အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ငါ့နားက ထွက်မသွားပါနဲ့

ငါ့နားက ထွက်မသွားပါနဲ့

Written By MyanmarChnnel@ on Wednesday, January 8, 2014 | 7:53 AM


ငါ့အချစ်တွေကို မင်းကြိုက်သလိုသုံးပါ
ငါ မငိုပါဘူး..
ငါမင်းကို ချစ်တာတစ်ခုထဲပါ
ငါမျက်လုံးမှိတ်ထားလဲ ငါ မြင်နေခဲ့တယ်
ငါ့နားတွေ ပိတ်ထားလဲ ငါ ကြားနေရတယ်
ကျေးဇူးပြုပြီး ငါ့နားက ထွက်မသွားပါနဲ့

ဘယ်သူမှ ငါ့ဘ၀ရဲ့ အသက်မဖြစ်နိုင်ခဲ့ဘူး
အစားထိုးဖို့လဲ မဖြစ်နိုင်ပါဘူး
မင်း တစ်ယောက်သာ ငါ့ရဲ့ ဘ၀ပါ
နေ့တိုင်း အချိန်တိုင်း ငါ သီချင်းတစ်ပုဒ်လို ဆိုညည်းခဲ့မိတယ်
ငါ့အလွမ်းတွေကိုပေါ့

နင်ဘာကြောင့် ငါ့ကို စွန့်ပစ်ချင်ရတာလဲ
ငါ ခုထိ တွေးမရခဲ့ဘူး
အချိန်တိုင်း ငါ မင်းကိုစောင့်နေခဲ့တယ်
မင်း မသိခဲ့ပါဘူး ငါ့ရဲ့ နာကျင်မှုတွေကို
ငါ သီချင်းတစ်ပုဒ်လို ဆိုညည်းရင်း သိမ်းထားခဲ့တယ်

ငါ ဘယ်ဟာကို ရွေးချယ်ရမလဲ
မင်းနဲ့ ငါ့ဘ၀ကြား
အရာရာတိုင်းက ငါ့အတွက်တော့ အရေးပါတယ်
နေ့တိုင်းညတိုင်း ငါ့အချစ်တွေနဲ့ ကြိုးစားမိတယ်
ငါ နားလည်ဖို့ မကြိုးစားနိုင်ခဲ့တာ
မင်း ဘာလို့ ငါငိုအောင် လုပ်ချင်ရတာလဲ

ငါ အရာရာပေးဆပ်ခဲ့တာတောင် မလုံလောက်သေးလို့လား
ငါ ဘာမှနားလည်ဖို့မဖြစ်နိုင်ခဲ့ဘူး
ငါခံစားရမှ မင်းပျော်မယ်ဆို
လှည့်မကြည့်ပဲ ထွက်သွားလိုက်ပါ
ငါ မင်းအတွက် ထပ်တစ်ကြိမ် မငိုမိအောင် ကြိုးစားထားပါ့မယ်

အချစ်များစွာတွေ ပေးထားတာတောင်
ငါ့တို့အတွက် မလုံလောက်သေးဘူးလား
ငါတို့နှစ်ယောက် အဆုံးသတ်ဖို့ မင်းကြိုးစားနေတာလား
ငါက ကလေကချေဆန်လို့လား ဒါမှမဟုတ်
ငါက မင်းအတွက် အသုံးမ၀င်ခဲ့လို့လား
မင်းပြောပါ

ငါ့ဘ၀က မင်းဆိုတာ သိနေလို့လား
မင်းအပြုံးတွေကို ငါရှာခဲ့ပါတယ်
မင်း အချစ်တွေ ငါ လိုချင်ပါတယ်

ငါ့နားမှာနေပေးပါ
ကျေးဇူးပြုပြီးတော့ ငါ့နားက ထွက်မသွားပါနဲ့

လွမ်းဆုလေး
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်