အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ကျွန်မအရမ်းတော့ မချစ်ခဲ့ပါဘူး

ကျွန်မအရမ်းတော့ မချစ်ခဲ့ပါဘူး

Written By MyanmarChnnel@ on Friday, January 17, 2014 | 9:10 PM



ကိန္နရီ ကိန္နရာမောင်နှံက
တစ်ညတာချောင်းခြား ဝေးခဲ့ရလို့
နှစ်ပေါင်း ၇၀၀ တိုင်တိုင် ငိုကြွေးကြသတဲ့။

ဟင်္သာတွေက တစ်ကောင်သေဆုံးခဲ့ရင်
နောက်တစ်ကောင်ပါ ရင်ကွဲပြီးသေသတဲ့။

စွယ်တော်ရွက်တွေက နှစ်လွှာပေါင်းမှ
တစ်ရွက်လို့ ခေါ်ကြတာတဲ့။

ကျွန်မ သူ့ကိုချစ်တဲ့အချစ်တွေက ...

ရိုမီရို နဲ့ ဂျုးလိယက်
ရှင်မွှေးနွန်းနဲ့ မင်းနန္ဒာ
ကနောင်မင်းသားနဲ့ လှိုင်ထိပ်ခေါင်တင်မင်းသမီးလေးထက်
မသာခဲ့တောင် ညီတူညီမျှတော့ ရှိမှာပါ ...

ကျွန်မအရမ်းတော့ မချစ်ခဲ့ပါဘူး
ကိန္နရာမောင်နှံလိုနှစ်ပေါင်း ၇၀၀ ဆွေးဖို့မဖြစ်နိုင်ပေမယ့်
ဘ၀အဆက်ဆက်တော့ လွမ်းနေအုံးမယ် ..

ရာဇ၀င် သမိုင်းမှာ
လှိုင်မင်းသမီးလေးလို သမိုင်းမတွင်နိုင်ပေမယ့်
သူ့ ရင်ခွင် နှလုံးသားမှာတော့ မှတ်တိုင်ထူထားချင်တယ် ...

ခွန်ဆန်လောနဲ့ နန်ဦးပြင်လို
အားလုံးဝိုင်းခွဲလို့ သေပွဲဝင်ခဲ့ရတောင်
ကြယ်တာရာအဖြစ် အတူ ရှိချင်သေးတယ်
အလယ်က ထမ်းပိုးတစ်ခု မခြားပဲနဲ့ပေါ့။

လွမ်းဆုလေး
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်