(က) -
အညဒတ္တုဟရ မည်သော ကိုယ်ကျိုးကြည့် မိတ်ဆွေတု (၄) ယောက်
(၁) အခါခပ်သိမ်း မိမိထံမှ ပစ္စည်းဥစ္စာကိုသာ ဆောင်ယူလေ့ရှိ၍ ပြန်လည်ပေးကမ်းမှု မရှိတတ်သော မိတ်ဆွေတု။
(၁) အခါခပ်သိမ်း မိမိထံမှ ပစ္စည်းဥစ္စာကိုသာ ဆောင်ယူလေ့ရှိ၍ ပြန်လည်ပေးကမ်းမှု မရှိတတ်သော မိတ်ဆွေတု။
(၂) မိမိထံသို့ တစုံတရာ အနည်းငယ်မျှကိုသာ ယူလာပြီး အများအပြားကို့ ပြန်ယူလေ့ ရှိတတ်သော မိတ်ဆွေတု။
(၃) ဘေးအန္တရာယ် တစုံတခုနှင့် ကြုံတွေ့လာသော အခါ၌ လာရောက်မှီခိုကာ အမှုကိစ္စ ကို ဆောင် ရွက် ပြီး လျှင် အမှုကိစ္စပြီးစီးသောအခါ ပြန်လှည့်၍ မကြည့်၊ သတိမရတတ်သော မိတ်ဆွေတု။
(၄) သူ၏အကျိုးစီးပွားအတွက် သက်သက်ကိုသာ လာရောက်မှီခိုတတ်သော မိတ်ဆွေတု။
(ခ) - ၀စီပရမ မည်သော အပြောသမား မိတ်ဆွေတု (၄) ယောက်
(၁) မိတ်ဆွေ မနေ့ကလာလျှင်ဖြင့် ရနိုင်ပေ၏။ ယနေ့မှ လာသည့်အတွက် မပေးရပါ ဟူ၍ ရှေးက ဖြစ်ထွန်းခဲ့ဘူးသည့် စည်းစိမ်ဥစ္စ
ရှိတတ်သော မိတ်ဆွေတု။
(၂) မိတ်ဆွေ လာတာ စောနေပါသည်၊ နက်ဖြန် သန်ဘက်လောက် ဆိုလျှင် ရနိုင်ပေ၏ ဟူ၍ နောင်အခါ ဖြစ်ထွန်းလာမည့် စည်းစိမ်ဥစ္စာ များကိုပေးမည်ဟု ပြောဆိုလေ့ရှိတတ်သော မိတ်ဆွေတု
(၃) မိတ်ဆွေအား ဤ၀တ္ထု၊ ဤပုဆိုးနှင့် သင့်လျော်သည့်
အတွက် ပေးချင်ပါသည်၊ သို့သော်လည်း ကျွန်ုပ်၌ ဤတစ်ခု၊ ဤတစ်ထည်သာ ရှိသည့်အတွက် မပေးရပါ
ဟု အချည်းနှီးသော စကားတို့ဖြင့် ချီးမြှောက် ပြောဆိုတတ်သော မိတ်ဆွေတု။
(၄) မိတ်ဆွေအား တစုံတခု ရထားဖြစ်စေ၊ လှည်းဖြစ်စေ အလိုရှိက ငှားချင်ပါ၏။ သို့သော်လည်း လှည်း၌ ၀င်ရိုးကျိုးနေသည် ဟူ၍လည်းကောင်း၊ ရထား၌ ဘီးပျက်နေသည် ဟူ၍ လည်းကောင်း ပေးလို့ ဖြစ်နိုင်သော အရာများကို တစ်စုံတရာ ပျက်စီးနေဟန် အကြောင်းပြ ၍ ပေးလို့မဖြစ် ဟု ပြောဆိုလေ့ရှိ တတ်သော မိတ်ဆွေတု။
(ဂ)-အနုပိယဘာဏီ မည်သော ချစ်ဖွယ်ဆိုတတ်သော မိတ်ဆွေတု (၄) ယောက်
(၁) မကောင်းမှုကို ပြုလုပ်ရန် တိုင်ပင်ပါကလည်း ကောင်း၏ ဟူ၍ ပြောဆိုတတ်သော မိတ်ဆွေတု။
(၂) ကောင်းမှုကို ပြုလုပ်ရန် တိုင်ပင်ပါကလည်း ကောင်း၏ ဟူ၍ ပြောဆိုတတ်သော မိတ်ဆွေတု။
(၃) ရှေ့တွင်သာ ချီးမွမ်းသော စကားကို ပြောဆိုတတ်သော မိတ်ဆွေတု။
(၄) မျက်ကွယ်ရာ၌ ကဲ့ရဲ့သော စကားကို ပြောဆိုတတ်သော မိတ်ဆွေတု။
(ဃ) - အပါယသဟာယ မည်သော အပါယ်ဖော် မိတ်ဆွေတု (၄) ယောက်
(၁) အရက်သေစာ သောက်စားမှု၌ တိုက်တွန်းတတ်သော၊ အဖော်လိုက်တတ်သော မိတ်ဆွေတု။
(၂) အလောင်းအစား ကစားမှု၌ တိုက်တွန်းတတ်သော၊ အဖော်လိုက်တတ်သော မိတ်ဆွေတု။
(၃) ပွဲလမ်းသဘင် ကြည့်ရှု့ရာ၌ တိုက်တွန်းတတ်သော၊ အဖော်လိုက်တတ်သော မိတ်ဆွေတု။
(၄) ညအချိန်မတော် လမ်းလျှောက်မှု၌ တိုက်တွန်းတတ်သော၊ ဖော်လိုက်တတ်သော မိတ်ဆွေတု။
----------------------
သူတော်ကောင်းတို့ (သို့မဟုတ်) သူတော်ကောင်းဖြစ်အောင်ကြိုးစားေ
စသည်ဖြင့် မိတ်ဆွေအတု (၁၆)မျိုးအား သိရှိနားလည်ပြီး ရှောင်ရှားဖယ်ခွာနိုင်စေရန်
ရည်ရွယ်၍.....
-by Koenig Leon
(ငရဲပြည်အကြောင်းသိကောင်းစရာ မှ ပြန်လည်ကူးယူမျှဝေပါသည်။)
0 comments:
Post a Comment