတ်တဲ့
ခွဲခွာခြင်းဒဏ်ကို တစ်ခု
အလူးအလဲကို ငါခံလိုက်ရတယ်

အစားထိုးစရာမရှိတဲ့
ဒီအချစ်တွေအတွက်
ဘာနဲ့ ဖြေသိမ့်ရမလဲ ငါ မသိဘူး

အချစ်ကိုရူးသွပ်တယ်ပဲ ပြောမလား
အလွမ်းကို ကြောက်မိတယ်ပဲ ပြောမလား
ငါ မင်းနဲ့ မခွဲနိုင်တာတော့ တကယ်ပါ ။

သတိရခြင်းဆိုတဲ့ လေပြည်ညှင်းက
လွမ်းဆွေးခြင်းရဲ့ ခံစားမှုကို တိုက်ထုတ်ပေးနေတော့
ရင်တွင်း တစ်နေရာက နွမ်းလျလျလေး ဖြစ်နေလေရဲ့

နေရာတိုင်းမှာ မင်းပုံရိပ်တွေ ထပ်နေလေတော့
မင်းနဲ့ ပတ်သက်သမျှ အတိတ်ကဖြစ်ရပ်တွေကို
ငါ တမ်းတသတိရမိလေတိုင်း
ကြွေကျလာတဲ့ ငါ့မျက်ဝန်းက မျက်ရည်တွေကို
မင်း မသိအောင် ငါ သိမ်းထားပါရစေတော့ ။

လွမ်းဆုလေး
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်