အချစ် ....
ဒီအချစ်က တစ်သက်မှာ
တစ်ခါပဲ ပွင့်တဲ့ ပန်းလို့ ဆိုလိုတာလား
အလွမ်း ...
အချစ်အတွက်လွမ်းတဲ့ ဒီအလွမ်းက
တစ်သက်လုံးအတွက် အကောင်းဆုံးဧည့်သည်လား
အမုန်း ...
အချစ်အတွက် မလိုအပ်ဆုံးက
တစ်သက်မှာ ဒီအရာက မလိုချင်ဆုံး မိတ်ဆွေလား
မျှော်လင့်ခြင်း ...
အချစ်အတွက် ရောင်ခြည်အဖြစ်
တစ်သက်တာအတွက် အလင်းရောင်ပေးမယ့် နေခြည်လား
ကြင်နာမှု ..
မရှိမဖြစ် လိုအပ်တဲ့ ဒီအရာက
တစ်ဘ၀စာ နွေးထွေးမှုတဲ့လား ..
ဒါဆိုရင်တော့
ကျွန်မ ပျိုးထားမိတဲ့ ဒီအချစ်ပန်းလေး
ပွင့်နေတာကို မညှိုးအောင်တော့
အစွမ်းကုန်ကာကွယ်မှာပါ
ပန်းအသွင်က ကြွေကျလို့
မြေခခဲ့ရင်တောင်
ပန်းခြောက်အဖြစ်နဲ့ ကျွန်မ သိမ်းဆည်းမှာပါ
ချစ်ခြင်းရဲ့ ပန်းခြောက်ကလေး အဖြစ်ပေါ့ ...
လွမ်းဆုလေး
ဒီအချစ်က တစ်သက်မှာ
တစ်ခါပဲ ပွင့်တဲ့ ပန်းလို့ ဆိုလိုတာလား
အလွမ်း ...
အချစ်အတွက်လွမ်းတဲ့ ဒီအလွမ်းက
တစ်သက်လုံးအတွက် အကောင်းဆုံးဧည့်သည်လား
အမုန်း ...
အချစ်အတွက် မလိုအပ်ဆုံးက
တစ်သက်မှာ ဒီအရာက မလိုချင်ဆုံး မိတ်ဆွေလား
မျှော်လင့်ခြင်း ...
အချစ်အတွက် ရောင်ခြည်အဖြစ်
တစ်သက်တာအတွက် အလင်းရောင်ပေးမယ့် နေခြည်လား
ကြင်နာမှု ..
မရှိမဖြစ် လိုအပ်တဲ့ ဒီအရာက
တစ်ဘ၀စာ နွေးထွေးမှုတဲ့လား ..
ဒါဆိုရင်တော့
ကျွန်မ ပျိုးထားမိတဲ့ ဒီအချစ်ပန်းလေး
ပွင့်နေတာကို မညှိုးအောင်တော့
အစွမ်းကုန်ကာကွယ်မှာပါ
ပန်းအသွင်က ကြွေကျလို့
မြေခခဲ့ရင်တောင်
ပန်းခြောက်အဖြစ်နဲ့ ကျွန်မ သိမ်းဆည်းမှာပါ
ချစ်ခြင်းရဲ့ ပန်းခြောက်ကလေး အဖြစ်ပေါ့ ...
လွမ်းဆုလေး
0 comments:
Post a Comment