အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » --- နေမိမင်းတွေ့ခဲ့ရသော ငရဲများ (၂) ---

--- နေမိမင်းတွေ့ခဲ့ရသော ငရဲများ (၂) ---

Written By MyanmarChnnel@ on Thursday, December 5, 2013 | 7:49 PM



>-- (၄) မီးကျီးငရဲ --<

- ဤငရဲ၌ ငရဲထိန်းတို့သည် ခြံထဲမ၀င်လိုသော နွားတို့ကို အတင်းရိုက်နှက်လျက် ခြံထဲသွင်းသကဲ့သို့ ငရဲသားတို့ကို မီးလျှံတောက်သော သံချောင်းတို့ဖြင့် အတင်းရိုက်နှက်ကာ မီးကျီးတွင်းသို့ ဆင်းခိုင်းလေသည်။ ငရဲသားတို့သည် မီးကျီးတွင်းထဲ၌ ခါးထိမြှုပ်နေကြရသည်။ ငရဲထိန်းတို့က သံခြင်းတောင်းတို့ဖြင့် မီးကျီးတို့ကို ယူလာပြီး အပေါ်က လောင်းချကြပြန်သည်။ ငရဲသားတို့သည် ပူလောင်လွန်းလှသဖြင့် မီးကျီးမီးခဲတို့ကို လက်ဖြင့်ခံပြီး အခြားသို့ ကြဲပစ်ကြရာ အချင်းချင်း၏ ခေါင်းပေါ်သို့ ကျလေသည်။

-ပြုခဲ့သည့် အကုသိုလ်-

- ဤငရဲ၌ လူဖြစ်စဉ်အခါက စုပေါင်းပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ကြမည်ဟု အသင်းအပင်းဖွဲ့၍ ငွေစုပြီးလျှင် ထိုငွေကို မည်သည့်ကိစ္စအတွက် မည်မျှလှူမည်ဟု စာရင်းလိမ်ပြလျက် မိမိကိုယ်ကျိုးအတွက် သုံးပစ်ကြသော လူယုတ်မာများ ခံစားကြရသည်။
- ခံရမည့်သက်တမ်းမှာ သတ်မှတ်ထားခြင်းမရှိ။ အကုသိုလ်ကံမကုန်သေးသ၍ ဥပပတ်ဇာတိအားဖြင့် ပြန်ဖြစ်ကြပြီး အဖန်တလဲလဲခံကြရ၏။

>-- (၅) ပထမကြေးနီအိုးငရဲ --<

- ဤငရဲ၌ တောင်ကြီးတမျှ ကြီးမားလှသော ကြေးနီအိုးကြီးထဲ၌ ကြေးနီရည်တို့သည် ပွက်ပွက်ဆူနေသည်။ ငရဲထိန်းတို့သည် ငရဲသားတို့ကို ခြေထောက်မှကိုင်ပြီးလျှင် ကြေးနီအိုးထဲသို့ စောက်ထိုးပစ်ချလေသည်။

-ပြုခဲ့သည့် အကုသိုလ်-

- ဤငရဲ၌ လူဖြစ်စဉ်အခါက အကျင့်သီလရှိသော ရဟန်း၊ အရိယာသူတော်ကောင်းတို့ကို ဆဲရေးပုတ်ခတ် ချုပ်ချယ်သော သူများကျရောက်ခံစားရသည်။
- ခံရမည့်သက်တမ်းမှာ သတ်မှတ်ထားခြင်းမရှိ။ အကုသိုလ်ကံမကုန်သေးသ၍ ဥပပတ်ဇာတိအားဖြင့် ပြန်ဖြစ်ကြပြီး အဖန်တလဲလဲခံကြရ၏။ သို့သော် ကြေးနီအိုးအောက်ခြေသို့ထိတိုင်အောင် နစ်မြှုပ်ကြရလေ၏။ ထိုသို့ ကြေးနီပြင်မှ အောက်ခြေသို့ရောက်ရန် အနှစ်သုံးသောင်း ကြာမြင့်လေ၏။ ထို့အတူ အောက်ခြေမှ ကြေးနီပြင်သို့ရောက်ရန် အနှစ်သုံးသောင်း ကြာမြင့်ပြန်လေသည်။ ပေါ်လာ၍ အသက်တစ်ခါရှူလို့ မ၀ခင်မှာပင် အောက်သို့ပြန်မြုပ်ရလေသည်။

>-- (၆ ) ဒုတိယကြေးနီအိုးငရဲ--<

- ဤငရဲ၌ ငရဲထိန်းတို့သည် ငရဲသားတို့ကို လည်ပင်းတွင် သံကြိုးရှည်ဖြင့် ရစ်၍ ပွက်ပွက်ဆူနေသော ကြေးနီအိုးကြီးထဲသို့ ပစ်ချပြီးလျှင် ရစ်ထားသော သံကြိုးစကို ဆွဲငင်လျက် လည်ကိုလိမ်ပြီး ဦးခေါင်းကို ဖြတ်ယူကြသည်။

-ပြုခဲ့သည့် အကုသိုလ်-

- ဤငရဲ၌ လူဖြစ်စဉ်အခါက ကြက်၊ ငှက်၊ စသော သတ္တ၀ါတို့ကို လည်လိမ်ပြီး စားသောက်ကြသူများ ကျရောက်ခံစားကြရသည်။(ကိုယ့်လျှာ လက်နှစ်လုံးစာလေးမျှကို အရသာခံ စားသောက်ခြင်းအမှုကို ပြုလျှင် ခံရသည်နှင့် စားရသည် မတန်သည်မဟုတ်ပါလော။ ထို့ကြောင့် တခဏတာ ၀မ်းပြည့်ဖို့အတွက် မပြုကြလေ)
- ခံရမည့်သက်တမ်းမှာ သတ်မှတ်ထားခြင်းမရှိ။ အကုသိုလ်ကံမကုန်သေးသ၍ ဥပပတ်ဇာတိအားဖြင့် ပြန်ဖြစ်ကြပြီး အဖန်တလဲလဲခံကြရ၏။

>-- (၇) ဖွဲပြာငရဲ --<

- ဤငရဲ၌ မီးလျှံတပြောင်ပြောင် တောက်နေသော သံမြေပြင်တွင် မြစ်ကြီးတစ်ခုရှိသည်။ ထိုမြစ်ထဲ၌ ပူလောင်သော ဖွဲကြမ်းပြာတို့သည် ရေကဲ့သို့ စီးဆင်းနေလေသည်။ ငရဲသားတို့သည် အလျှံတောက်နေသော သံမြေပြင်တွင် သွားနေရသောကြောင့် အလွန်ပူလောင်နေသဖြင့် မြစ်ထဲ၌ စီးဆင်းနေသော မီးလျှံတောက်နေသော ဖွဲပြာတို့ကို ရေထင်သဖြင့် ဆင်းကြ သောက်ကြ လေသည်။

-ပြုခဲ့သည့် အကုသိုလ်-

- ဤငရဲ၌ လူဖြစ်စဉ်အခါက စပါး၊ နှမ်း၊ ပဲ စသည်တို့ကို အဖျင်းအမှော်၊ သဲ၊ ကျောက်များ ရော၍ ရောင်းချခဲ့သူများ ခံစားကြရသည်။
- ခံရမည့်သက်တမ်းမှာ သတ်မှတ်ထားခြင်းမရှိ။ အကုသိုလ်ကံမကုန်သေးသ၍ ဥပပတ်ဇာတိအားဖြင့် ပြန်ဖြစ်ကြပြီး အဖန်တလဲလဲခံကြရ၏။

---> ဆက်လက်ဖော်ပြပါဦးမည်။ (Koenig Leon)
(ငရဲပြည်အကြောင်း သိကောင်းစရာ မှ ပြည်လည်ကူးယူမျှဝေပါသည်။)
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်